လွှတ်တော်အမတ်တစ်ဦးရဲ့ နယ်ရှင်ပြုရဟန်းခံ အလှူမင်္ဂလာပွဲမှာ Transgender တွေက အနုပညာနဲ့ ကပြဖျော်ဖြေခဲ့

NLD လွှတ်တော်အမတ်တစ်ဦးက ပြုလုပ်ခဲ့တဲ့ ရှင်ပြုရဟန်းခံ အလှူမင်္ဂလာပွဲတစ်ခုမှာ LGBT တွေကလည်း ပဒေသာကပွဲနဲ ဖျော်ဖြေခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

“လွန်ခဲ့တဲ့ ခုနှစ်လလောက်ကတည်းက ကြိုတင်ပြီး သူက အကူအညီတောင်းခဲ့တယ်။ သူက ဇာတ်တွေ၊ ဘာတွေ ငှားနိုင်တယ်ပေါ့နော်။ ဒါပေမဲ့ အဲဒီအစား Transgender တွေနဲ့ ကပွဲလေး လုပ်မယ်ဆိုရင် အရမ်းကောင်းမယ်၊ လုပ်ချင်တယ်၊ အဲဒါ လုပ်နိုင်မလားပေါ့။ အဲလို မေးလာတယ်။ အစ်မအနေနဲ့ အဓိကငွေရေးကြေးရေးထက် ငါ့တို့ အခွင့်အရေးအတွက် လုပ်ကိုင်ခွင့်တွေ ပေးတာဆိုပြီး သူငယ်ချင်းတွေနဲ့ တိုင်ပင်လုပ်ခဲ့တာပါ”လို့ Transgender အမျိုးသမီးတစ်ဦးဖြစ်သူ မနက်နက်နွယ်က ပြောပါတယ်။

အနုပညာဖျော်ဖြေမှုကို ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်၊ အနောက်စုကျေးရွာမှာ မတ်လ (၁၇) ရက်ကနေ (၁၈) ရက်နေ့ထိ ကပြခဲ့တာဖြစ်ပြီး ကျေးလက်ဒေသလူထုရဲ့ အားပေးလက်ခံမှုကို ရရှိခဲ့တယ်လို့ မနက်နက်နွယ်က ပြောပါတယ်။

“အရမ်းအောင်မြင်တာ။ နောက်တစ်ရွာကတောင် ကျွန်မတို့ကို လာငှားတယ်။ ဒါပေမဲ့ ကျွန်မတို့ အဲဒီကမ်းလှမ်း တာကို မကတော့ပဲ ပယ်ခဲ့တာ။ ကတဲ့သူတွေထဲမှာ တစ်ချို့ အဆင်မပြေတာကြောင့်ပါ” လို့ မနက်နက်နွယ်က ပြောပါတယ်။

ဒီကပွဲ ဖြစ်မြောက်ရေးအတွက် Transgender ကျူရှင်ဆရာ၊ အနုပညာရှင်တွေအပါအဝင် လူဦးရေ(၂၇)ယောက်က ပါဝင်ကူညီခဲ့ကြပြီး မှတ်တမ်းခွေကို လွတ်တော်မှာလည်း ဆက်လက်ပြသသွားမှာလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.