အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် ထာဝရဖဲကြိုးဖြူရုပ်ရှင်ပွဲတော်နှင့် အသိပညာပေးလှုပ်ရှားမှုများကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဘားအံတို့တွင် ကျင်းပမည်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ထာဝရဖဲကြိုးဖြူရုပ်ရှင်ပွဲတော်နှင့် အသိ ပညာပေးလှုပ်ရှားမှုများကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဘားအံတို့တွင် နိုဝင်ဘာလ(၂၅)ရက်မှ ဒီဇင်ဘာလ(၁၀)ရက်တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံတွင် နိုဝင်ဘာလ(၂၅)ရက်၌ ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်နှင့် ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဒီဇင် ဘာလ(၂)ရက်နေ့တွင်လည်း “အမျိုးသမီးများ ဥပဒေအကာအကွယ် ရရှိဖို့ အမျိုးသားများလည်း ပါဝင်ကြပါစို့” ခေါင်းစဉ်ဖြင့် အမျိုးသားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းအဖွဲ့မှ ကြီးမှူး၍ ညနေ(၄)နာရီမှ ည(၈)နာရီအထိ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။


“အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေက ထုံးတမ်းစဉ်လာ တစ်ခုလို ဖြစ်နေတယ်။ ဒါတွေကို ကာကွယ်တားဆီးနိုင်ဖို့ ဥပဒေတစ်ရပ် လိုအပ်နေတာကို ပြသလိုတဲ့အတွက် ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်ကို ကျင်းပရတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ပွဲတော်က အနုပညာဖန်တီးမှုတွေက ကျား၊ မရေးရာ တန်းတူညီမျှမှုတွေ ရှိလာစေဖို့ ရည်ရွယ်ပါတယ်”လို့ (၁၆)ရက်တာ လှုပ်ရှားမှုလုပ်ငန်းအဖွဲ့ကော်မတီဝင် မနော်ဇာရီးနာပန်းဖိုးက ပြောပါတယ်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို နည်းမျိုးစုံနှင့် နေရာဒေသမျိုးစုံတွင် တွေ့မြင်နေရပြီး ရုပ်ရှင်မှတ်တမ်း အနုပ ညာပံ့ပိုးမှုများဖြင့် အားပြုကာ ပြည်သူလူထုကြားတွင် ကျား၊မရေးရာ တန်းတူညီမျှရေးကို ပိုမိုသတိပြုမိလာစေရန် ကျား၊မ အခြေပြုအကြမ်းဖက်မှုများ ပပျောက်စေလို၍ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေဖြင့် ကာကွယ်ပေး” ဆိုသည့် ဆောင်ပုဒ်ဖြင့် ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်နှင့် ဖျော်ဖြေပွဲကို ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါတယ်။

ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်နှင့် ဖျော်ဖြေပွဲတွင် အသိပညာပေးပြခန်းများ၊ ပြဇာတ်တိုများ ပါဝင်ပြီး ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်တွင် ရွေးချယ်ခံရသော မှတ်တမ်းရုပ်ရှင်များနှင့် ဇာတ်လမ်းတို ရုပ်ရှင်များကို အများပြည်သူအား ပြသခဲ့ပါတယ်။

“ပွဲလုပ်နေတာတွေ့လို့ လာကြည့်ရင်း ညီမတို့အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာကို ကယ်တင်ဖို့ ဥပဒေတွေ အတော်လိုနေတာ သိလာရတယ်။ အရပ်ထဲမှာတော့ ကိုယ့်ယောင်္ကျားက စိတ်မကြည်လို့၊ အခန့်မသင့်လို့ ရိုက်တာ ဆန်းသလား။ လင်ရယ် မယားရယ် ဖြစ်လာရင် ယောင်္ကျားရိုက်တာတေ့ာ ရှိမှာပဲဆိုတာ လူကြီးတွေဆီကနေ ငယ်ငယ်ကတည်းက ကြားနေခဲ့တာ။ အခု ဒီလိုလုပ်တာ အကြမ်းဖက်ခံတာ ပါလားလို့ သိလာတယ်။ ဘယ်လိုတိုင်ရမလဲဆိုတာလည်း အမျိုးသမီးအဖွဲ့တွေရဲ့ဖုန်းတွေ ဒီပွဲကနေ ရခဲ့တယ်။ အိမ်နီးချင်းတွေဆီ ဖြန့်ဝေပေးမှာပါ”လို့ ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်ကိုလာရောက်ကြည့်ရှုသူ သန်လျင်မြို့နယ်မှ မတင်မာခိုင်က ပြောပါတယ်။

ဖဲကြိုးဖြူလှုပ်ရှားမှု (သို့မဟုတ်) (၁၆)ရက်တာ လှုပ်ရှားမှုကာလအတွင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းမဖက်ရေးအတွက် ပုံစံအမျိုးမျိုးဖြင့် ပညာပေးလှုံ့ဆော်ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရန်အတွက် ပူးပေါင်းပါဝင်ပါ့မယ်ဟု အမှတ်သင်္ကေတဖြစ်သည့် ဖဲကြိုးဖြူတပ်ဆင်ခြင်းဖြင့် လှုပ်ရှားမှုတွင် ပါဝင်ကြပြီး ရုပ်ရှင်ပွဲတော်ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလ (၁၁) ရက်၌ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် (၁၆)ရက်တာ လှုပ်ရှားမှုကို ၂၀၁၂ ခုနှစ်တွင် စတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင်  မန္တလေးမြို့၌ သံချပ်ပြိုင် ပွဲနှင့် ၂၀၁၈ခုနှစ်တွင် ရန်ကုန်၌ ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်နှင့် ဖျော်ဖြေပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်များမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဖြစ်ပွားလာပြီး ၂၀၁၆ ခုနှစ်တွင် အမျိုးသမီးအကြမ်း ဖက်ခံရမှု (၇၀၀)ကျော်၊ ၂၀၁၇ ခုနှစ်တွင် (၈၀၀)ကျော်၊ ၂၀၁၈ခုနှစ်စမှ နှစ်ကုန်ပိုင်းအထိ (၁၀၀၀)ကျော် ဖြစ်ပွားခဲ့ကြောင်းကို နိုဝင်ဘာလ (၂၇)ရက်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်ဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၁၀) လွှတ်တော်ကိုယ် စားလှယ် နော်လှလှစိုးက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.