လိင်တူနှစ်ခြိုက်မှုဆိုင်ရာပညာရပ်အဘိဓာန် အပိုင်း (၂)

လိင်တူ၊ လိင်ကွဲဆက်ဆံရေး အသက်ခွင့်ပြုချက်ဆိုင်ရာ ဥပဒေများ (Age of consent laws)

ဆိုဒိုမီ (စအိုလိင်ဆက်ဆံမှု-sodomy) တားဆီးရေးဥပဒေတွေမရှိတဲ့ တိုင်းပြည်အတော်များများမှာ လိင်တူ၊ လိင်ကွဲဆက်ဆံရေးတွေအတွက် ခွင့်ပြုပေးထားတဲ့ အသက်အရွယ် သတ်မှတ်ချက်ဟာ တန်းတူညီမျှမှု မရှိဘူး။ ဥပမာ ပြင်သစ်မှာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်း လိင်တူဆက်ဆံရေးအတွက် ခွင့်ပြုပေးထားတဲ့ အသက်အရွယ်ဟာ လိင်ကွဲဆက်ဆံရေးထက် ငါးနှစ်ပိုကြီးနေတာမျိုး ရှိတယ်။ ဆိုလိုတာက အသက် (၂၀) ကို လိင်ကွဲဆက်ဆံရေးအတွက် ခွင့်ပြုခံရတဲ့ အသက်ကန့်သတ်ချက် ဖြစ်တယ်ဆိုရင် (၂၅) နှစ်ပြည့်မှ လိင်တူဆက်ဆံခွင့်နောက် လိုက်နိုင်တဲ့ သဘောပဲ။ တစ်ချို့နိုင်ငံတွေမှာဆိုရင် ဆိုဒိုမီ တားဆီးမှု ဥပဒေတွေကို ရုတ်သိမ်းပေးထားတဲ့ တန်းတူညီမျှမှု မရှိတဲ့ အသက်ခွင့်ပြုချက်ဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်းပေးတာမျိုး ရှိတယ်။ ၁၉၆၇ ခုနှစ်မှာ ဂရိတ်ဗြိတိန်၊ ၁၉၆၉ ခုနှစ်မှာ အနောက်ဂျာမနီတို့ပဲ။ ဒါကြောင့် အဲဒီလို အသတ်ကန့်သတ်ချက် ဥပဒေတွေ တန်းတူညီမျှ မဖြစ်ခြင်းဟာ ခွဲခြားဆက်ဆံမှု ပုံစံတစ်မျိုးပဲဆိုပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့အထိ ဂေးနဲ့ လက်စဘီယံ အခွင့်အရေးအုပ်စုတွေက တောင်းဆိုလာခဲ့ကြတာ။ ဒီလိုတန်းတူညီမျှမရှိတဲ့ ဥပဒေတွေဟာ လိင်တူဆက်ဆံမှုတွေအပေါ်မှာ အသေ တံဆိပ်ကပ်ပစ်လိုက်ကြတာပဲ။ တစ်နည်းအားဖြင့် လိင်တူဆက်ဆံမှုရဲ့ အကျိုးဆက်တွေဟာ ထင်တာထက် ပိုပြီးပြင်းထန်တယ်။ လိင်တူဆက်ဆံရေးဟာ ပိုကြီးမားတဲ့ ရင့်ကျက်မှုအဆင့်တစ်ရပ် ဖြစ်တယ်ဆိုပြီး တံဆိပ်ကပ်ကြတာပဲ။ ဒီဥပဒေတွေဟာ ဆယ်ကျော်သက်တွေကို လိင်တူနှစ်သက်မှု အငုံ့စိတ် ပွင့်ထွက်လာမှု (coming out) အတွက် အပြစ်ရှိတယ်လို့ ခြိမ်းခြောက်နေတာ။ ဒါကြောင့်ပဲ အဲဒီဥပဒေတွေဟာ လူငယ်လူရွယ်တွေအတွက် ခက်ခဲစွာ ရှင်သန်ရမယ့် ကာလတစ်ရပ်ကို ပြဋ္ဌာန်းပေးထားပြီး ဖြစ်သလို၊ အဲဒီကာလကို ပိုဆိုးရွားသွားအောင် ဖန်တီးပေးလိုက်တာပဲ ဖြစ်တယ်။

ဒီနေ့ကာလမှာတော့ ဖွံ့ဖြိုးပြီးကမ္ဘာက နိုင်ငံအများစုဟာ လိင်တူ။လိင်ကွဲ အသက်ခွင့်ပြုချက် ဥပဒေတွေကို တန်းတူညီမျှဖြစ်အောင် ပြဋ္ဌာန်းပေးလာပါပြီ။ ၁၉၈၂ မှာ ပြင်သစ်၊ ၁၉၉၄ မှာ ဂျာမနီနဲ့ ၂၀ဝဝ မှာ ဂရိတ် ဗြိတိန်နိုင်ငံတို့ပါပဲ။ ဒါပေမဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံအတော်များများမှာတော့ လိင်တူဆက်ဆံမှုကို ရာဇဝတ်မှုလိုမျိုး ပိတ်ပင်တားခဲ့တုန်းပါပဲ။ အဲဒီနိုင်ငံတွေမှာကျတော့ လိင်တူ။လိင်ကွဲဆက်ဆံရေး အသက်ခွင့်ပြုချက် ဥပဒေ တန်းတူညီမျှဖြစ်ရေးဆိုတဲ့ ပြဿနာက အငြင်းပွားစရာကိစ္စတစ်ခု ဖြစ်နေဆဲပါ။ အာရှမှာဆိုရင် အင်ဒိုနီးရှားနိုင်ငံရဲ့ အသက်ခွင့်ပြုချက်က တန်းတူညီမျှ မဖြစ်ဘူး။ ဟောင်ကောင်ကတော့ ယောကျ်ား-ယောကျ်ားချင်း ဆက်ဆံရေးအတွက် ခွင့်ပြုချက်အသက်က လက်စဘီယံထက် ပိုကြီးနေတာမျိုး ရှိတယ်။

A group advocating AIDS research marches down Fifth Avenue during the 14th annual Lesbian and Gay Pride parade in New York, June 27, 1983. (AP Photo/Mario Suriani)

အပွင့်ပါဝါအတွက် ရည်စူးဖွဲ့စည်းသည့် အေအိုင်ဒီအက်စ်ညွန့်ပေါင်း AIDS Coalition to Unleash Power (ACT UP)

၁၉၈၇ ခုနှစ်၊ နယူးယော့ခ်စီးတီးမှာ စတင်ထူထောင်ခဲ့တဲ့ အေအိုင်ဒီအက်စ်ညွန့်ပေါင်းဟာ အမေရိကန်အတွင်း ဂေးအခွင့်အရေး လှုပ်ရှားမှုတွေအပေါ်မှာ သိသိသာသာ လွှမ်းမိုးမှုရှိခဲ့တဲ့ အဖွဲ့အစည်းကြီး ဖြစ်တယ်။ ဒီညွန့်ပေါင်းဟာ အိတ်စ်အိုင်ဗွီ။ အေအိုင်ဒီအက်စ်ရောဂါအတွက် အသိပေး လှုံ့ဆော်ရေးအုပ်စုလို့ ပြောနေကြပေမယ့် ဒီညွန့်ပေါင်းအဖွဲ့ရဲ့ အားမာန်ပါမှု၊ ပြဇာတ်ဆန်မှု၊ မီဒီယာစစ်တမ်းကောက်ခြင်း၊ အရပ်သား အာဏာဖီဆန်မှု နည်းဗျူဟာတွေကို အသုံးချခြင်းတွေဟာ ဂေးအခွင့်အရေး လှုပ်ရှားမှုတစ်ရပ်လုံးအတွက် ဟစ်တိုင်သစ်တစ်ခု ချက်ခြင်း ဖြစ်လာခဲ့တာ။ ဒီအဖွဲ့ကြီး ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းဟာ စတုမ်း ဝေါလ်ခေတ်အလွန် (post-stonewall era) အဓိကဖြစ်ရပ်တွေထဲက တစ်ခုပဲ။

၁၉၈၇ အစောပိုင်းမှာ ပြဇာတ်ရေးဆရာ၊ ဂေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ လာရီကရာ မာ (larry krama) ဆိုသူဟာ နယူးယော့ခ်က လက်စဘီယံနဲ့ ဂေးအသိုင်းအဝိုင်းဋ္ဌာနမှာ စကားပြောခဲ့တယ်။ ရာနဲ့ချီတဲ့ လူအုပ်ကြီးကို ကရာမာ အင်ပြည့်အားပြည့်နဲ့ ချပြပြောဆိုသွားခဲ့တဲ့အကြောင်းက အေအိုင်ဒီအက်စ် အကျပ်အတည်းပဲ။ နောက် အစားအသောက်နဲ့ မူးယစ်ဆေး စီမံအုပ်ချုပ်မှုအဖွဲ့ကို ရှုတ်ချပြစ်တင်တယ်။ အစဉ်အလာ ဖက်တွယ်တဲ့ ပင်မရေစီးအုပ်စုတွေရဲ့ နိုင်ငံရေး လွှမ်းမိုးမှုကို ဆက်စပ်ပြီးဖြစ်နေတဲ့ ဂေးလှုပ်ရှားမှုရဲ့ အားနည်းချက်နဲ့ နှိုင်းယှဉ်ပြီး ပြောတယ်။ သူ ဟောပြောချက်အပြီး ရက်ပိုင်းအတွင်းမှာပဲ တက်ကြွလှုပ်ရှားသူတွေဟာ ဂေးအခွင့်အရေး အုပ်စုအဖြစ်ထက် အေအိုင်ဒီအက်စ်ရောဂါသည်တွေအတွက် အသိပေး လှုံ့ဆော်ရေးအဖွဲ့အဖြစ်နဲ့ ညွန့်ပေါင်းကို ဖွဲ့စည်းလိုက်တယ်။ ညွန့်ပေါင်းအဖွဲ့ဝင်တွေဟာ အဲဒီတုန်းက စမ်းသပ်နေဆဲဖြစ်တဲ့ အေအိုင်ဒီအက်စ် တားမြစ်ဆေးတွေကို လူထုထဲ ဖြန့်ချိပေးရေးအတွက် အစားအသောက်နဲ့ မူးယစ်ဆေး စီမံအုပ်ချုပ်မှုအဖွဲ့ကို ဖိအားပေးဖို့ကို အဓိကထားကြတယ်။ ဒီလိုနဲ့ ချက်ခြင်းပဲ ညွန့်ပေါင်းအဖွဲ့ဟာ ဝေါလ်စထရိလမ်းပေါ်ထွက် ဆန္ဒပြကြ၊ စားသောက်။ဆေးဝါးစီမံအဖွဲနဲ့ ရော်နဲလ်ရေဂင် အစိုးရကို ဝေဖန်ကန့်ကွက်ကြတော့တာပဲ။ ဝေါလ်စထရိမှာတင် မကဘူး၊ တက်ကြွလှုပ်ရှားသူတွေဟာ လော့စ်အိန်ဂျလိစ်တို့လို အခြားအမေရိကန်မြို့ကြီးတွေမှာလည်း သူတို့ရဲ့ လှုပ်ရှားမှု အခန်းကဏ္ဍတွေကို ဖွင့်လှစ်ခဲ့သေးတာ။ အမေရိကန်မှာဖြစ်တာနဲ့ သိပ်မကြာဘူး။ ဂရိတ်ဗြိတိန်နဲ့ ပြင်သစ်အပါအဝင် အခြားနိုင်ငံတွေမှာလည်း တက်ကြွလှုပ်ရှားသူတွေရဲ့ အခန်းကဏ္ဍတွေကို ဖွင့်လာခဲ့တယ်။

ACT UP အဖွဲ့ဝင်တွေရဲ့ သီးခြားအမှတ်လက္ခဏာတွေကလည်း ကွဲပြားခြားနားမှုတွေနဲ့ပဲ။ အဖွဲ့ဝင်အတော်များများဟာ အသက် (၂၀) လောက်ကတည်းက အိတ်စ်အိုင်ဗွီပိုး မိထားသူတွေ ပါတယ်။ လက်ဝဲသစ်တုန်းက ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ယတိပြတ် တော်လှန်ရေးသမားဟောင်းကြီးတွေ၊ ဣတ္ထိယဝါဒလှုပ်ရှားမှုနဲ့ အသားအရောင် ခွဲခြားဆက်ဆံမှု တိုက်ဖျက်လှုပ်ရှားမှု အတွေ့အကြုံတွေရှိခဲ့တဲ့ လက်စဘီယံတွေလည်း ပါဝင်တယ်။

ACT UP ဟာ ဂေးအခွင့်အရေးနဲ့ အေအိုင်ဒီအက်စ် အသိပညာပေး အုပ်စုတွေဆီကို ကျယ်ပြန့်တဲ့မီ ဒီယာအခန်းကဏ္ဍကနေ လှုံ့ဆော်မှုပေးတဲ့ နည်းလမ်းကို ဆောင်ကြဉ်းပေးလာခဲ့တယ်။ တစ်နည်းအားဖြင့် မီဒီယာရဲ့ လူမှုရေးလုပ်ငန်းဆောင်တာပိုင်းကို ထိထိမိမိ အသုံးချပြီး ဂေးအခွင့်အရေးနဲ့ အေအိုင်ဒီအက်စ် အသိပညာပေး အစီအစဉ်တွေကို အားဖြည့်ပေးခဲ့တာပဲ။ အရင်တုန်းက သာမန်အတင်းအဖျင်းသတင်းကဏ္ဍကိုသာ အဓိကထားရေးခဲ့တဲ့ မီချဲလ်လန်ဂျီလိုနဲ့ ကျေးရွာလူထုအသံ သတင်းစာရဲ့ ဆောင်းပါးရှင် မီချဲလ်မက်စ်စတဲ့ ပုဂ္ဂိုလ်တွေရဲ့ လွှမ်းမိုးမှုနဲ့အတူ ACT UP ဟာ နိုင်ငံလုံးအဆင့်ထိသွားတဲ့ ဆန္ဒပြပွဲတွေကို စီမံဆောင်ရွက်တယ်။ ဒီဂေးအခွင့်အရေး ဆန္ဒပြလှုပ်ရှားမှုတွေကို မီဒီယာကနေတစ်ဆင့် အကျယ်အပြန့် ထုတ်လွှင့်နိုင်ဖို့အတွက် အဓိကထားစီစဉ်တယ်။ ACT UP အဖွဲ့ဝင်တွေရဲ့ သီးခြားအမှတ်လက္ခဏာတွေကလည်း ကွဲပြားခြားနားမှုတွေနဲ့ပဲ။ အဖွဲ့ဝင်အတော်များများဟာ အသက် (၂၀) လောက်ကတည်းက အိတ်စ်အိုင်ဗွီပိုး မိထားသူတွေ ပါတယ်။ လက်ဝဲသစ်တုန်းက ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ယတိပြတ် တော်လှန်ရေးသမားဟောင်းကြီးတွေ၊ ဣတ္ထိယဝါဒလှုပ်ရှားမှုနဲ့ အသားအရောင် ခွဲခြားဆက်ဆံမှု တိုက်ဖျက်လှုပ်ရှားမှု အတွေ့အကြုံတွေရှိခဲ့တဲ့ လက်စဘီယံတွေလည်း ပါဝင်တယ်။ ဒါပေမဲ့အချိန်ကြာလာတာနဲ့ အမျှ ACT UP မှာ အတွင်းပိုင်း အက်ကွဲမှုတွေ ဖြစ်ပေါ် လာတော့တာပဲ။ တစ်နည်းအားဖြင့် လှုပ်ရှားမှုတွေ လုပ်တဲ့အခါ ယတိပြတ်ဆန်လွန်းမလား၊ တော်သင့်ယုံလောက်ပဲ လုပ်မလားဆိုတဲ့ သဘောထားအပေါ်မူတည် ပြီး အချင်းချင်း ကွဲကုန်ကြတာ။ ACT UP ကို လိုလားတဲ့ ဂေးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အဖွဲ့ဝင်တစ်ချို့ကတော့ အဖွဲ့ရဲ့ လှုပ်ရှားမှုတစ်ချို့ဟာ အကျိုးထိ ရောက်မှု အားနည်းတယ်လို့ ဝေဖန်ကြတယ်။ ဥပမာ-အဖွဲ့ဝင်တွေဟာ နောက်ပိုင်း ကိုယ်တိုင် (၁၆) ယောက် မြောက်ပုပ်ရဟန်းမင်းဘီနစ်ဒစ်ရယ်လို့ ဖြစ်လာတဲ့ ရေဖျန်းခရစ်ယာန် ဘုန်းတော်ကြီး ဂျိုးဆပ်ရက်ဇင်ဂါအပါအဝင် ကက်သလစ်ခေါင်းဆောင်တွေကို လူထုရဲ့အခမ်းအနားပွဲ ကျင်းပမှုတွေကို ဖျက်လိုဖျက်စီးလုပ်တယ်။ ဘာသာရေး အခမ်းအနားမှာစားတဲ့ မုန့်ကြွပ်ဝိုင်းတွေကို ခြေထောက်နဲ့နင်းခြေပစ်တယ်ဆိုပြီး လူသိရှင်ကြား ရှုတ်ချဝေဖန်ခဲ့ကြတာ။

ACT UP ဟာ အဖွဲ့ဝင်ဦးရေနဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေ ကျဆင်းသွားပေမယ့် အဖွဲ့ကတော့ ပျက်ယွင်းမသွားဘူး။ ၂၀ဝ၇ ခုနှစ် နှစ် (၂၀) ပြည့် အထိမ်းအမှတ်အဖြစ် ACT UP ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတစ်ခုကို ဝေါလ်စထရိမှာ ပြုလုပ်သွားခဲ့တယ်။ ရည်ရွယ်ချက်ပစ်မှတ်ကို အပြောင်းအလဲလုပ်လိုက်ခြင်းဟာ အဖွဲ့ဝင်ဦးရေ မြင့်တက်အောင် ဖိတ်ခေါ်လိုက်တဲ့ မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းလို့ ဆိုနိုင်ပါတယ်။

ပြင်ဆင်ချက် ၂ Amendment 2

၁၉၉၂ ခုနှစ်တုန်းက ကော်လိုရာဒိုပြည်နယ်က မဲဆန္ဒရှင်တွေဟာ ပြည်နယ်ရဲ့ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး ဥပဒေတွေကို ထိုးနှက်တဲ့ ပေါ်လစီတစ်ရပ်ကို လက်ဦးမှုယူပြီး မဲပေးအတည်ပြုကြတယ်။ တစ်ဆက်တည်းမှာပဲ ဗဟိုတရားရုံးချုပ်ကနေ ရိုးမားနဲ့အီဗန်စ် အမှုရယ်လို့ဖြစ်လာမယ့် ပြင်ဆင်ချက် (၂)လို့ သိထားတဲ့ ဒီပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြင်ဆင်ချက်ကို လက်မခံဘူး။ ဒါပေမဲ့ ၂၀ဝ၈ ဖလော်ရီဒါက မဲဆန္ဒရှင်အများစုဟာ သူတို့ ပြည်နယ်အတွင်း လိင်တူလက်ထပ် ထိမ်းမြားမှုကို တားဆီးတဲ့ အဆိုပြုမဲကို အတည်ပြုပေးလိုက်တယ်။ ဒါကိုလည်း ပြင်ဆင်ချက်အမှတ် (၂) လို့ ခေါ်ကြတယ်။

ရိုးမားနဲ့ အီဗန်စ် (Romar V Evans-1996) ဆိုတာ ဗဟိုတရားရုံးချုပ်ကနေ ဂေးအခွင့်အရေးနဲ့ပတ်သက်ပြီး ဘိုးဝါးနဲ့ ဟာ့ဒ်ဝစ်ခ် (Bowers V Hardwick -1986) အမှုနောက်ပိုင်း ပထမဆုံးအကြိမ် ကိုင်တွယ်ဖြေရှင်းရတဲ့ အထင်ကရဖြစ်ရပ်တစ်ခုပါပဲ။ လိင်တူဆက်ဆံမှုကို ဆန့်ကျင်တဲ့ ကော်လိုရာဒိုပြည်နယ် အုပ်ချုပ်ရေးမှူး ရွိုင်ရိုးမားနဲ့ ဒန်ဗာမြို့တော်ဝန် ဝဲလ်လင်တန်ဝက်ဘ်အတွက် အလုပ်လုပ်ပေးသူ ဂေးတစ်ယောက်ဖြစ်တဲ့ ရစ်ချက် ဂျီ အီဗန်စ်တို့ကို အဓိကအခြေခံတဲ့ကိစ္စပါပဲ။ လိင်တူဆက်ဆံမှုကို လက်မခံတဲ့ ကော်လိုရာဒိုပြည်နယ်ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ချက် ( ပြင်ဆင်ချက် ၂) ကို ပြည်နယ်တရားရုံးချုပ်နဲ့ ဗဟိုတရားရုံးချုပ်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆို ပြီး ဆုံဖြတ်ခဲ့ကြတယ်။ ဘိုးဝါးနဲ့ ဟာ့ဒ်ဝစ်ခ်ကိစ္စတုန်းကတော့ ဗဟိုတရားရုံးချုပ်က ဆိုဒိုမီကို ပြစ်မှုအဖြစ် ယူဆတဲ့ဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံနဲ့အညီ ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ကော်လိုရာဒိုကိစ္စမှာတော့ ဗဟိုတရားရုံးချုပ်ရဲ့အမြင် ပြောင်းလဲခဲ့ပြီလို့ ဆိုရမယ်။

တစ်နည်းအားဖြင့် ပြင်ဆင်ချက် (၂) ဆိုတာ ကော်လိုရာဒိုပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လိင်တူဆက်ဆံမှု၊ လိင်တူလက်ထပ် ထိမ်းမြားမှုကို တားဆီးတဲ့ဥပဒေဆိုင်ရာ ပြင်ဆင်ချက်ပဲ။ လိင်တူပြစ်မှုဖြစ်တဲ့အခါမှာ ဒီပြင်ဆင်ချက် ၂ ကို ကိုင်ကိုင်ပြီးတော့ တရားသူကြီးတွေက ပြစ်ဒဏ်ချမှတ်ခဲ့ကြတာပဲ ဖြစ်တယ်။

ကယ်လီဖိုးနီးယားက စိတ်ပညာရှင် အိဗ်လိုင်းဟူကာ (evelyne hooker) ဆိုသူ က လိင်တူနှစ်ခြိုက်မှုဆိုတာ အကြောင်းတရားတစ်ခု မဟုတ်သလို၊ ရောဂါဗေဒ ထုတ်ဖော်ချက်တစ်ခုလည်း မဟုတ်ဘူးဆိုပြီး ပညာရှင်အပေါ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စာတမ်းတစ်ခုကို ထုတ်ဝေလိုက်တယ်။

အမေရိကန်စိတ်ရောဂါကုသရေးအသင်း American Psychiatric Association (APA)

၁၉၅၂ ခုနှစ်လောက်မှာ APA ဟာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေနဲ့ ရောဂါဗေဒအကြောင်းကို ရှင်းလင်းနားလည်ရလွယ်စေမယ့် စာအုပ်တစ်အုပ်ကို ပထမအကြိမ် ပုံနှိပ်ထုတ်ဝေလိုက်တယ်။ စာအုပ်နာမည်ကတော့ The Diagnostic and Statistical Manual, Mental Disorders (DSM-I) ဆိုတာပဲ။ ဒီစာအုပ်မှာ လိင်တူနှစ်ခြိုက်မှုသဘာဝအကြောင်းကို လူမှုစံလွဲ ကိုယ်ရည်ကိုယ်သွေး (sociopathic personality) အောက်ကနေ ပြုစုတင်ပြထားတယ်။ ဒီတင်ပြချက်က အဲဒီခေတ်တုန်းက လွှမ်းမိုးနေတဲ့ စိတ်သရုပ်ခွဲပညာ ရပ်အတွင်းက လိင်တူနှစ်ခြိုက်မှု သဘာဝအပေါ်ကို ချဉ်းကပ်တဲ့နည်းလမ်းကို ထင်ဟပ်နေတာ။ တစ်နည်းအားဖြင့် လိင်တူနှစ်ခြိုက်မှုသဘာဝဖြစ်ရတဲ့ အကြောင်းရင်းဟာ အိမ်ထောင်စုအတွင်း မိခင်ရဲ့ စိုးမိုးခြယ်လှယ်လွန်းမှု၊ မိခင်စိတ်အစွဲ၊ ဖခင်နဲ့ကင်းကွာစိတ်၊ တခြား သော မိဘအခန်းကဏ္ဍ အားနည်းချက်မိုဒယ်တွေ (အမေနဲ့ အဖေ တရားဝင်ကွဲနေတာ၊ သီးခြားစီနေတာ) ကြောင့်ပဲလို့ အခိုင်အမာထုတ်ပြောပြတာမျိုးပဲ။ သဘောက ငယ်ဘဝမှာ စံပုံစံသတ်မှတ်ထားတဲ့ လူမှုဝန်းကျင် အဆက်အစပ်ကနေ ပျိုးထောင်ပေးလိုက်တဲ့ ပုဂ္ဂလိကကိုယ်ရည်ကိုယ်သွေးမျိုး ကင်းမဲ့တဲ့ စိတ်ခံစားချက် အရှုပ်အထွေးတွေကနေ လိင်တူနှစ်ခြိုက်မှုသဘာဝ ထွက်ပေါ်လာတယ်လို့ ပြောချင်တာပဲ ဖြစ်တယ်။ ဒီလိုချဉ်းကပ်မှုဟာ လိင်တူနှစ်ခြိုက်မှုသဘာဝကို ရောဂါဗေဒတစ်ခုလို သဘောထားပြီး ထုတ်ဖော်ပြရာ ရောက်နေတယ်။

ဒါပေမဲ့ ၁၉၅၆ ခုနှစ်မှာ ကယ်လီဖိုးနီးယားက စိတ်ပညာရှင် အိဗ်လိုင်းဟူကာ (evelyne hooker) ဆိုသူ က လိင်တူနှစ်ခြိုက်မှုဆိုတာ အကြောင်းတရားတစ်ခု မဟုတ်သလို၊ ရောဂါဗေဒ ထုတ်ဖော်ချက်တစ်ခုလည်း မဟုတ်ဘူးဆိုပြီး ပညာရှင်အပေါ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စာတမ်းတစ်ခုကို ထုတ်ဝေလိုက်တယ်။ သူမရဲ့လက် ရာဟာ အခြားသုတေသနပညာရှင်တွေကို ဒီအကြောင်းအရာအပေါ် စိစစ်ခွဲခြမ်းလေ့လာဖို့ တွန်းအားပေးနိုင်ခဲ့တာ။ DSM ရဲ့ ဒုတိယအကြိမ် ပြင်ဆင်ထုတ်ဝေမှုကတော့ ၁၉၆၈ ခုနှစ်မှာ ထွက်လာတယ်။ ဒုတိယအကြိမ်တည်းဖြတ်ထုတ်ဝေမှုမှာတော့ လိင်တူနှစ်ခြိုက်မှု သဘာဝအပေါ်  ချဉ်းကပ်တင်ပြမှုအမြင် ပြောင်းလဲသွားတယ်။ တစ်နည်းအားဖြင့် လိင်တူနှစ်ခြိုက်မှု သဘာဝ ကို နာကျင်မှုကနေ လိင်သာယာမှုယူတဲ့ (masochism) လို လိင်ပိုင်းဆိုင်ရာ အပြုအမူပုံစံပေါင်းများစွာလိုမျိုး ပြင်းထန်တဲ့ စိတ်ဝေဒနာအခြေခံ စိတ်ပိုင်း ကစဉ့်ကလျားဖြစ်မှုမျိုးမဟုတ်တဲ့ စိတ်အခြေအနေတစ်ရပ်အဖြစ် အသွင်ပြောင်းလဲ တင်ပြခဲ့တာပဲ။

၁၉၇၃ ခုနှစ်မှာ APA ဟာ ဒီပြဿနာကို ပြန်လည် ကိုင်တွယ်တယ်၊ ဒီတစ်ကြိမ်မှာတော့ လိင်တူနှစ်ခြိုက်မှုသဘာဝကို စိတ်ရောဂါဖြစ်နေမှု (mental disorder) တစ်ရပ်လို ချဉ်းကပ်တင်ပြချက်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတယ်။ တချိန်တည်းမှာပဲ ကိုယ့်ရဲ့ လိင်ပိုင်း စိတ်ညွှတ်မှု (sexual orientation) ကို ပြောင်းလဲချင်ကြတဲ့၊ ဒါမှမဟုတ် ကိုယ့်လိင်ပိုင်းစိတ်ညွှတ်ချက် တစ်မျိုးမျိုးကြောင့် ရှက်ကြောက်နေသလိုခံစားနေရတဲ့ လူတွေအတွက် လိင်ပိုင်း အမျိုးအစားသစ်တစ်ရပ်ကို ဖန်တီးပေးလိုက်တယ်။တစ်ဖက်မှာ ဂေးဆန့်ကျင့်ရေး စိတ်ကုပညာ ရှင်တွေကလည်း လိင်တူနှစ်ခြိုက်မှုသဘာဝကို ရောဂါဗေဒလို မမြင်ဘဲ လိင်ပိုင်း အပြုအမူတစ်ရပ်အဖြစ် ပြုစုတင်ပြချက်ကို လက်မခံဘဲ တိုက်ခိုက်ကြတယ်။ ပြီးတော့ APA အဖွဲ့ဝင် ရွေးချယ်မှုကို လူထုဆန္ဒခံယူမှု တစ်ခုကနေ ပြုလုပ်နိုင်အောင် စီစဉ်ကြတယ်။ ဒါပေမဲ့ ၁၉၇၄ ခုနှစ်မှာတော့ လူထုဆန္ဒခံယူမှုမှာ မဲပေးသူ လူများစုဟာ လိင်တူ နှစ်ခြိုက်မှုသဘာဝကို စိတ်ရောဂါတစ်ရပ်လို တင်ပြချက်ကို ဆန့်ကျင်တိုက်ခိုက်မယ့် APA ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံအတည် ပြုမဲပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁၉၈၆ ခုနှစ်မှာ တတိယအကြိမ်တည်းဖြတ် ထုတ်ဝေလိုက်တဲ့ DSM-III စာအုပ်မှာတော့ လိင်တူနှစ်ခြိုက်မှုကို ရောဂါတစ်ခုလိုမျိုး ရည်ညွှန်းတင်ပြချက်မှန်သမျှ အားလုံးကို ဖယ်ရှားပစ်လိုက်တော့တယ်။

နောင်ချိုသစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.