၂၀၁၈ ခုနှစ်ရဲ့ ဒုတိယအကြိမ်မြောက် LGBT Rights Network အစည်းအဝေးကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့

မြန်မာတစ်နိင်ငံလုံးရှိ LGBT အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့များရဲ့ LGBT Rights Network အစည်းအဝေးကို ရန်ကုန်မြို့ Orchid Hotel မှာ မေလ (၅) ရက်မှ (၆) ရက်ထိ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များရှိ ဒေသအသီးသီးမှာ ဖွဲ့စည်းထားတဲ့ LGBT အဖွဲ့များက ၎င်းတို့ ဆောင်ရွက်နေသော ဖွံဖြိုးရေးလုပ်ငန်း အခြေအနေများ၊ အခက်အခဲများ၊ ရှေ့ဆက်ရမည့် အစီအစဉ်များကို စုပေါင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

“အခုတစ်ခေါက်က တစ်နိုင်ငံလုံးက LGBT အဖွဲ့တွေ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးတာပေါ့။ ဒေသတစ်ခုချင်းစီမှာ ဖြစ်ပျက်နေတဲ့ LGBT နဲ့ဆိုင်တဲ့ ဥပဒေပိုင်းဆိုင်ရာ ချိုးဖောက်ခံရမှုဖြစ်စဉ်တွေကို ဘယ်လို ကူညီဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးကြတာပါ ”ဟု Kings N Queens အဖွဲ့မှ ကိုတင်ကိုကိုက ပြောပါတယ်။

အဆိုပါ LGBT Rights Network အစည်းအဝေးသို့ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ ပဲခူး၊ မြင်းခြံ၊ မော်လမြိုင်၊ ပခုက္ကူ၊ ရွှေဘို၊ ကျောက်ပန်းတောင်း၊ မြိတ်၊ မြစ်ကြီးနား၊ မိုးကောင်း၊ တောင်ကြီးနှင့် လာရှိုးစသည့် မြို့များမှ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

LGBT Rights Network အစည်းအဝေးကို (၃)လတစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိပြီး ၂၀၁၈ ခုနှစ်ရဲ့ ပထမအကြိမ် အစည်းအဝေးကိုတော့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.