မြိုတ်မြို့က LGBT အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Myeik LGBT Institute မှ ဆံပင်မိတ်ကပ် အလှပြင်ဆိုင် (၃၀)ကျော်နဲ့ Quarantine စင်တာတွေကို နှာခေါင်းစည်းနဲ့ ရေသန့်ဗူးတွေ လှူဒါန်းခဲ့ကြပါတယ်။
မြိုတ်မြို့က LGBT အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Myeik LGBT Institute မှ ဆံပင်မိတ်ကပ် အလှပြင်ဆိုင် (၃၀)ကျော်နဲ့ Quarantine စင်တာတွေကို နှာခေါင်းစည်းနဲ့ ရေသန့်ဗူးတွေ လှူဒါန်းခဲ့ကြပါတယ်။
Myeik LGBT Institute အနေနဲ့ စက်တင်ဘာလ(၂၀)ရက်နဲ့ (၂၂)ရက်တွေမှာ မြိုတ်မြို့က LGBT တွေရဲ့ ဆံပင်မိတ်ကပ် ဆိုင် တစ်ဆိုင်လျှင် နှာခေါင်းစည်း တစ်ထုပ်ကျစီ ဝေငှခဲ့ကြပြီး Quarantine စင်တာတွေဖြစ်ကြတဲ့ မြိတ်တက္ကသိုလ်နဲ့ ကလွင်အရှေ့ပိုင်းကျောင်းတို့မှ လိုအပ်နေတဲ့ ရေသန့်ဗူးတွေကိုလည်း သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ Myeik LGBT Institute တည်ထောင်သူ ဆွေဆွေထံက သိရပါတယ်။
Myeik LGBT Institute အနေနဲ့ ဇွန်လပိုင်း COVID-19 ကာလတုန်းကလည်း ဆင်းရဲနွမ်းပါးတဲ့ LGBT (၃၀)ကျော်နဲ့ Non-LGBT တွေကို ဆန်၊ ဆီ၊ ဆား၊ ငရုပ်စတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ Myeik LGBT Institute တည်ထောင်သူ နဒီလှိုင်းထံက သိရပါတယ်။
Myeik LGBT Institute အဖွဲ့ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၇၀ ကျော်ပါဝင်ထားတယ် လို့ သိရပါတယ်။