ပထမဆုံးအကြိမ် Mister & Miss New International Model ပွဲနဲ့ Gay of King Myanmar Grand Final ပွဲ ပူးပေါင်းကျင်းပ

ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် Mister & Miss New International Model ပွဲနဲ့ Gay of King Myanmar Grand Final ပွဲကို အောက်တို ဘာလ(၂၁)ရက်နေ့ Excel Tower မှာ ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပသွားပါတယ်။

ဒီပွဲကို King and Queen Beauty Pageant Myanmar Organization မှ တတိယအကြိမ်မြောက် ဦးစီးကျင်းပတာဖြစ်ပြီး ခုလိုပွဲနှစ်ခု ပူး ပေါင်းကျင်းပရတာကတော့ ယောကျာ်း၊ မိန်းမနဲ့ LGBT တွေ အားလုံးက မွေးဖွားလာတဲ့ လူသားခြင်း အတူတူပါပဲဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြချင်တာကြောင့်လို့ သိရပါတယ်။

“Gay ပွဲက မြန်မာနိုင်ငံမှာ ပထမဆုံးပွဲလည်း ဖြစ်တယ်။ ဘယ်သူမှလည်း မလုပ်သေးဘူး။ Gay တွေအနေနဲ့ အပွင့်ပုံစံ မပြိုင်ချင်ကြဘူးလေ။ Mister ပွဲတွေ သွားပြိုင်တော့လည်း အဆင်မပြေကြဘူး။ ဒါကြောင့် သူတို့အတွက် Title တစ်ခု တပ်ပေးလိုက်တဲ့ သဘောလုပ်ပေးတာပါ။ နောက်ပြီး Gay မှာက ပရိသတ်တွေ အများကြီး ရှိတယ်။ Miss နဲ့ Mister ပုံမှန်ပွဲတွေက ပရိသတ်နည်းတာကြောင့်လည်း ပေါင်းလိုက်တာပါ။ ပွဲအဖွင့်သီချင်းမှာ တစ်ဖက်က LGBT အလံလေးကိုင်၊ တဖက်က မြန်မာနိုင်ငံအလံလေးကိုင်ပြီး ထွက်ဖို့လည်း စီစဉ်ထားတယ်” လို့ King and Queen Beauty Pageant Myanmar Organization CEO ကိုပိုင်သူထူးက ပြောပါတယ်။

ဒီပြိုင်ပွဲမှာ Gay ပြိုင်ပွဲဝင် (၂၀)ကျော်ခန့် ပါဝင်ယှဉ်ပြိုင်ကာ တဖက်က Miss နဲ့ Mister ပွဲမှာလည်း အမျိုးသား၊ အမျိုးသမီး (၂၀)ကျော်ခန့် ပါဝင်ယှဉ်ပြိုင်သွားပါတယ်။

“ Gay တွေအတွက် ဘယ်ပွဲမှမတူတဲ့ ဖက်ရှင်ဒီဇိုင်းအသစ်တွေနဲ့ Homo ဆန်တဲ့ ဖက်ရှင်အလန်းတွေကို အသစ်ချုပ်ခိုင်းထားတာ။ကျွန်တော် ဒီပွဲကို အရမ်းအားထည့်ထားပါတယ်။ ဒီဇိုင်နာကော အကုန်အသစ်တွေချည်းပဲ ပြင်ဆင်ထားတယ်” လို့ ကိုပိုင်သူထူးက ထပ်မံ ပြောပါတယ်။

အဆိုပါ Gay ပြိုင်ပွဲမှ ရန်ကုန်တိုင်းကိုယ်စားပြု (၄)ဦး ရွေးချယ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ကာတင် လူရွှေးချယ်မှုကို အောက် တိုဘာလ(၃)ရက်၊ My Hotel မှာ ကျင်းပခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.