ချစ်သူ့ ကျိန်စာ

မေ့ပစ်လိုက်ပြီတဲ့
သူနှုတ်ဖျားက ရက်ရက်စက်
ထွက်ကျလာတဲ့ မထင်မှတ်တဲ့
နင့် စကားတစ်ခွန်း။

အကြောင်းပြချက်မရှိတဲ့
နယ်နှင်ဒဏ်တစ်ခုလို
ရင်တစ်ခုလုံးဗြောင်းဆန်လို့
အံသြခဲ့ရတဲ့ မထင်မှတ်တဲ့
နင့် အချစ်တစ်ခု ။

နင်ချမှတ်တဲ့ မူဘောင်ထဲ
အယူခံဝင်ခွင့် မရှိ
အာမခံ မရတော့တဲ့
ပြစ်မှုတစ်ခုလို
နင့် အမိန့်တစ်ခု ။

မေ့ချင်လို့တဲ့
ကျိန်စာတစ်ခုလို
သတ်မှတ်စံ မပြည့်မှီတဲ့
Tom Boy အသည်းကို
ဓါးထက်ထက်နဲ့ အဆုံးစွန်ထိခွဲချ
ငါ့အသည်းကို တကျွန်းပို့လည်း
ငါ့ဝိညာဉ်ကတော့ နင့်အနားရှိဆဲ
ချစ်သူ့ချတဲ့ ကျိန်စာ….။    ။         

ကြယ်စင်လင်း

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.