ထားဝယ်မြို့ရှိ အရပ်ဖက်အဖွဲ့ဝင်တွေကို ပထမဆုံးအကြိမ် စည်းရုံးလှုံ့ဆော်မှုဆိုင်ရာ အရည်အသွေးမြှင့် သင်တန်းပေး

Colors Rainbow အဖွဲ့အစည်းက ထားဝယ်မြို့နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့ဝင်တွေအတွက် ပထမဆုံးအကြိမ် စည်းရုံးလှုံ့ဆော်မှုဆိုင်ရာအရည်အသွေးမြှင့် (Advocacy skill ) သင်တန်းကို ပြုလုပ်ခဲ့ပါတယ်။

“အရပ်ဖက်အဖွဲ့ဝင်တွေရဲ့ လက်တွေ့လုပ်ဆောင်နေတဲ့ စည်းရုံးလှုံ့ဆော်မူလုပ်ငန်းတွေမှာ ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပါတယ်။ Advocacy သင်တန်းက ဒါပထမဆုံးအကြိမ် ပေးခြင်းပါ”လို့ ထားဝယ်မြို့အခြေစိုက် Colors Rainbow အဖွဲ့မှ ဒေါ်အေးမွန်က ပြောပါတယ်။

အဆိုပါ သင်တန်းကို အရပ်ဖက်အဖွဲ့ဝင်တွေအတွက် စည်းရုံးရေးဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ တိုးတက်ရရှိစေဖို့ ရည်ရွယ်သင်ကြားပေးတာလို့ သိရပါတယ်။

“ကျွန်တော်တို့က လူငယ်တွေဆိုတော့ အသိပညာဆိုတာ ဖြည့်လေလေ လိုလေလေပါပဲ။ တစ်ခုခုတက်ရင် ငါ မသိတာ ဘာကျန်သေးလဲဆိုတာက ခြောက်လန့်နေတာ။ အရင်က Advocacy ကို Comping တစ်ခုလို့ပဲ ထင်ခဲ့တာ။ အခုဆို ကိုယ့်မှာရှိတာနဲ့ နှိုင်းယှဉ်ကြည့်ပြီး ကိုယ်ဘာလိုနေသေးတယ်ဆိုတာ သိလာပြီပေါ့” လို့ သင်တန်းတက်ရောက်ခဲ့သူ The Windows Dawei Youth Club မှ အဖွဲ့ဝင် ကိုညီရှိုင်းက ပြောပါတယ်။

ဒီသင်တန်းကို ထားဝယ်မြို့ ၊ ပညာဗိမာန်ခန်းမမှာ အောက်တိုဘာလ(၂၆)ရက်ကနေ (၂၈)ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသတွင်း အ ရပ်ဖက်အဖွဲ့အစည်းတွေ၊ တောင်သူလယ်သမားအဖွဲ့နဲ့ အမျိုးသမီးအဖွဲ့ဝင်တွေ တက်ရောက်ကြကာ စုစုပေါင်း(၂၄)ဦး တက်ရောက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.