၂၀၁၉ခုနှစ် International Day Against Homophobia,Trans phobia and Bi-phobia နေ့မှာ ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေကလည်း Rainbow အလံ လွှင့်တင်မည်

ယခုနှစ် မေလ(၁၇)မှာ ကျရောက်မယ့် International Day Against Homophobia,Trans phobia and Bi-phobia (IDAHOT)နေ့မှာ LGBT တွေရဲ့ တန်းတူအခွင့်အရေးအတွက် ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေကလည်း Rainbow အလံ လွှင့်တင်သွားမှာ ဖြစ်ပါတယ်။

Rainbow အလံတွေကို စီးပွားရေးလုပ်ငန်းနယ်ပယ် အလုပ်ခွင်အတွင်းရှိ LGBT တွေ ၊ မိမိတို့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ သက်ဆိုင်ရာရုံးအသီးသီးမှ LGBT တွေကို ချစ်ခင်လေးစားခြင်း၊ ကွဲပြားစုံလင်သော လုပ်ငန်းခွင်ကို လေးစားတန်ဖိုးထားကြောင်း ပြသတဲ့အနေနဲ့ လွှင့်ထူသွားမှာ ဖြစ်ပါတယ်။

“ကျွန်မတို့ လာမယ့် (IDAHOT)နေ့မှာ Rainbow အလံ လွှင့်ထူသွားဖို့ ရှိပါတယ်။ ကျွန်မတို့ HR Policy ထဲမှာကိုက ပါပြီးသား။ ဘယ်ဝန် ထမ်းမဆို ကြိုဆိုတယ်။ ကျွန်မတို့ Gender ခွဲခြားဆက်ဆံမှုကင်းမဲ့တဲ့ လုပ်ငန်းခွင် ဖြစ်တယ်ဆိုတာ သက်သေပြဖို့အတွက် မေ(၁၇)မှာဆိုရင် Rainbow အလံကို ရုံးမှာ လွှင့်ထူမှာ ဖြစ်ပါတယ်”လို့ Pragma Ventrures Myanmar (ပိုးချည်မျှင် စိုက်ပျိုးရေးနဲ့ ပိုးချည်ထုတ်လုပ်ရေး)ကုမ္ပဏီမှ Operation Manager – Rose Enn Tin Sung က ပြောပါတယ်။

၂၀၁၈ခုနှစ် IDAHOT နေ့တုန်းကလည်း Colors Rainbow အဖွဲ့အနေနဲ့ အခြားနိုင်ငံတကာသံရုံးတွေနဲ့ ကုလသမဂ္ဂရုံးတွေ စတဲ့အဖွဲ့အစည်းပေါင်း(၂၅)ဖွဲ့နဲ့အတူ Rainbow အလံကို တနေ့လုံး လွှင့်ထူခဲ့ကြပြီး လူမှုကွန်ယက် Facebook စာမျက်နှာတွေမှာလည်း ညီညွတ်မှုတွေကို ပြသခဲ့ကြပါတယ်။

“မနှစ်ကဆိုရင် သံရုံးတွေ၊ UN အဖွဲ့အစည်းတွေကို Rainbow အလံ ကန်ပိန်းလုပ်တယ်။ ဒီနှစ်ကျတော့ ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေပါ ပါမယ်။ MCRB ရဲ့ သတင်းအရဆိုရင် ဒီနှစ်မှာ ကုမ္ပဏီ (၁၇၀)ကျော်တယ်။ UN တွေပါ အပါအဝင်ပေါ့။ အကုန်လုံးကို အလံတွေပေးဖို့ ပြင်ထားပါတယ်”လို့ Colors Rainbow ၏ Deputy Director လှမြတ်ထွန်းက ပြောပါတယ်။

ထိုသို့ပြသနိုင်ဖို့ကို Colors Rainbow မှ MCRB နဲ့ပူးပေါင်း၍  Rainbowအလံတွေကို ဖြန့်ဖြူးပေးနေကာ အလံအတွက် Colors Rainbow ရုံး ဖုန်းနံပါတ် 09400447181 သို့ဆက်သွယ်၍ မိမိတို့၏ရုံးမှတာဝန်ရှိသူရဲ့ တောင်းခံစာနဲ့အတူ Rainbow အလံကို ရုံးချိန်အတွင်း လာရောက် ထုတ်ယူနိုင်ပါတယ်။

၂၀၁၉ခုနှစ်၊ မေလ(၁၇)ရက် Day Against Homophobia,Trans phobia and Bi-phobia နေ့ကို ရန်ကုန်မြို့ Junction City မှာ နေ့လည် (၂)နာရီကနေ ည(၈)နာရီအထိ ကျင်းပသွားမှာ ဖြစ်တယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.