သမဝါယမတက္ကသိုလ်က SOGIE အပေါ်အခြေခံတဲ့ LGBT/Human Rights ပညာပေးဆွေးနွေးပွဲကို ပါမောက္ခချုပ်ကိုယ်တိုင် တက်ရောက်

သန်လျင်မြို့နယ် သမဝါယမတက္ကသိုလ်မှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ SOGIE အပေါ်အခြေခံတဲ့ LGBT/Human Rights ပညာပေးဆွေးနွေးပွဲတစ်ခုကို ကျောင်းသား၊ ကျောင်းသူတွေသာမက ပါမောက္ခကိုယ်တိုင် စိတ်ဝင်တစားတက် ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ဇန်နဝါရီလ(၁၄)ရက်နေ့မှာ Colors Rainbowနဲ့ Myanmar Youth Movement Organizationတို့က ဦးဆောင်ပြုလုပ်ခဲ့ပြီး ပါမောက္ခချုပ်၊ ဌာနမှူးအပါအဝင် ဆရာ၊ ဆရာမ(၄၀)ကျော်နဲ့ ကျောင်းသား၊ ကျောင်းသူ (၃၀၀)နီးပါး တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

“ဒီဆွေးနွေးပွဲကို LGBT တွေသာမက Non-LGBTတွေအနေနဲ့ SOGIE အပေါ်အခြေခံပြီး ခွဲခြားမှုမရှိဘဲ လုံခြုံငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးတည်ဆောက်နိုင်စေဖို့ ပြုလုပ်ခဲ့တာပါ”လို့ ဦးဆောင်ဆွေးနွေးခဲ့တဲ့ Colors Rainbow မှ Community Outreach Coordinator ရှင်းသန့်က ပြောပါတယ်။

ဆွေးနွေးပွဲမှာ LGBT ရဲ့ အသုံးအနှုန်းတွေ၊ SOGIE ဗဟုသုတတွေ ၊ HIV/AIDS သယ်ဆောင်သူတွေလို့ လူတွေက LGBT အပေါ်မြင်နေတဲ့ အမြင်မှားတွေ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၇နဲ့ ရဲအက် ဥပဒေတွေ၊ ပတ်ဝန်းကျင်လက်ခံလာစေဖို့၊ အခက်အခဲတွေကို LGBT ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘယ်လိုကျော်ဖြတ်ရမလဲ၊ လုံခြုံငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ကျောင်းအတွင်းဘယ်လိုတည်ဆောက်ရမလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

Colors Rainbow ကလည်း ပညာပေးစာအုပ်စာတမ်းတွေနဲ့ SOGIE ကာတွန်းသရုပ်ဖော်စာအုပ်တွေကို ဆွေးနွေးပွဲတက်ရောက်လာသူတွေသာမက ကျောင်းစာကြည့်တိုက်ကိုလည်း အခမဲ့ပေးဝေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.