အဆီကိုလောင်ကျွမ်းပေးမည့် အစားအစာ ၇ မျိုး (7 Foods That Burn Fat)

Diet နဲ့ပတ်သက်လို့ မတင်တာ တော်တော်ကြာသွားပြီမို့ သွယ်ချင်လှချင်သူ စာဖတ်သူ ပျိုမေများအတွက် အဆီကိုလောင်ကျွမ်းပေးတဲ့ အစားအစာတွေကို ဒီတစ်ပတ်မှာ ရွေးပြီး တင်ဆက်လိုက်ပါတယ်ရှင်။

အချက်အလက်တွေကို Carolyn Kylstra ရေးသားတဲ့ 7 Foods That Burn Fat ဆောင်းပါးလေးမှ ကောက်နှုတ် တင်ပြပေးထားပါတယ်။

ကြက်ရင်ပုံသား

ကြက်ရင်ပုံသားမှာ ကြွက်သားတွေကို အဓိကတည်ဆောက်ပေးတဲ့ ပရိုတင်း ဓာတ်အများကြီးပါဝင်တယ်။ ကြွက်သားပိုရှိတဲ့သူဟာ မရှိတဲ့သူတွေထက် ပိုပြီး အဆီကို လောင်ကျွမ်းနိုင်ပါတယ်။ ပရိုတင်းကို အစာချေတဲ့ အချိန်ဟာ ကစီဓာတ်ကို ချေချိန်ထက် ပိုကြာမြင့်တာကြောင့် ကယ်လိုရီ ပမာဏအတူတူ စားစေဦးတော့၊ အချိန်ကြာကြာ အစာ ပြည့်တင်းတဲ့ ခံစားချက်ကို ထိန်းထားပေးနိုင်ပါတယ်။

Greek Yogurt / အဝတ်ပါးဖြင့် စစ်ထားသော ဒိန်ချဉ်

Calcium ဓာတ်နဲ့ Amino အက်ဆစ် တွဲပါတဲ့ နို့ထွက်ပစ္စည်းတွေဟာ အဆီတွေကို လောင်ကျွမ်းပေးနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေထဲကမှ အဆီဖယ်ထားတဲ့ greek yogurt/ strained yogurt ဟာ ပရိုတင်းဓာတ်ပိုပြီးပါဝင်တာကြောင့် fat burn လုပ်မယ်ဆို စားသင့်တဲ့ အစာ တစ်ခုပါ။

Capsacin ဆိုတာ ငရုတ်သီးမှာပါတဲ့ ဓာတ်တစ်မျိုးပါ။ အဆီတွေကို လောင်ကျွမ်းတဲ့နေရာမှာ မြှောက်ထိုးပင့်ကော် လုပ်ပေးတဲ့သူပေါ့။ ပိန်ချင်တဲ့သူများ တစ်နေ့စာစားတဲ့ ဟင်းထဲမှာ အစပ်နည်းနည်း ထည့်စားပေးနိုင်ပါတယ်

Green Tea

လတ်လတ်ဆတ်ဆတ် နှပ်ထားတဲ့ green tea ကို တစ်နေ့ ၂ ခွက် မှ ၄ ခွက် သောက်ရင် သာမန်နေ့ထက် ၅၀ ကယ်လိုရီ ပိုပြီး လောင်ကျွမ်း ပေးပါလိမ့်မယ်။ ပါဝင်တဲ့ Catechins က ဇီဝဖြစ်စဉ်အရှိန်ကို မြှင့်တင်ပေးပြီး၊ ခါးတစ်ဝိုက်အဆီမစုအောင် ကာကွယ်ပေးပါတယ်။

ကြက်ဥ

မနက်စာ ကြက်ဥမွှေကြော် နှစ်လုံး စားပါ။ ပထမတစ်ချက်က အရှေ့ကသိခဲ့တဲ့ အတိုင်း ကြက်ဥမှာ metabolism ကိုမြှင့်ပေးတဲ့ ပရိုတင်းတွေ အများကြီးပါဝင်တာပါ။ နောက်တစ်ချက်က မနက်စာ ကြက်ဥမွှေကြော်စားရင် တစ်နေ့လုံးစားတဲ့ calorie ပမာဏဟာ လျော့နည်းသွားတယ်လို့ စစ်တမ်းများက ဆိုပါတယ်။

ရေခဲရေ

ဗိုက်ဆာရင် ရေသောက်ဗိုက်မှောက်နေ ဆိုတာ ကြားဖူးကြမှာပါနော။ ရေခဲရေ သောက်လိုက်တဲ့အခါ ရေခဲရေကြောင့် ကျဆင်းသွားတဲ့ ကိုယ်တွင်းအပူချိန်ကို ပြန်တင်ဖို့ အစာအိမ်ထဲမှာရှိတဲ့ ရေကိုနွေးသွားအောင် ခန္ဓာကိုယ်က သိမ်းထားတဲ့ engery တွေကို ဖျက်ပြီး အပူစွမ်းအင် ပြန်ထုတ်ပေးရပါတယ်။

ငရုတ်သီး

Capsacin ဆိုတာ ငရုတ်သီးမှာပါတဲ့ ဓာတ်တစ်မျိုးပါ။ အဆီတွေကို လောင်ကျွမ်းတဲ့နေရာမှာ မြှောက်ထိုးပင့်ကော် လုပ်ပေးတဲ့သူပေါ့။ ပိန်ချင်တဲ့သူများ တစ်နေ့စာစားတဲ့ ဟင်းထဲမှာ အစပ်နည်းနည်း ထည့်စားပေးနိုင်ပါတယ်။

P.s. ဒါနဲ့ ရခိုင်သူတွေ အဆီမရှိကြဘူးနော်။ အစပ် အရမ်းစားလို့နေမယ်။

Pistachios

ဒီ pistachio အစေ့အဆန်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ပရိုတင်းနဲ့ အမျှင်ဓာတ် အချိုးကျစွာပါဝင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို မြန်ပေးတဲ့အပြင် ဗိုက်မဆာအောင်လည်း ထိန်းပေးပါတယ်။ သရေစာ တစ်ခုခုစားချင်ပြီဆို ဒါလေးသာကောက်ဝါးလိုက်ပါ။

ဒီဆောင်းပါးလေးက Diet လုပ်ချင်သူ စာဖတ်သူတို့အတွက် အသုံးဝင်မယ်လို့ထင်ပါတယ်ရှင်။ ထွေထွေထူးထူး ရှာဝယ်စရာ မလိုတာမို့ ဆန္ဒရှိတယ်ဆိုရင် မနက်ဖြန်ကို ကြက်ဥကြော်နဲ့ စလိုက်ကြရအောင်။

အလှတွေပိုနိုင်ကြပါစေရှင်။

မြတ်ကြည်

မှတ်ချက်။          ။ သနပ်ခါးမေ ဘလော့ဂ် (http://thanakharmay.blogspot.com/2012/03/7-foods-that-burn-fat.html) မှ ကူးယူဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.