ဆော်ဒီအာရေးဗီးယားနိုင်ငံက ဆယ်ကျော်သက် ဂေးကောင်လေးတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေ

ဆော်ဒီအာရေဗီးယားနိုင်ငံက ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ဦးဟာ ၎င်းရဲ့မိသားစုအတွင်း ခြိမ်းခြောက်မှုဖိအားတွေကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။

Roshan လို့ အမည်ရတဲ့ လူငယ်လေးဟာ ကွယ်လွန်စဉ်မှာ အသက် (၁၅) နှစ်အရွယ်ရှိပြီဖြစ်ပြီး ဆော်ဒီအာရေ ဗီးယားနိုင်ငံ ရိယာဒ်မြို့မှာ နေထိုင်ပါတယ်။

Pink News သတင်းဌာနမှာ ဖော်ပြထားချက်အရ သူဟာ ကိုယ့်ကိုယ်ကို အဆုံးမစီရင်ခင် ရက်ပိုင်းအတွင်းမှာ သူ့ရဲ့ လိင်စိတ်ကိုင်းညွတ်မှုနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

Gay Star News သတင်းဌာနရဲ့ ရေးသားဖော်ပြချက်အရလည်း သူဟာ ကမ္ဘာပေါ်မှာ လိင်တူချစ်သူ (LGBT) တွေ အပေါ် ရွံရှာမုန်းတီးဆုံးဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံမှာ နေထိုင်နေပေမယ့်လည်း သူ့အနေနဲ့ ဘာကြောင့်မှန်းမသိဘဲ ၎င်းရဲ့ လိင်စိတ်ကိုင်းညွတ်မှုနဲ့ပတ်သက်ပြီး မိသားစုအတွင်း အမှန်အတိုင်း ချပြခဲ့ရတာလဲဆိုတာ ကိုယ့်ကိုယ်ကို နားမလည်နိုင် အောင် ဖြစ်ရတယ်လို့ Reddit ဆိုတဲ့ ဆိုရှယ်လူမှုကွန်ယက် ဝဘ်ဆိုက်ဒ်တခုမှာ ဇန်နဝါရီလအတွင်း ရေးသားခဲ့ဖူးကြောင်း သိရပါတယ်။

မိသားစုအတွင်း သူဟာ လိင်တူချစ်သူတစ်ဦးဖြစ်တယ်ဆိုတာကို ဖွင့်ဟလိုက်ပြီးတဲ့နောက်ပိုင်းမှာ ဖခင်ဖြစ်သူရဲ့ ခြိမ်းခြောက်ခံခဲ့ရပြီး အိမ်ကနေ မောင်းချခံခဲ့ရပြီး ၎င်းအား အကူအညီပေးဖို့ ရေးသားခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.