HIV, CD4 နှင့် Viral Load

ဆရာရှင့် မင်္ဂလာပါ။ ကျမအသက်က၂၅၊ (—) ပြည်နယ်၊ အိမ်ထောင်သည် ကလေးမရှိသေးပါ။ HIV ရှိနေတာ ၃ နှစ်ခန့် နောက်ဆုံးစစ်ဆေးတာ CD4 = 297 နဲ့ virl load 85200 ရှိပါတယ်။ ဘာဆေးမှမသောက်ရသေးပါ။ ကိုယ်ခန္ဓာတွင် အနီရောင် အကွက်ထွက်နေပါသည်။ HIV နှင့်သက်ဆိုင်ပါသလား။ မည်သို့လုပ်ရမည်ကို ညွှန်ကြားပေးပါ။ အေအာတီဆေး မသောက်ဘဲနဲ့ စီဒီဖိုး တက်နိုင်နည့်နည်းလမ်းရှိပါသလား၊ ကျေးဇူးပြု၍ ဖြေကြားပေးပါ။

HIV/AIDS ရောဂါအကြောင်း ကောင်း-ဆိုး သိချင်ရင် စမ်းသပ်တဲ့ နည်းတခုကို CD4 (Cluster of differentiation 4) လို့ ခေါ်တယ်။ အလွယ်ခေါ် T4 count; T-helper cells; T-suppressor cells; Cytotoxic T-cells နဲ့ တရားဝင် အခေါ်က CD4 lymphocyte count; CD8 lymphocyte count; CD4/CD8 ratio; CD4 percent ဖြစ်ပါတယ်။

လူတိုင်းမှာ ခုခံနိုင်စွမ်း ရှိအောင် လုပ်ပေးနေတဲ့ (ဆဲလ်) တွေ အမျိုးမျိုးရှိတယ်။ အဲဒီဟာတွေထဲက (လင်ဖိုဆိုက်) ခေါ်တဲ့ သွေးဖြူဥတမျိုး ဖြစ်တယ်။ HIV ပိုးဝင်လာရင် T-cells ကို တိုက်ခိုက်တယ်။ CD4 က T cells ထဲကို HIV-1 ဝင်လာစေဘို့ “ဧည့်ကြို” တာဝန်ယူသလို ဖြစ်နေတယ်။ အဲဒီ (ဆဲလ်) တွေကို အသုံးချပြီး၊ ပုံတူပွါးတာမို့ ခုခံအားစနစ်ကို ဖျက်ဆီးရာ ရောက်စေတယ်။ ဒါ့ကြောင့် ဒီ (ဆဲလ်) တွေ နည်းနေတာဟာ ခုခံစွမ်းအားတွေ ကျဆင်းတယ်လို့ သွယ်ဝှိုက်ပြီး ပြောတယ်။

လူတိုင်းမှာ ခုခံနိုင်စွမ်း ရှိအောင် လုပ်ပေးနေတဲ့ (ဆဲလ်) တွေ အမျိုးမျိုးရှိတယ်။ အဲဒီဟာတွေထဲက (လင်ဖိုဆိုက်) ခေါ်တဲ့ သွေးဖြူဥတမျိုး ဖြစ်တယ်။ HIV ပိုးဝင်လာရင် T-cells ကို တိုက်ခိုက်တယ်။ CD4 က T cells ထဲကို HIV-1 ဝင်လာစေဘို့ “ဧည့်ကြို” တာဝန်ယူသလို ဖြစ်နေတယ်။ အဲဒီ (ဆဲလ်) တွေကို အသုံးချပြီး၊ ပုံတူပွါးတာမို့ ခုခံအားစနစ်ကို ဖျက်ဆီးရာ ရောက်စေတယ်။ ဒါ့ကြောင့် ဒီ (ဆဲလ်) တွေ နည်းနေတာဟာ ခုခံစွမ်းအားတွေ ကျဆင်းတယ်လို့ သွယ်ဝှိုက်ပြီး ပြောတယ်။

ရောဂါ ဖြစ်စပိုင်းမှာတော့ လူဟာ ပျက်စီး-ပြောင်းသွားတဲ့ CD4 cells ကို အစားထိုး ပေးနိုင်သေးတယ်။ နောက်ပိုင်းကျ ဒီလို မလုပ်နိုင်တော့ဘူး။ CD4 cells တွေ နည်းလာလေလေ ခုခံအား ကျဆင်းလေဘဲ။ နောက်ဆုံးမတော့ ဘာဆို ဘာမှ မခုခံနိုင်တော့ပါ။
CD4 Count ကို တခါထဲ စမ်းရတာ မဟုတ်ပါ။ နောက်စမ်းရင် အဖြေ မတူတာတွေ ထွက်မယ်။ ယှဉ်ကြည့်ရတယ်။ တယောက်ထဲမှာတောင် မနက်ခင်းမှာ ညနေထက် နည်းတတ်တယ်။ HIV မဟုတ်ဘဲ နူမိုးနီးယား၊ ရေယုံ၊ တုပ်ကွေးတို့လို ရောဂါ တခုခု ရနေရင်လည်း CD4 count ခဏတဖြုတ် နည်းတယ်။ ကင်ဆာဆေး သောက်နေရရင်လည်း နည်းတယ်။

CD4 counts 500 -1500/mm3 အတွင်းရှိတယ်။ ပုံမှန်အရေအတွက်က ဓါတ်ခွဲခမ်း တခုနှင့်တခု မတူပါ။ 500-1200×106/L လို့ သတ်မှတ်တာလဲ ရှိတယ်။ CD4 Count 200 cells/mm3 ရှိတာတွေ့ရင် AIDS ရောဂါသည်လို့ ပြောတယ်။ ART ဆေး ပေးတယ်။ တချို့ ဆေးရုံတွေက 350 cells/mm3 ရှိကတည်းက ရောဂါလက္ခဏာ ရှိရှိ- မရှိရှိ ဆေးပေးတယ်။ CD4 နည်းပေမဲ့ ကျန်းမာနေသူလည်း ရှိတယ်။ မနည်းပေမဲ့ နေမကောင်း ဖြစ်နေသူလည်း ရှိပြန်တယ်။

HIV ရောဂါ ရလာရင် CD4 အရေအတွက် ကျဆင်းတယ်။ ART ဆေးပေးပြီးနောက် နလံထမှာ တခါ ပြန်တက်လာတယ်။ CD4 နဲ့ VL ဆက်စပ်နေတာ ရှိသလို တခါတလေ အဲလို မဟုတ်တာလဲ တွေ့နေရတယ်။ ၁ဝ% လောက်မှာ VL ကျနေပေမဲ့ CD4 မတက်ဘူး။ ဒါ့ကြောင့် CD4 တုံ့ပြန်မှု မရှိတာနဲ့ ဆေးကုတာ မထိရောက်ဘူးလို့ မပြောနိုင်ပါ။ Viral load (VL) ဟာလဲ CD4 လောက်တော့ မတိကျပါ။
CD4 ဟာ HIV ပိုးက ဘယ်လောက် ဖျက်ဆီးထားပြီလဲ ဆိုတာကို သိစေနိုင်ပြီး၊ Viral load ကတော့ သွေးထဲမှာ HIV ပိုး ဘယ်လောက် များများ ရှိနေသလဲကို သိစေတယ်။ Viral load များနေတာ မကောင်းဘူး။ 100,000 ကျော်ဆိုရင် ဆေးကုပါလို့ ဆိုတယ်။ အခြေခံ အကျဆုံးအချက်ကို ပြောရရင် “ဆေးစစ်နည်းတွေဆိုတာ လူတွေလိုဘဲ Perfect မဖြစ်ကြပါ။”

CD4 counts 500 -1500/mm3 အတွင်းရှိတယ်။ ပုံမှန်အရေအတွက်က ဓါတ်ခွဲခမ်း တခုနှင့်တခု မတူပါ။ 500-1200×106/L လို့ သတ်မှတ်တာလဲ ရှိတယ်။ CD4 Count 200 cells/mm3 ရှိတာတွေ့ရင် AIDS ရောဂါသည်လို့ ပြောတယ်။ ART ဆေး ပေးတယ်။ တချို့ ဆေးရုံတွေက 350 cells/mm3 ရှိကတည်းက ရောဂါလက္ခဏာ ရှိရှိ- မရှိရှိ ဆေးပေးတယ်။ CD4 နည်းပေမဲ့ ကျန်းမာနေသူလည်း ရှိတယ်။ မနည်းပေမဲ့ နေမကောင်း ဖြစ်နေသူလည်း ရှိပြန်တယ်။

HIV viral load test ခေါ်တဲ့ သွေးထဲမှာ ဒီဗိုင်းရပ်စ် ကော်ပီတွေ ဘယ်လောက်ရှိနေသလဲ သိတဲ့ စမ်းသပ်မှုနဲ့ပါ တွဲမှ ရောဂါ ဆိုးလာတာ၊ ဆေးထိရောက်တာ ပိုသေခြာတယ်။ နည်းလေလေ ကောင်းလေလေဖြစ်တယ်။ များနေရင် မကောင်းပါ။ HIV viral load ၅ သောင်း၊ ၁ သိန်းသာမက၊ ၁ သန်းအထိလဲ ရှိနိုင်တယ်။ HIV viral load ရှာမတွေ့တိုင်းလဲ ရောဂါပျောက်ပြီလို့ မသတ်မှတ်ပါ။ သူများကိုလဲ ကူးစေနိုင်တယ်။ သွေးထဲမှာ နည်းနေရင် စမ်းမတွေ့ပါ။ HIV ပိုးကလဲ သွေးထဲမှာနေတာက ၂% သာရှိတယ်။ HIV မဟုတ်တဲ့ တခြား ရောဂါ-အခြေအနေတွေမှာလည်း ဒီနည်း သုံးပါသေးတယ်။

HIV ဆေး ART စောစောပေးတော့မည်

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ပိုးရှိနေသူတွေကို အရင်သတ်မှတ်ထားတဲ့ကာလထက် စောပြီး ဆေးတိုက်ပေးဘို့ Guidelines လမ်းညွှန်အသစ် ထုတ်လိုက်ပါတယ်။ ဒါကို မလေးရှားမှာ ကျင်းပနေတဲ့ International AIDS conference အစည်းအဝေးမှာ ထုတ်ပြန်လိုက်တာပါ။

လူနာရဲ့ CD4 count အရေအတွက် 500 cells/cumm ၅ဝဝ ထက်အောက် နည်းလာတာနဲ့ ဆေးပေးရပါမယ်။ CD4 ဆိုတာ ဗိုင်းရပ်စ်ကနေ တိုက်တာခံရတဲ့ သွေးဖြူဥတွေဖြစ်ပါတယ်။ သူ့အရေအတွက်ဟာ လူနာရဲ့ ခုခံအားကို ညွှန်ပြနေပါတယ်။ ၅ဝဝ အထိရှိနေရင် ပုံမှန်ဖြစ်ပြီး ၂ဝဝ အထိကျလာရင် ကူးစက်ရောဂါတွေဝင်လာဘို့ အန္ကရာယ် ရှိလာနေပါပြီ။

၂ဝ၁ဝ ခုနှစ်ကထုတ်ခဲ့တဲ့ လမ်းညွှန်ချက်ဟာ CD4 ၃၅ဝ ဖြစ်ပါတယ်။ ၁ဝ နှစ်ကျော်တုံးကတော့ ၂ဝဝ ဆိုမှ ဆေးဝယ်ကြရပါတယ်။ သီးခြား အုပ်စုတွေကိုတော့ HIV ပိုးတွေ့တာနဲ့ CD4 အရေအတွက် ဘယ်လောက်ရှိနေနေ၊ ဆေးသောက်စေရပါမယ်။ Active TB တီဘီပိုးလက်ရှိ ရှိနေသူတွေနဲ့ Hepatitis B အသဲရောင် (ဘီ) ရောဂါ ရနေသူတွေကို ပြောတာပါ။ နောက်ပြီး လိင်အတူနေဘက်ဇနီးခင်ပွန်းမှာ ပိုးရှိနေပြီး ကိုယ့်မှာမရှိသေးသူတွေ၊ ကိုယ်ဝန်ဆောင်နေသူတွေနဲ့ ကလေးနို့တိုက်နေရသူတွေလဲ ဒီစာရင်းထဲမှာပါသလို အသက် ၅ နှစ်အောက် ကလေးတွေကလဲ ပါပါသေးတယ်။

Antiretroviral therapy (ART) ဆေးဆိုတာ Antiretroviral (ARV) ဆေးတွေကိုရောပေးတာဖြစ်ပါတယ်။ တချို့ ဆရာဝန်တွေကတော့ CD4 levels ကိုကြည့်မနေတော့ဘဲ ဆေးပေးပါမယ်။ ဒီလိုုလပ်နိုင်ရင် ကူးစက်ရောဂါပိုးတွေ ဝင်မှာကို တားဆီးနိုင်မယ်၊ အသက်ပိုရှည်နိုင်မယ်လဲ ထင်ရတယ်။

WHO guidelines ဆိုတာ တကယ်တော့ ဆင်းရဲသေးတဲ့နိုင်ငံတွေက အစိုးရတွေအတွက် ပေါ်လစီချဘို့ရာ အကူအညီ ပေးဘို့ ဖြစ်ပါတယ်။ လမ်းညွှန်သစ်အရ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ မချမ်းသာတဲ့နိုင်ငံတွေက လူပေါင်း ၂၆ သန်းဟာ ဆေး စသောက်ရပါလိမ့်မယ်။ အဟောင်းအတိုင်းဆိုရင် လူနာပေါင်း ၁၇ သန်းကသာဆေးသောက်ရပါမယ်။ တကယ် ဆေးသောက်နေရသူ (နေနိုင်သူ) ၁ဝ သန်းရှိပါတယ်။ ပိုးကူးစက်ခံနေရသူပေါင်း တကမ္ဘာလုံးမှာ ၃၄ သန်းရှိပါတယ်။

ဆေးဘိုးနဲ့ ဆေးစစ်ကုန်ကျစရိတ်တွေကို တွက်ချက်ရပါတယ်။ အားလုံးက စျေးနှုန်းကျလာနေပါတယ်။ ကျန်းမာရေး ဘတ်ဂျက် တိုးလာနိုင်တဲ့တိုင်းပြည်တွေကလဲ အလှူရှင်တွေအပေါ်မှီခိုရ သက်သာလာတယ်။ ဥပမာ တောင်အာဖရိကမှာ AIDS ဘတ်ဂျက်ကို ၅ဝဝ% အထိတိုးလာနိုင်ပါပြီ။

အင်္ဂလန်မှာ HIV ပိုးနဲ့အတူနေကြရသူပေါင်း ၉ သိန်းရှိတယ်။ ၄ ယောက်မှာ ၁ ယောက်က ပိုးရှိနေမှန်း မသိကြပါ။ အာဖရိကသွေးပါသူတွေထဲက လိင်တူသမားတွေရော အဖြောင့်သမားတွေရောဟာ စုစုပေါင်းရဲ့ ၄ ပုံ၊ ၃ ပုံဖြစ်ပါတယ်။ ဒါကြောင့် ကူးစက်နိုင်ခြေများသူတွေကို ဦးတည်ပြီး ရောဂါပို ရှိ-မရှိ ရှာဖွေခြင်းဟာ ထိရောက်တဲ့ တားဆီးနည်းဖြစ်ပါတယ်။

လမ်းညွှန်သစ်အရ ရိုးရှင်းတဲ့ဆေး ၃ မျိုးကို ဆေးတတောင့်ထဲမှာသာ ထည့်ထားတာကို သုံးပါမယ်။ Tenofovir + Efavirenz နဲ့ Lamivudine ဒါမှမဟုတ် Emtricitabine ကိုရောထားပါတယ်။ လမ်းညွှန်သစ်ကနေ ကူးနိုင်ခြေ ရှိနေသူတိုင်းကိုတော့ ဆေးသောက်ဖို့ ပြောမထားပါ။ ဥပမာ မူးယစ်ဆေးစွဲနေသူတွေ၊ လိင်လုပ်ငန်း လုပ်နေသူတွေ၊ ဂေးတွေ၊ ယောက်ျား အကျဉ်းသားတွေ၊ ဇနီးခင်ပွန်းမှာ ပိုးရှိသူတွေ ဖြစ်ပါတယ်။ သူတို့ကို နေ့စဉ် Tenofovir pill ပေးနေရင် ကူးလာမှာကို တားနိုင်ပါတယ်။

WHO အဆိုအရ ဒီနည်းလမ်းသစ်ကြောင့် ၂ဝ၂၅ အထိ လူပေါင်း နောက်ထပ် ၃ သန်းကို ကယ်ရာကျနိုင်တယ်လို့ ဆိုပါတယ်။ နည်းသစ်ကို လက်ရှိ အာဂျင်တီးနား၊ ဘရာဇီးလ်နဲ့ အယ်လ်ဂျီးရီးယားနိုင်ငံတွေမှာ လုပ်နေပြီး ဖြစ်ပါတယ်။ ဆေးပေးသင့်တဲ့ စာရင်းထဲမှာ လူနာ ၁၆ သန်းသာရှိရာကနေ အခု ၂၆ သန်းအထိ ရှိလာပါမယ်။ ဒါဟာ ပိုးရှိနေသူတွေထဲက ၈ဝ% နဲ့ညီပါတယ်။ ငွေအားဖြင့် ၁ဝ% တိုးလာဘို့ရှိပါတယ်။ ဒေါ်လာ ၂၃ ဘီလီယန်နဲ့ ညီမျှပါတယ်။

AIDS, TB နဲ့ ငှက်ဖျား တိုက်ဖျက်ရေးလုပ်နေတဲ့ Global Fund နဲ့ Doctors Without Borders အဖွဲကနေ ၂၁ နိုင်ငံက လူနာပေါင်း ၂၈၆ဝဝဝ ကိုဆေးကုပေးနေတဲ့ အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။

ဒါပေမဲ့ Health GAP အဖွဲ့ကတော့ ငွေလှူသူတွေနဲ့ ဆေးထုတ်သူတွေကို ဆက်ပြီးဝေဖန်လိုက်ပါတယ်။ ဒါဟာ အနိမ့်ဆုံးနဲ့ အနည်းဆုံးကိုသာ လုပ်ပေးရာကျတယ်လို့ ဆိုပါတယ်။ အလှူရှင်တွေရော၊ ကုလ အရာရှိတွေရော၊ တောင်ပိုင်း ကမ္ဘာက အစိုးရတွေရောဟာ ခွဲခြားမှုတွေ များနေတယ်လို့ Asia Russell ကနေပြောလိုက်ပါတယ်။

၂၄-၄-၂ဝ၁၃ အင်္ဂလန်မှာ HIV ပြန့်ပွါးမှုကို နောက်မျိုးဆက် မတိုင်မီ ဟန့်တားနိုင်မည်လို့ ကျန်းမာရေးဌာနက ထောက်ကူထားတဲ့ Terrence Higgins Trust လှုံ့ဆော်ရေးအဖွဲ့ကနေ ပြောလိုက်ပါတယ်၊ “ကျွန်တော်-ကျွန်မက စပါမည်၊ HIV ကိုတားနိုင်သည်”။ ဖြစ်နိုင်ခြေများတဲ့ အုပ်စုတွေကို အနည်းဆုံး ၁၂ လမှာ တခါ ဆေးစစ်ဘို့ တိုက်တွန်းပါတယ်။

အင်္ဂလန်မှာ HIV ပိုးနဲ့ အတူနေကြရသူပေါင်း ၉ သိန်းရှိတယ်။ ၄ ယောက်မှာ ၁ ယောက်က ပိုးရှိနေမှန်း မသိကြပါ။ အာဖရိကသွေးပါသူတွေထဲက လိင်တူသမားတွေရော အဖြောင့်သမားတွေရောဟာ စုစုပေါင်းရဲ့ ၄ ပုံ၊ ၃ ပုံဖြစ်ပါတယ်။ ဒါကြောင့် ကူးစက်နိုင်ခြေများသူတွေကို ဦးတည်ပြီး ရောဂါပို ရှိ-မရှိ ရှာဖွေခြင်းဟာ ထိရောက်တဲ့ တားဆီးနည်းဖြစ်ပါတယ်။

ဒီရောဂါအတွက် ကာကွယ်ဆေးရော၊ ပျောက်ကင်းစေမဲ့ ဆေးဝါးပါ လက်တကမ်းမှာ မရှိသေးပါ။ ဒီလိုအခြေအနေမျိုးမှာ လူတွေက ဗိုင်းရပ်စ်တွေ ပြန့်ပွးမှုကို တန့်စေမေဲ့ ဆေးပညာရှေ့ရောက်လာမှုဆိုတာ လက်တကမ်းမှာ ရှိပါတယ်လို့ သဘောပေါက်သင့်ကြပါတယ်။

လူတွေများများကြီးကို HIV ပိုး ရှိ-မရှိ စမ်းသပ်နိုင်လေလေ၊ ဆေးကုသမှုကိုလည်း ခံယူနိုင်လေလေ ကူးစက်ပြန့်ပွါးမှုကို ထိုးကျသွားစေအောင် လုပ်နိုင်မှာ သေချာပါတယ်။ အင်္ဂလန်မှာ တနေရာရာမှာ တယောက်ယောက်ကို မိနစ် ၉ဝ တိုင်းမှာ HIV ရှိ-မရှိ စမ်းသပ်ကြည့်နေပါတယ်။ မြန်မာပြည်မှာလဲ HIV/AIDS ရောဂါ ကျဆင်း၊ ပပျောက်ပါစေ။

ဒေါက်တာတင့်ဆွေ

မှတ်ချက်။ ။ http://dts-medicaleducation.blogspot.com/, https://tintswe.wordpress.com/ တို့မှ ကူးယူဖော်ပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.