မန္တလေးမြို့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို ဒုတိယအကြိမ်မြောက် Basic Human Rights and SOGIE Training ပို့ချပေးမည်

မန္တလေးမြို့ရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအတွက် ဒုတိယအကြိမ်မြောက် Basic Human Rights and SOGIE Training ကို  Colors Rainbow အဖွဲ့အစည်းမှ (၃)ရက်တာ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ ပို့ချပေးသွားမှာဖြစ်ကာ မန္တလေးမြို့ရှိ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ မည်သူမဆို ဖုန်းနံပါတ် ၀၉ ၇၉၁၅၂၅၆၃၁ သို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါတယ်။

“မန္တလေးက ဘယ်တက္ကသိုလ်အမျိူးအစားက ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်ဖြစ် လျှောက်လို့ ရပါတယ်။ ပထမအကြိမ် ၂၀၁၈ခုနှစ် သင်တန်းမှာ ဒီလိုသင်တန်းမျိုးတွေ များများထပ်လိုချင်တယ်လို့ ကျောင်းသား၊ ကျောင်းသူတွေက တောင်းဆိုထားကြတယ်။ ဒါကြောင့် ဒုတိယအကြိမ် ဆက်လုပ်ဖြစ်တာပါ။ ဒါက ဒုတိယအကြိမ်ဆိုတော့ မတက်ရသေးတဲ့သူတွေက စာရင်းပေးသွင်းနိုင်ပါတယ်။ လူဦးရေက (၂၅)ယောက်ပဲ ကန့်သတ်ထားတော့ ပထမဦးဆုံး စာရင်းပေးသူတွေကိုသာ ဦးစားပေးသွားမှာပါ။ ”လို့ Colors Rainbow အဖွဲ့အစည်းမှ ကိုအောင်ကျော်သူက ပြောပါတယ်။

အဆိုပါ သင်တန်း၏ရည်ရွယ်ချက်မှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို LGBT ဆိုတဲ့ အဓိပ္ပါယ်၊ LGBT တွေရဲ့ ဖြစ်တည်မှု၊ ရပ်တည်မှုတွေကို လူ့အခွင့်အရေးရှုထောင့်နဲ့ ဆက်စပ်တွေးခေါ်တတ်စေဖို့ ဖြစ်ပါတယ်။

“ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ SOGIE Training မှာ လိင်မှုဆိုင်ရာ ဗဟုသုတတွေ ပါမယ်။ လိင်မှုဆိုင်ရာတွေနဲ့ ကိုယ့်ရဲ့ခံယူချက်တွေနဲ့ ဘယ်လိုဆက်စပ်နေတယ်။ ဒါတွေကို သိခွင့်ရတဲ့အတွက် ကျန်းမာရေးရှုထောင့်နဲ့ ကြည့်မယ်ဆိုရင် ပိုပြီးလုံခြုံတဲ့ ဗဟုသုတအသိ ပညာတွေ ရမယ်။ နောက်ကိုယ့်ရဲ့ ဖြစ်တည်မှုတွေ ၊ကိုယ့်ရဲ့ခံယူချက်တွေကို သိရတော့ ကိုယ်တိုင်ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောနိုင်တာ၊ အပြင်မှာရှိတဲ့ အခြားသော LGBT တွေရဲ့ ဖြစ်တည်မှုတွေကို နားလည်လာပြီး ခွဲခြားဆက်ဆံမှုတွေ လျော့ကျသွားနိုင်မယ့် အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်” မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ၊ ပြည်ထောင်စုအဆင့် လူငယ်ကိုယ်စားလှယ် စူးရှရှင်းသန့်က ပြောပါတယ်။

Basic Human Rights and SOGIE Training တွင် SOGIE Concept ၊ Basic Human Right ၊ LGBT Right ၊ Stereotype & Discriminationနဲ့ Legal Awareness စတဲ့ ခေါင်းစဉ်တွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.