ကိုယ့်ကိုယ်ကို ဂေးဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ သြစတြေးလျရဲ့ ဘောလုံးသမား Andy Brenna

သြစတြေးလျနိုင်ငံရဲ့ ဘောလုံးအသင်း ပထမတန်းကစားသမားဖြစ်တဲ့ Andy Brennan ဟာဆိုရင် ကိုယ့်ကိုယ်ကို ဂေးဖြစ် ကြောင်း ဝန်ခံလိုက်တဲ့ သြစတြေးလျနိုင်ငံရဲ့ ပထမဦးဆုံးသော ဘောလုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ မေလက Brenna ဟာ သူ့ရဲ့ လိင်စိတ်ကိုင်းညွတ်မှုအကြောင်းကို ပထမဦးဆုံး လူထု ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

“ကိုယ့်ကိုယ်ကို လက်ခံရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ဆိုးဆိုးဝါးဝါး ပြောလာခဲ့ မယ်ဆို ရင်လည်း ကျွန်တော် ဂရုမစိုက်နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ကို ကျွန်တော် လက်ခံလိုက်တာပဲ”လို့ BBC Newsletter ကို မေလတုန်းက ပြောခဲ့ပါတယ်။

သူအနေနဲ့ သူ့အပေါ် မကောင်းတဲ့အမြင်တွေ ရှိရင်လည်း အလေးမထားတော့ဘဲ အခုလို ရဲရဲဝံ့ဝံ့ ဖွင့်ပြောလိုက်တာဖြစ်ပြီး အစက သူ့ကို ဆိုးဆိုးဝါးဝါးတုန့်ပြန်မယ်လို့ ထင်ခဲ့ပေမယ့်လည်း သူ့ကို ထောက်ခံပေးတဲ့သူတွေလည်း အများကြီးရှိနေ တယ်လို့ ဆိုပါတယ်။

Brennan ဟာဆိုရင် ကစားသမားကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ လိင်စိတ်ကိုင်းညွတ်မှုအကြောင်းကို ဖုံးကွယ်ထားရတာဟာ ဖိအားတစ်ခုလို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

“အချိန်အကြာကြီး ကိုယ့်ကိုယ်ကို လက်မခံခဲ့ပါဘူး။ ကိုယ့်ခံစားချက်ကို ပြောပြရမှာလည်း အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ကျွန် တော်စိတ်ကူးမိတာက ကိုယ့်ကိုယ်ကို အစစ်အမှန် လက်မခံတာက မိမိကိုယ်ကို အပြစ်ပေးတဲ့သဘောပါဘဲ”လို့ သူက ဆက် ပြောပါတယ်။

ကမ္ဘာပေါ်မှာ ဂေးအဖြစ် ဝန်ခံခဲ့တဲ့ ဘောလုံးကစားသမားတွေကတော့ အနည်းအကျင်းသာ ရှိခဲ့ပါတယ်။ အဲထဲမှာ ဗြိတိသျှ ဘောလုံးကစားသမား Justion Fashanu ကတော့ English Premier League မှာ ပထမဦးဆုံး ဂေးဖြစ်ကြောင်း ဖွင့်ပြော လာတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

                                                                                                                                  Credit# PinkNews

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.