Lashio Tomboy and Lesbian Group အဖွဲ့က ဥပဒေပိုင်းဆိုင်ရာအသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့မှာ Lashio Tomboy and Lesbian Group အဖွဲ့က ဥပဒေပိုင်းဆိုင်ရာ အသိပညာပေးစကားဝိုင်းဆွေး နွေးပွဲတစ်ခုကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

စကားဝိုင်းဆွေးနွေးပွဲကို အမျိုးသမီးတွေ ဥပဒေပိုင်းဆိုင်ရာ အသိပညာမြှင့်တက်လာစေရန်နဲ့ အမျိုးသမီးတွေအပေါ် ကာကွယ်ထားတဲ့ ဥပဒေတွေကို သိရှိစေရန်စတဲ့ ရည်ရွယ်ချက်နဲ့ Lashio Tomboy and Lesbian Group အဖွဲ့ရုံးမှာပဲ ပြုလုပ်ခဲ့ကာ LGBT အပါအဝင်    Non-LGBT(၁၀)ဦး တက်ရောက်ခဲ့ပါတယ်။

“ညီမတို့အဖွဲ့အနေနဲ့ အမျိုးသမီးတွေ အကြမ်းဖက်တွေက ဘာလဲဆိုတာ သိလာရင် ကာကွယ်ရမဲ့နည်းလမ်းတွေ၊ တိုင်တန်းမှု နည်းလမ်းတွေ၊ လက်ရှိ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ကာကွယ်ပေးတဲ့ ဥပဒေတွေကို ဆွေးနွေးကြတယ်။ လက်ရှိတော့ ဆွေးနွေးပွဲတွေမှာ အမျိုးသားတွေရဲ့ ပါဝင်မှု အားနည်းနေသေးတယ်။ ဆွဲခေါ်နေရတာပေါ့ ” လို့ Lashio Tomboy and Lesbian Group အဖွဲ့က စီမံကိန်းညွန်ကြားရေးမှူး ဒေါ်ယုယုက ပြောပါတယ်။

ဒီအဖွဲ့ကို Transgender အမျိုးသားနဲ့ Lesbian လူငယ်တွေက ၂၀၁၅ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအဖွဲ့အနေနဲ့ လားရှိုးမြို့၊ လားရှိုးမြို့ရဲ့ နီးစပ်ရာကျေးရွာတွေမှာ LGBT ၊ Genderနဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေ၊ အမျိုးသမီးဆိုင်ရာ ကျန်းမာရေးဗဟုသု တတွေစတဲ့ ပညာပေးဆွေးနွေးပွဲတွေကို ၂၀၁၅ခုနှစ်ကနေ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.