အသည်းရောင် အသားဝါ (c) အကြောင်း သိကောင်းစရာ

(C) ပိုးရှိတဲ့သူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရင် ကူးနိုင်တယ်လို့ သိရပါတယ်ရှင့်။ တကယ်လို့ ကူးခဲ့ရင် အတူနေပြီး တစ်လအတွင်းစစ်ရင် ကူးလား၊ မကူးလား သိနိုင်ပါသလားရှင့်။ HCV antibody ပေါ်နိုင်ပါသလား ရှင့်။ Condom မပါပဲ အတူနေပြီး ဘယ်လောက်ကြာရင်၊ ရောဂါကူး/မကူး သေချာ စစ်ဆေးသိနိုင်ပါမလဲရှင့်။

အသဲရောင် (စီ) တွေ့ရင် ရောဂါလက္ခဏာ မရှိဘဲနေတတ်လို့ အတော်များများက ဆေးစစ်တဲ့အခါ အမှတ်မထင် ပိုးရှိနေတာကို တွေ့ကြရတယ်။ (စီ) ပိုးတွေ့တယ်လို့ဆိုရင် သူဟာ ကမ္ဘာပေါ်က လူပေါင်း သန်း ၁ရဝ ထဲက တစ်ယောက်ပါ။ အကြောက်မကြီးအောင် ပြောရရင် ၁ဝဝ မှာ ၈ဝ-ဂ၅ ယောက်လောက်က နာတာရှည် မဖြစ်ကြပါ။ နာတာရှည်ကနေ နောက်ဆက်တွဲ ဆိုးဝါးတာတွေဖြစ်တဲ့ ရာခိုင်နှုန်းကလည်း ၅ ဂဏန်း အောက်မှာပါ။

Hepatitis C virus (HCV) ဗိုင်းရပ်စ် စီပိုးဝင်ရင် သာမန်ကာလျှံကာ တစ်ပတ်နှစ်ပတ်လောက်သာ ခံစားရတာမျိုးနဲ့ အသက်ကိုပါ ရန်ရှာတဲ့ အဆင့်မျိုး ဖြစ်နိုင်တယ်။ (ဘီ) နဲ့ မတူတာက ဘီပိုးဟာ အထဲဝင်ပြီး ကင်းစင်သွားနိုင်ပေမဲ့ (စီ) ပိုးကတော့ အမြဲရှိနေတတ်တယ်။ (ဘီ) ပိုးက လိင်ကနေတဆင့် ကူးစက်တာများပြီး (စီ) ပိုးကတော့ သွေးကတစ်ဆင့် ကူးတာက အဓိက ဖြစ်တယ်။

(စီ) ရှိနေရင် HIV ကိုပါ စစ်ပါ။ နှစ်ခုလုံး တွဲရှိသူတွေ ရှိတယ်။ HIV က ပိုဆိုးတာက ကိုယ်ရဲ့ ခုခံအားစနစ်ကြီးကို ဖျက်ပစ်လို့ပါ။ နည်းနည်းကောင်းတာက HIV ကို ကုဘို့ ဆေးတွေ ရှိနေပြီ။ နည်းနည်းလို့ ပြောရတာက ဆေးက သက်သာစေဘို့သာဖြစ်ပြီး အပျောက် မရသေးလို့ပါ။

ဘယ်လောက်စောစော သိနိုင်သလဲ

တပတ်ကနေ လတွေ အများကြီးအထိ ကြာနိုင်တယ်။ ကိုယ်ကနေ (အင်တီဘေ်ဒီ) ထုတ်လာမှ၊ စမ်းတွေ့နိုင်လောက်အောင် များလာမှသာ စမ်းလို့ သိနိုင်တယ်။ ပျမ်းမျှ သုံးပတ်လို့လည်း ယူဆထားတယ်။ သုတေသန လုပ်သူတွေအတွက်တော့ အသည်းက အသားစ ယူစစ်ရင်တော့ စောသိတယ်။

(စီ) ပိုး အဝင်ခံရရင် အစတော့ တုပ်ကွေးလိုပါဘဲ။ မစားချင် မသောက်ချင်၊ အားယုတ်၊ ပျို့ချင်သလိုနေ၊ အဆစ်တွေ အသားတွေ နာ၊ သတိထားရင် အသည်းရှိရာ ဗိုက်ညာဘက် အထက်နားမှာ နာမယ်။ ကိုယ်ပူတာလည်း ရှိနိုင်တယ်။ ကြာလာရင် ဝါလာမယ်။ အများသိကြတဲ့ (ဂျွန်းဒစ်)။ ကြာတယ်ဆိုတာ ဆယ်စုနှစ်နဲ့ ချီနိုင်တယ်။ ရောဂါလက္ခဏာ မပေါ်ပေမဲ့ ပိုးက အသဲကို ဖျက်နေပြီ၊ သူများကိုလည်း ကိုယ့်သွေးနဲ့ထိရင် ကူးနိုင်နေပြီ။

သေချာအောင် လုပ်ရမှာက သွေးစစ်ပါ။ ပိုးရှိ-မရှိ၊ ပိုးဘယ်လောက်များလဲ၊ Liver biopsy အသည်းရဲ့ အသားစ ထုတ်ယူ စစ်ဆေးတာက အသေချာဆုံးပါ။ နောက် Hepatitis C antibody test နဲ့ PCR test အပြင် အသည်းအခြေအနေကို ဆန်းစစ်ဘို့ Liver function tests လုပ်ရတယ်။ တိကျအောင် Hepatitis C Genotype test ဆိုတဲ့ ပိုးအမျိုးအစား ခွဲတာလည်း လုပ်ရပြန်ပါသေးတယ်။ (စီ) ရှိနေရင် HIV ကိုပါ စစ်ပါ။ နှစ်ခုလုံး တွဲရှိသူတွေ ရှိတယ်။ HIV က ပိုဆိုးတာက ကိုယ်ရဲ့ ခုခံအားစနစ်ကြီးကို ဖျက်ပစ်လို့ပါ။ နည်းနည်းကောင်းတာက HIV ကို ကုဘို့ ဆေးတွေ ရှိနေပြီ။ နည်းနည်းလို့ ပြောရတာက ဆေးက သက်သာစေဘို့သာဖြစ်ပြီး အပျောက် မရသေးလို့ပါ။

မကူးအောင် ကာကွယ်နည်းအတိုင်း (စီ) ပိုးရှိသူတွေ ဆင်ခြင်ရပါမယ်။ မူးယစ်ဆေးသုံးတာ၊ (တက်တူး) ထိုးတာ၊ ဟိုကွင်း-ဒီကွင်းတပ်တာ၊ ကွန်ဒွန်းမပါ လိင်ဆက်ဆံတာတွေ ရှောင်ပါ။ အရက်ဖြတ်ပါ။ ကောင်းကောင်း နား၊ ကောင်းကောင်းစားပါ။ အသီးအရွက်၊ အသီးအနှံ၊ အစေ့အဆံဆိုရင် တစ်ခုလုံးပါတာမျိုး စားပါ။

ပိုးတွေ့ရင် ဆေးကုဘို့လို-မလို ဆရာဝန်က ဆုံးဖြတ်ပါမယ်။ ရောဂါက အန္တရာယ်နည်းနေရင် ဆေးပေးချင်မှ ပေးပါလိမ့်မယ်။ ဆေးက ထိုးဆေးရော စားဆေးပါ ပေးမှာပါ။ တစ်နည်းက ၄၈ ပတ် ကြာမှာဖြစ်ပြီး၊ တစ်နည်းက ၂၄ ပတ်။ လိုရင် နောက် တစ်ကျော့။ ဆေးက နှစ်မျိုး သုံးနေပါတယ်။ Interferon ထိုးဆေးနဲ့ Ribavirin စားဆေးတွေပါ။ Injection Interferon ကို ခုနှစ်ရက် တစ်ပတ်မှာ သုံးကြိမ် ထိုးတယ်။ နောက်ပေါ်ဆေး Pegylated ကတော့ တစ်ပတ်မှာ တစ်ကြိမ်နဲ့ ရတယ်။ Ribavirin စားဆေးကို တစ်ပြား တစ်နေ့ နှစ်ကြိမ်။ ၆ လ ကနေ ၁၂ လ ကြာပါမယ်။

ဆေးတွေကတော့ ပြင်းတော့ တုပ်ကွေးခပ်ဆိုးဆိုး ဖြစ်နေသလို ခံစားရမယ်။ မောပန်း၊ ခေါင်းကိုက်၊ အဆစ်အမြစ် နာ၊ ချမ်း၊ အအိပ်ပျက်၊ ကိုယ်ပူ၊ စာကြည့်မရ၊ အာရုံစိုက်မရ၊ စိတ်ဓါတ်ကျတာလည်း ဖြစ်နိုင်တယ်။ နောက်ဆုံးကတော့ အသည်း အစားထိုးပေးရတာပါ။ နားလည်ဖို့က အသည်းအစားထိုးပေမဲ့ ပိုးသေအောင် ဆေးလိုနေမှာပါ။

စီပိုးရှိသူများ အကိုက်အခဲ ပျောက်ဆေး Acetaminophen (Tylenol, Panadol) ကို ရှောင်ရမယ်။ Ibuprofen က အသည်းမခြောက်သေးရင် သောက်လို့ရတယ်။ Aspirin ကတော့ အစာအိမ်ပြဿနာ မရှိသရွေ့ သောက်နိုင်တယ်။ သံဓါတ်စားဆေး Iron supplements မပေးသင့်ဘူး ပြောကြတယ်။ အစားထဲပါသလောက် သံဓါတ်က ဘာမှမဖြစ်ပါ။

တစ်ခြားဆေးကုနည်းတွေလည်း ရှိပါသေးတယ်။ Aromatherapy အနံ့နဲ့ ဆေးကုနည်း၊ အနှိပ်ခံနည်း၊ ယောဂနည်းတွေပါ။ အပန်းလည်း မကြီး၊ စခန်းလည်းနီးရင် သုံးပါ။ စိတ်တည်ငြိမ်အောင် ရှုမှတ်နည်းလည်း ပါတယ်။ စိတ်ရဲ့စွမ်းအားကို ကျွန်တော်တို့ လူမျိုးတွေက အသိဆုံး မဟုတ်ပါလား။

ဘယ်လိုကူးသလဲ

လိင်ဆက်ဆံရာကနေ မကူးစက်ပါဘူးလို့ မပြောနိုင်ပါ။ ဖြစ်နိုင်ခြေက မများပါ။ သုတေသနတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ (၁) လိင်ဆက်ဆံဘက် များသူတွေ၊ (၂) ဆက်ဆံဘက်မှာ တစ်ခြားလိင်ကတဆင့် ကူးစက်ရောဂါ တစ်ခုခုရှိနေရင်၊ (၃) လိင်ဆက်ဆံတာ ကြမ်းတမ်းရင်၊ ကူးစက်ဘို့ အခွင့်အလမ်းပိုမယ်။

(စီ) ပိုးရှိတဲ့ မအေကနေ ကလေးကို ၄-၅% လောက်သာ ကူးစေနိုင်ပါတယ်။ ဖအေမှာ (စီ) ပိုးရှိနေပေမဲ့ သူ့ကလေးကို (သွေးမထိမချင်း) မကူးဘူး။ လိင်လမ်းကနေ ကူးတာကလည်း HIV နဲ့ B တို့လောက် မဟုတ်ပြန်ဘူး။ (စီ) ကို တလင်တမယားစနစ်ကနေ ကူးတယ်ဆိုတာ ရှားပါတယ်။

သွေး (မစစ်ဘဲ) သွင်းတာ၊ သွေး-သွေးချင်းထိတာ၊ ဆေးထိုးအပ် သီးခြားမသုံးတာ၊ နားကပ် လဲဝတ်တာ၊ မုတ်ဆိတ်ရိတ် ဓား၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ (တက်တူး) ထိုးတာ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်တာတွေကနေ ကူးရတာပါ။ ဒါပေမဲ့ ပိုးရှိနေသူ ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲလျောက်တာ၊ နှာခြေ၊ ချောင်းဆိုး၊ တစ်အိမ်တည်း အတူနေတာနဲ့လည်း မကူးဘူး။ ချွေး၊ သွားရည်၊ မျက်ရည်တွေကနေ မကူးပါ။

ပိုးရှိတဲ့ မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။ ခြင်နဲ့ အင်းဆက်ပိုးတွေကနေ ကူးစက်တာ မတွေ့သေးပါ။ စီပိုးရှိနေသူဟာ သွေးမလှူရပါ၊ အင်္ဂါအစိတ်အပိုင်း မလှူရပါ၊ သုတ်ပိုး မလှူရပါ။

တစ်အိမ်ထဲ အတူနေသူတွေ ကူးစက်နိုင်ပါတယ်။ အဖြစ်များတာ မတွေ့ရသေးပါ။ ကူးမယ်ဆိုတာလည်း သွေးကနေ ဝင်လို့သာ ဖြစ်ပါမယ်။ ပန်းကန်၊ ဇွန်း၊ ဖန်ခွက်၊ အိုး-ခွက် အတူသုံးလို့ မကူးပါ။ ရင်ချင်းအပ်-ပါးချင်းကပ်-လက်ဆွဲ နှုတ်ဆက်တာတွေကနေ မကူးပါ။ အသာအယာ နှုတ်ခမ်းချင်း စုပ်တာနဲ့လည်း မကူးပါ။ ရေအတူသောက်လည်း မကူးပါ။

မူးယစ်ဆေး သုံးစွဲသူတွေ၊ သွေးနဲ့ သွေးထဲက ပစ္စည်းသွင်းနေရသူတွေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းလှူတာ လက်ခံရသူတွေ၊ Hemodialysis ကျောက်ကပ် ဆေးနေရသူတွေ၊ ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်နေရသူတွေ၊ HIV ပိုး ရှိနေသူတွေ၊ (စီ) ပိုး ရှိနေတဲ့ မိခင်ရဲ့ကလေးတွေမှာ ကူးနိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်နေတယ်။

ပိုးရှိတဲ့ မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။ ခြင်နဲ့ အင်းဆက်ပိုးတွေကနေ ကူးစက်တာ မတွေ့သေးပါ။ စီပိုးရှိနေသူဟာ သွေးမလှူရပါ၊ အင်္ဂါအစိတ်အပိုင်း မလှူရပါ၊ သုတ်ပိုး မလှူရပါ။

ပိုးရှိနေရင် ဘာဖြစ်လာနိုင်သလဲ

သွေးစစ်လို့ စီပိုးတွေ့ပေမဲ့ ရဝ-၈ဝ% မှာ ဘာမှ မခံစားရသလို ရှိနေမယ်။ ခံစားရသူတွေမှာလည်း ဆိုးတာ မပါဘူး။ ကိုယ်ပူ၊ အားယုတ်၊ အစားပျက်၊ ပျို့ချင်၊ အန်ချင်၊ ဗိုက်နာ၊ ဆီးအရောင်ရင့်၊ ဝမ်းအရောင်ပျော့၊ အဆစ်နာ၊ ဆီး-အသားအရေ-မျက်လုံး ဝါ၊ ရက်တိုရောဂါလက္ခဏာတွေဟာ ကူးစက်ပိုးဝင်လာခဲ့တဲ့နောက် ၆-၇ ပတ်အကြာမှာ ဖြစ်တယ်။ တချို့မှာ ၂ ပတ်ကနေ ၆ လ လည်း ကြာနိုင်တယ်။
သူတို့အထဲက ၆ဝ-၈၅% က နာတာရှည် ဖြစ်လာရင်လည်း ရောဂါလက္ခဏာတွေဟာ ရှိသူတွေမှာသာ ရှိမယ်။ သူ့အသည်းက ပျက်စီးစပြုလာမယ်။ နှစ်တွေ ကြာမှလည်း ဖြစ်နိုင်တယ်။

နာတာရှည် Chronic Hepatitis C ဆိုတာ ဆိုးဝါးတဲ့ရောဂါတစ်ခု ဖြစ်တယ်။

၅-၂ဝ% ဟာ အနှစ် ၂ဝ-၃ဝ အတွင်း Cirrhosis အသည်းခြောက်တာ ဖြစ်လာနိုင်တယ်။

၁-၅% ဟာ Cirrhosis အသည်းခြောက်တာ ဒါမှမဟုတ် Liver cancer အသည်းကင်ဆာကြောင့် သေဆုံးနိုင်တယ်။

Hepatitis C ပိုးရှိနေသူဟာ (ALT) အသဲ (အင်ဇိုင်းမ်) စစ်ရင် နည်းတာ၊ များတာ၊ ပုံမှန် ဖြစ်တာတွေ ဖြစ်နိုင်ကြတယ်။ နာတာရှည်အဆင့် ရောက်နေတာတောင် ပုံမှန် ဖြစ်နေနိုင်တယ်။ ဒီလိုဖြစ်နေသူဟာ နောက် ၆ လ တစ်နှစ်အကြာမှာ တစ်ခါ ထပ်စစ်ရမယ်။ ဆေးစစ်ဘို့ လိုသူတွေကတော့ မူးယစ်ဆေး ထိုးနည်း သုံးနေသူတွေ၊ အရင်က သွေးခဲစနစ်ရောဂါကို ကုသခံဖူးသူတွေ၊ အရင်က သွေးသွင်း ကုသဖူးသူတွေ၊ အရင်က ကျောက်ကပ် ဆေးနေရသူတွေ၊ အရင်က အသည်းရောဂါ ရှိဖူးသူတွေ၊ အသည်းဆေးစစ်တာ ပုံမှန်မဟုတ်သူတွေ၊ ဆေးခန်း-ဆေးရုံမှာ တာဝန်ထမ်းနေသူတွေ၊ HIV ရှိနေသူတွေ ဖြစ်တယ်။ ကိုယ်ဝန်ဆောင်နေသူတိုင်းတော့ မလိုပါ။

ရက်တိုသမားတွေအတွက် ဆေးကုဘို့ မရှိသေးပါ။ ဆေးစစ်တာ၊ အစာကောင်းကောင်း စားတာ၊ ရေ-အရည် ပိုသောက်သုံးတာသာ လိုမယ်။

နာတာရှည် ဖြစ်လာသူတွေကတော့ အသည်းကို အမြဲစောင့်ကြည့်နေရမယ်။ ကုသရမယ်။ Interferon နဲ့ Ribavirin ဆေး နှစ်မျိုး သုံးနေတယ်။ လူတိုင်းလိုတာတော့ မဟုတ်ပြန်ပါ။ ဘေးထွက်-ဆိုးကျိုးတွေ များတယ်။

HIV နဲ့ Hepatitis C virus တွေ တွဲရှိတတ်တယ်။ မူးယစ်ဆေးထိုးသူတွေမှာ ပိုဖြစ်တာ တွေ့ရတယ်။ HIV ရှိနေသူတွေထဲက ၅ဝ-၉ဝ% မှာ Hepatitis C virus လည်း ရှိနေကြတာ တွေ့ရတယ်။

ကံကောင်းသူ ၁၅-၂၅% ဟာ ဆေးကုစရာမလိုဘဲ ပိုးက ရှင်းသွားတာ တွေ့ရတယ်။ နာတာရှည်လည်း ဖြစ်မလာဘူး။

နာတာရှည်ဖြစ်နေသူ အထူးကုဆရာဝန်နဲ့ အမြဲဆက်စပ်နေရမယ်။ အရက် လုံးဝဖြတ်ရမယ်။ တစ်ခြားရောဂါဖြစ်ရင် ထိုးမဲ့ သောက်မဲ့ ဆေးတွေ ရွေးရမယ်။

Hepatitis A and Hepatitis B ကာကွယ်ဆေးတွေ ထိုးသင့်တယ်။ C အတွက် ကာကွယ်ဆေး မပေါ်သေးပါ။

ပိုးတွေ့သူတွေကို ဝိုင်းပယ်ထားဘို့ ကူးစက်ရောဂါ ထိန်းသိမ်းရေးဌာနက တားမထားပါ။

HIV နဲ့ Hepatitis C virus တွေ တွဲရှိတတ်တယ်။ မူးယစ်ဆေးထိုးသူတွေမှာ ပိုဖြစ်တာ တွေ့ရတယ်။ HIV ရှိနေသူတွေထဲက ၅ဝ-၉ဝ% မှာ Hepatitis C virus လည်း ရှိနေကြတာ တွေ့ရတယ်။

Hepatitis C virus ဗိုင်းရပ်စ်ဟာ သာမန် အပူချိန်မျိုးမှာ ကိုယ်ခန္ဓာအပြင်မှာ ၁၆ နာရီကနေ ၄ ရက်အထိ ရှင်နေနိုင်တယ်။
ပိုးရှိနေသူကနေ ထွက်လာတဲ့ သွေးကို ရေ ၁ဝ ဆထဲမှာ Household Bleach (ကလိုရင်း) ချွတ်ဆေးမှုန့် ၁ ဆ ရောထားတာနဲ့ ဆေးကြောပေးနိုင်တယ်။ လက်အိတ် သုံးရမယ်။

Hepatitis C Treatment and Management အသဲရောင် (စီ) ဘယ်လို ကုသလဲ။ HIV ပါ ရှိနေသူဆိုရင် Acute infection စောစောပိုင်းကတည်းက ကုရင် ကောင်းတယ်။ Mild liver disease အသည်းရောဂါ နည်းနည်းလေးသာ ရှိနေသူတွေ ဆေး မလိုသေးပါ။ Moderate liver damage အသည်းရောဂါ အသင့်အတင့် ဆိုးလာသူတွေက Cirrhosis အသည်းခြောက်တာ ဆက်ဖြစ်စရာများလို့ ဆေးကုသ ရမယ်။ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးနဲ့ ရမဲ့အကျိုး ချိန်ဆရမယ်။ စောင့်ကြည့်နေရမယ်။ Decompensated cirrhosis အသည်းခြောက်နေပြီဆိုရင် Liver transplant အသည်းအစားထိုးတာ တစ်ခုဘဲ လုပ်နိုင်တယ်။

Pegylated interferon (PEG interferon) နဲ့ Ribavirin (RBV) ဆေး နှစ်မျိုးကို သုံးတယ်။ PEG Interferon က နှစ်မျိုး ရှိတယ်။ (၁) alpha-2a (Pegasys) နဲ့ (၂) alpha-2b (PegIntron or ViraferonPeg) ထိုးဆေးတွေ ဖြစ်တယ်။ Ribavirin (Copegus, Rebetrol and Ribasphere) ဆေးက HIV ရှိနေသူတွေအတွက် အသုံးမကျဘူး။ သူ တစ်မျိုးထဲ မရဘူး။ PEG interferon နဲ့ တွဲပေးရတယ်။ စားဆေး ဖြစ်တယ်။ တစ်နေ့ နှစ်ကြိမ် ပေးရတယ်။

HIV-positive ဆိုရင် ဘယ် genotypes ဖြစ်ဖြစ် တစ်နှစ်ကြာ ပေးတယ်။ Genotypes 2 နဲ့ 3 ကို အချိန်တိုပြီး1 နဲ့ 4 တွေကို တစ်နှစ်မက ပေးတာလည်း ရှိတယ်။ ဆေးကုသရခြင်းရဲ့ ရည်ရွယ်ချက်က ပိုးတွေကို ရှင်းချင်လို့ ဖြစ်တယ်။ ဆေးပေးပြီးနောက် ၆ လမှာ သွေးထဲမယ် ပိုးမရှိတော့ရင် Sustained virological response (SVR) ခေါ်တယ်။ ကောင်းတယ်။ ပိုးကင်းသွားပြီ။ Liver cirrhosis အသည်းခြောက်တာ၊ Liver cancer အသည်းကင်ဆာနဲ့ Liver failure အသည်း အလုပ်မလုပ်နိုင်တော့တာတွေဖြစ်ဘို့ အခွင့်အလမ်း အတော်ကြီး နည်းတယ်။ ပိုးနည်းနည်းလေးသာ ကျန်တော့တာလည်း ကောင်းတယ်။ တစ်ချို့မှာ ဆေးကုလို့ ထင်သလောက် မကောင်းတာလည်း ရှိတယ်။
HIV ရှိနေသူတွေကို ဘယ်လို CD4 count is 200 cells/mm3 ထက် နည်းလာရင် ဆေးပေးတယ်။ 200-350 cells/mm3 ဆိုရင် ပေးတာလည်း လုပ်တယ်။

ဒေါက်တာတင့်ဆွေ

မှတ်ချက်။ ။ http://dts-medicaleducation.blogspot.com/, https://tintswe.wordpress.com/ တို့မှ ကူးယူဖော်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.