အောင်မြင်ထင်ရှား လိင်ပြောင်းမယ်များ

ယခင်ကထက် ပိုမိုပွင့်လင်း လွတ်လပ်လာပြီဆိုပေမယ့် Gay လို့ခေါ်တဲ့ မိန်းမစိတ်နဲ့ ယောက်ျားတွေကို လူမှုဝန်းကျင်မှာ လက်ခံတာ အားနည်းနေဆဲပါ။ အားနည်းနေတဲ့ အကြားက သူတို့ဘဝကို သူတို့ ကြံ့ကြံ့ခံ ရပ်တည်ပြီး အောင်မြင်နေသူ မော်ဒယ်လ်တွေ၊ မိတ်ကပ်ပညာရှင်တွေ၊ ဒီဇိုင်နာတွေလည်း တွေ့ရပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရဖို့ ကြိုးစားကြတယ်၊ နယ်ပယ်တိုင်းမှာ ရင်ပေါင်တန်း လှုပ်ရှားလုပ်ကိုင်နေတာတွေ တွေ့နေရသလို အမျိုးသမီးတွေနဲ့ တန်းတူ ယှဉ်ပြိုင်နိုင်ဖို့ လိင်ပြောင်းမယ်တွေလည်း ကမ္ဘာ့အနုပညာနယ်ပယ်မှာ ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။ သူတို့ဘဝ သူတို့ ရည်ရွယ်ရာတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။


အေမီလီယာမော်လ်တာပီး (ဘင်္ဂလားဒေ့ရှ်)

-ေအမီလီယာေမာ္လ္တာပီး

၂၀၀၉ ခုနှစ်က ကနေဒါနိုင်ငံ တိုရန်တိုကို ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အေမီလီယာမော်လ်တာပီးဟာ အခုဆိုရင် အအောင်မြင်ဆုံး လိင်ပြောင်းမော်ဒယ်တဦးပေါ့။ ယခင်က ဘင်္ဂလားဒေ့ရှ် ရိုးရာမိသားစုက ပေါက်ဖွားလာသူပါ။ တိုရန်တိုကို ပြောင်းလာပြီးနောက် လိင်အပြောင်းအလဲ လုပ်ယူရနိုင်တယ်ဆိုတာ သိမြင်လာပြီး ခန္ဓာကိုယ်အတွင်း ဟော်မုန်း အပြောင်းအလဲ စလုပ်ခဲ့ပြီး၂ လလောက် ကြာတော့ ရင်သားထဲ တစ်ရှူးထည့်သွင်း ခွဲစိတ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က ရင်သား ခွဲစိတ်ရာမှာ အမေရိကန် ဒေါ်လာ ၁ သောင်း သုံးစွဲ အကုန်အကျခံပြီးတဲ့နောက် သူ့ရဲ့ ရင်သားအရွယ်က ဓာတ်ပုံမှာ တွေ့ရတဲ့ အနေအထားအတိုင်း ဖြစ်လာတာပါ။ သူဟာ နောက်ထပ် ဒေါ်လာ ၃ ထောင်ကျော်ကို သူ့ရဲ့ လေဆာဆံပင် ဖယ်ရှားတာ ပြုလုပ်အပြီးမှာတော့ အေမီလီယာဟာ အမျိုးသမီးမော်ဒယ်လ်လောကမှာ ပေါ်ထွက်လာပါတယ်။
သူဟာ ယောကျ်ားလေးအဖြစ်နဲ့ မွေးဖွားလာခဲ့တာဖြစ်ပေမယ့် မယ်ကမ္ဘာဘွဲ့ ရဖို့တောင် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ သူဟာ မိန်းကလေးအဖြစ် ခွဲစိတ်ပြုပြင်မှု အပြည့်အစုံ ပြုလုပ်ပြီးနောက် အေမီလီယာဟာ မိန်းမ တယောက်လို သူ့ရဲ့ ကိုယ်ရေးလေ့ကျင့်ပေးသူ ရည်းစား ချာလီ (Charles) နဲ့အတူ နေထိုင်လျက်ရှိပါတယ်။

 

ဖီယိုနာဆိုးလစ်စ် (ဖိလစ်ပိုင်)

ဖီယိုနာဆိုးလစ္စ္
ဖိလစ်ပိုင်က အသက် ၂၆ နှစ်အရွယ် လိင်ပြောင်း မော်ဒယ်လ် ဖီယိုနာဆိုးလစ်စ်ပါ။ သူ့ကို မွေးဖွားခဲ့တာက ယောကျ်ားလေးအဖြစ်နဲ့ပါ။ လိင်ပြောင်းမယ် ပြိုင်ပွဲပေါင်းများစွာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာတော့ ဖီယိုနာဟာ ဖိလစ်ပိုင်နိုင်ငံက Queen of Cebu နဲ့ ဆက်သွယ်မိပါတယ်။ လိင်ပြောင်းလဲခဲ့သူ ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲမှာ ဖီယိုနာဟာ နောက်ဆုံး ဖိုင်နယ် ၂၁ ယောက်ထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ တီဗီရုပ်/သံ စီးရီးတခုမှာ ပါဝင်ခဲ့ပြီး ကြော်ငြာ ၄ ခုမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူ နောက်ထပ် ရည်ရွယ်ထားတာကတော့ ထိုင်းနိုင်ငံ ပတ္တယားမှာ ပြုလုပ်မယ့် နိုင်ငံတကာ အလှဘုရင်မ ရွေးပွဲမှာ ပါဝင်ဖို့ပဲဖြစ်ပါတယ်။

 

သာလီတာဇမ်ပီရိုလီ (ဘရာဇီး)

သာလီတာဇမ္ပီ႐ိုလီ
ဘရာဇီးက သာလီတာဇမ်ပီရိုလီဟာ အသက် ၂၄ နှစ် အရွယ် လိင်ပြောင်းမော်ဒယ်တဦးဖြစ်သလို ဒီဇိုင်း ကျောင်းသူတဦးလည်း ဖြစ်ပါတယ်။ သူဟာ လိင်ပြောင်းဖို့ ဆော်ပိုလိုမြို့မှာ ပြုလုပ်ခဲ့တာပါ။ လိင်ပြောင်းတဲ့ အစီအစဉ်အဆင့်ဆင့်ဟာ သူ ၁၈ နှစ်ပြည့် မွေးနေ့အပြီးမှာ အောင်မြင်ပြီးမြောက်ခဲ့တာလို့ ဆိုပါတယ်။ ကုန်ကျငွေတွေကိုတော့ သူ့ မိသားစုနဲ့ အဖွားဖြစ်သူက ထောက်ပံ့ပေးတာလို့ သိရပါတယ်။

 

မထက်-Pop Soul

pop soul
ဓာတ်ပုံ – Ma Htet/ဖေ့စ်ဘုတ်

သူ့ကိုယ်သူ She Male လို့ သတ်မှတ်ထားပြီး ရင်သားခွဲစိတ်မှု ပြုလုပ်ထားတဲ့ မိတ်ကပ်ပညာရှင် မထက် (Pop Soul) ဟာ သူ့ရဲ့ လှပကျော့ရှင်းတဲ့ ဓာတ်ပုံတွေကြောင့် Facebook လူမှု ကွန်ရက် စာမျက်နှာမှာ လူသိများ ထင်ရှားပါတယ်။ သူဟာ ကိုဥက္ကာထက် ဆိုတဲ့ ယောက်ျားဘဝကနေ လိင်အင်္ဂါခွဲစိတ်မှု ခံယူပြီး မထက် အဖြစ်ခံယူခဲ့သူပါ။ သူဟာ ပထမဆုံးအနေနဲ့ နှာခေါင်းနှင့် ရင်သားခွဲစိတ်ပြုပြင်ခြင်းကို ပြုလုပ်ခဲ့တာပါ။ အဲ့ဒီနောက် အသံအိုး ခွဲစိတ်ပြုပြင်ခြင်းကို ပြီးခဲ့တဲ့နှစ်လောက်က ပြုလုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် မထက်ရဲ့ အသံဟာ မိန်းကလေး တယောက် အသံနီးပါး ဆင်တူလာခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ (သင်္ကြန်ကာလ) အတွင်းက သူ့ရဲ့လိင်အင်္ဂါ ပြောင်းလဲဖို့ နောက်ဆုံးခွဲစိတ်ပြောင်းလဲမှုကို ပြုလုပ်ခဲ့တာပါ။ မထက်က ရုပ်သံအမေးအဖြေတခုမှာ “အစစ်မဟုတ်ရင်တောင် အနီးစပ်ဆုံးအတုဖြစ်ချင်တယ်” လို့ဆိုပြီး သူ့ရဲ့ ခွဲစိတ်ပြုပြင်ပြောင်းလဲရခြင်းရဲ့ ခံစားချက်ကို ပြောပြခဲ့ဖူးပါတယ်။

Ref: http://www.oddee.com/item_98843.aspx

အေဘယ်

ဧရာဝတီသတင်းဌာန

မှတ်ချက်။              ။ ဧရာဝတီသတင်း ဝဘ်ဆိုက်ဒ်တွင် အေဘယ်ရေးသားထားသည့် အောင်မြင်ထင်ရှား လိင်ပြောင်းမယ်များ ဆောင်းပါးကို ပြန်လည်တင်ပြခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.