LGBT များ သိထားသင့်သည့် မြန်မာနိုင်ငံ ဥပဒေများ

“ဥပဒေ“ ဟူသည် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစားတို့အကြား နားလည်သဘောတူညီမှု “ကတိကဝတ်” တစ်ခုဖြစ်ပြီး ထိုဥပဒေသည် လူနှင့် လူ့အဖွဲ့အစည်းအကျိုးအလို့ငှာ ပြဌာန်းထားခြင်း ဖြစ်သည်။ ထိုဥပဒေများဖြင့် “လူ့ဂုဏ်သိက္ခာနှင့် ဒီမိုကရေစီရေး”အတွက် အပြည့်အဝ အာမခံချက်ပေးနိုင်သကဲ့သို့ ထိုဥပဒေများဖြင့်ပင် လူသားတို့၏ အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်တို့အား လှုပ်၍မရအောင်လည်း ထိန်းချုပ်၍ ရပေသည်။

ထိုဥပဒေများဖြင့် လူတစ်ယောက်အား အတိုင်းအဆမရှိ ချုပ်ထားနိုင်ကဲ့သို့ ထိုဥပဒေများဖြင့်လည်း အတိုင်းအဆမရှိ လွတ်လပ်မှု ပေးထားနိုင်စွမ်းရှိကြောင်း လူသားတိုင်း သဘောပေါက် နားလည်ထားဖို့ လိုအပ်လှပေသည်။ မိမိအနေဖြင့် ဤနေရာတွင် အနည်းငယ် တင်ပြလိုသည်မှာ မြန်မာပြည်တွင်းရှိ “LGBT များ”နှင့် ပတ်သက်သော၊ လက်ရှိတည်ဆဲဥပဒေများနှင့် ၄င်းတို့၏ အကျိုးဆက်များအကြောင်း ဖြစ်ပါသည်။

တစ်ဆက်တည်းမှာပင် မိမိသည် ဥပဒေပညာရှင် မဟုတ်သဖြင့် မိမိရေးသားတင်ပြချက်များသည် အားနည်းချက်များ ရှိကောင်းရှိနိုင်ပါသည်။ မိမိအနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ(၃၅၄)(က)အရ မိမိယုံကြည်ချက်၊ ထင်မြင်ချက်ကို လွတ်လပ်စွာ ရေးသားတင်ပြခြင်းသာ ဖြစ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။

ပထမဦးဆုံးအနေနှင့် တင်ပြလိုသည်မှာ လိင်တူချစ်သူများကို ကန့်သတ်တားမြစ်ထားသော ဥပဒေပုဒ်မ (၃၇၇) ဖြစ်သည်။ ၄င်း၏အဓိပ္ပာယ်မှာ `“သဘာဝမကျစွာ လိင်ဆက်ဆံမှု၊ တရားနည်းလမ်းမကျစွာ လိင်ဆက်ဆံမှု” ပင် ဖြစ်သည်။

ပထမဦးဆုံးအနေနှင့် တင်ပြလိုသည်မှာ လိင်တူချစ်သူများကို ကန့်သတ်တားမြစ်ထားသော ဥပဒေပုဒ်မ (၃၇၇) ဖြစ်သည်။ ၄င်း၏အဓိပ္ပာယ်မှာ `“သဘာဝမကျစွာ လိင်ဆက်ဆံမှု၊ တရားနည်းလမ်းမကျစွာ လိင်ဆက်ဆံမှု” ပင် ဖြစ်သည်။ ၄င်းအမှုသည် တရားခံမှ (၃၇၇)မြောက်ကြောင်း ထင်ရှားပါက ထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်နိုင်သည်။ ထိုပုဒ်မကို (၁၈၈၈) ကိုလိုနီအုပ်စိုးခဲ့သည့်အချိန်မှ စတင်ပြဋ္ဌာန်းခဲ့သည်ဟု သိရပြီး လက်ရှိမှာလည်း ထိုဥပဒေသည် တည်ရှိနေဆဲဖြစ်သည်။ ယနေ့ကာလသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသောကာလ ဖြစ်သည်။ ယခုချိန်အထိ လွတ်တော်အမတ်များ၏ ဆွေးနွေးမှုတိုင်း၌ ဘာကြောင့်ရယ်မသိ ကျန်နေမြဲဖြစ်သည်ကို တွေ့ရသည်။

အထက်ပါ ပုဒ်မနှင့် ပတ်သက်၍ မိမိတင်ပြလိုသည်မှာ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ(၄၄)တွင် “နိုင်ငံတော်သည် လူ့ဂုဏ်သိက္ခာ ညှိးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ် ပြဌာန်ခွင့်မရှိ” ဟူ၍လည်းကောင်း၊ အခန်း(၈)၊ (ဂ)၃၇၇ ၌လည်း “ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးတစ်ရပ်ရပ်ကို ရယူလိုပါက သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုလွတ်တော် တရားသူကြီးချုပ်သို့ လျှောက်ထားရန်”ဟု ပါရှိပြန်သည်။ အခန်း(၈)၊ ၃၇၉ ၌လည်း အများပြည်သူ လုံခြုံရေးအတွက် လိုအပ်သည့် ကိစ္စမှတပါး ပုဒ်မ(၃၇၇)ပါ အခွင့်အရေးများကို ရပ်ဆိုင်းထားခြင်း မပြုရ”ဟု ပါရှိပြီး ၄င်းသည် ဘာကိုဆိုလိုကြောင်း တိကျစွာ ဖော်ပြထားခြင်းတော့ မတွေ့ရပေ။

ဒုတိယအနေဖြင့် ယနေ့ LGBT များ အများဆုံး အဖမ်းဆီးခံကြရသည်မှာ မှောင်ရိပ်ခို သင်္ကာမကင်းဖြစ်မှု (30 D) ခေါ် ပုဒ်မ ၃၀ (ဃ) ပင် ဖြစ်သည်။

ဒုတိယအနေဖြင့် ယနေ့ LGBT များ အများဆုံး အဖမ်းဆီးခံကြရသည်မှာ မှောင်ရိပ်ခို သင်္ကာမကင်းဖြစ်မှု (30 D) ခေါ် ပုဒ်မ ၃၀ (ဃ) ပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရဲများသည် ဂျီပုန်း ဂျီပွင့်များအား ပုဒ်မ (၃၇၇) ဖြင့် မဖမ်းချင်၊ အလုပ်မရှုပ်ပဲ အလုပ်ဖြစ်ချင်သောအခါ၌ (30 D) ဖြင့် ဖမ်းဆီးပြီး ငွေညှစ်တတ်ကြလေသည်။

အဆိုပါ ဥပဒေပုဒ်မအရ ဖမ်းဆီးသည့်အခါ စည်ပင်နယ်နိမိတ်အတွင်း၌သာ ဖမ်းဆီးပိုင်ခွင့်ရှိပြီး ရဲ(သို့မဟုတ်) အာဏာပိုင်များက မေးမြန်းသောအခါ မေးမြန်းခံရသူက ကောင်းမွန်စွာ ပြန်မဖြေလျှင်လည်း ဖမ်း၍ရပေသည်။ သို့သော် ၄င်းအား နှစ်ပတ်ထဲသာ ချုပ်နှောင်ထားပိုင်ခွင့် ရှိသည်။ လက်ရှိ မိမိ၏ပတ်ဝန်းကျင်မှ အတွေ့အကြုံများအရ ဂျီပုန်း၊ ဂျီပွင့်မများမှာ ၄င်းပုဒ်မဖြင့် ခံကြရသူက ပိုများသည်။
ထိုဥပဒေနှင့် ပတ်သက်၍ (၂၀၀၈) ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း(၃)၊ ပုဒ်မ(၆၄)၌ တွေ့ရသည်မှာ “နိုင်ငံတော်သည် အဂတိကင်းသော (လောကပါလ၊ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီညွတ်မှုဖြင့် ဆောင်ရွက်ပါမည်ဟု အတိအလင်း ပြဋ္ဌာန်းထားသည်ကို လေ့လာသင့်ပေသည်။

တတိယတစ်ခုကား ပြည့်တန်ဆာ လုပ်စားသူတို့အတွက် ၃(က) “ပြည့်တန်ဆာ ပုဒ်မ” ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်း နည်ပါးလွန်းသော ပြည်တွင်းရှိ ဂျီပွင့် မမများ၊ ကိုကိုများ (offer)ဆင်းကြသည့်အခါ ထောင်ဖမ်းသော ရဲများနှင့်တွေ့လျှင် ထိုပုဒ်မဖြင့် အဖမ်းခံကြရပေသည်၊ ၄င်းတို့နည်းတူ မိန်းကလေး လိင်လုပ်သားများလည်း ခံကြရသည်၊၊ မိမိလက်ထဲတွင် ငွေတွေ့ရှိပါက ရဲက ထိုပုဒ်မဖြင့် ဖမ်းလေ့ရှိသည်ဟု ဆိုသည်။

အဆိုပါ ဥပဒေပုဒ်မအရ ထောင်ဒဏ် ငါးနှစ်မှအထက် ချမှတ်နိုင်သည်ဟု သိရသည်။ ယခုအခါ ထိုဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ခြင်း၊ရုတ်သိမ်းခြင်း အစရှိသည်တို့ကို ပြုလုပ်ရန်အတွက် လွှတ်တော်၌ အဆိုတင်သွင်း ဆွေးနွေးနိုင်ရန် လူထုအခြေပြု အဖွဲ့အစည်းများမှ ကြိုးစားနေကြပြီ ဖြစ်သည်။

(၂ဝဝဂ) ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ(၃၄၈) တွင် ဖော်ပြထားသော နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ပတ်သက်၍ “နိုင်ငံတော်သည် မည်သည့်နိုင်ငံသားကိုမှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးအဆင့်အတန်း၊ ယာဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာခြင်းကို အကြောင်းပြု၍ ခွဲခြားခြင်း မရှိစေရဟု ပြဋ္ဌာန်းထားပေသည်။
နောက်ပုဒ်မများမှာ (၁၄၄၊ ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈) အရေးပေါ်ထုတ်ပြန်မှု ဥပဒေများ ဖြစ်သည်။ ကျူးကျော်မှု၊ ကျော်နင်းမှု၊ ဆဲဆိုမှု ရုန်းရန်းဆန်ခတ်စသည်ဖြင့် အမည်တတန်းကြီး တပ်၍ရသော ပုဒ်မများဖြင့်လည်း မြန်မာနိုင်ငံရှိ လိင်တူချစ်သူမျာအပေါ် အရေးယူ ဖမ်းဆီးတတ်ကြပေသည်။

နောက်ပုဒ်မများမှာ (၁၄၄၊ ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၄၈) အရေးပေါ်ထုတ်ပြန်မှု ဥပဒေများ ဖြစ်သည်။ ကျူးကျော်မှု၊ ကျော်နင်းမှု၊ ဆဲဆိုမှု ရုန်းရန်းဆန်ခတ်စသည်ဖြင့် အမည်တတန်းကြီး တပ်၍ရသော ပုဒ်မများဖြင့်လည်း မြန်မာနိုင်ငံရှိ လိင်တူချစ်သူမျာအပေါ် အရေးယူ ဖမ်းဆီးတတ်ကြပေသည်။

အဆိုပါပုဒ်မများအနက် အထူးသဖြင့် ပြည်သူလူထုနှင့် ဂျီ မမများ၊ ကိုကိုများတို့ အများဆုံး အရေးယူ၊ ဖမ်းဆီးခံကြရသည့် ပုဒ်မ(၁၄၄)ကို ရှင်းပြချင်ပါသည်။

၁၄၄သည် ကျူးကျော်မှုဖြစ်ပြီး ၄င်းပုဒ်မဖြင့် အရေးယူပါက ပုဒ်မ(၁၄၄)အမိန့်တွင် အမှု၏ အဓိကလာရခြင်း အကြောင်းအခြင်းအရာများကို ဖော်ပြရမည်။ ပုဒ်မ ၁၄၄ သည် အဆောတလျင်ဖြစ်သော ပြည်သူ့နှောင့်ယှက်မှု၊ စိုးရိမ်ရသော ဘေးအန္တရာယ် (Apperehended Danger) ဆိုက်ရောက်သည့်အခါမှသာ ယာယီအားဖြင့် အသုံးပြုရန် ဖြစ်ပါသည်။ ယေဘူယျစည်းမျဉ်းမှာ အများပြည်သူတို့၏ စည်းကမ်းသေဝပ်မှု၊ တည်ငြိမ်ရေး ပျက်ပြားလိမ့်မည်ဟု မျှော်လင့်သည့်အခါ ဥပဒေချိုးဖောက်သူများအပေါ် အရေးယူရန်ဖြစ်၍ အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအပေါ် အရေးယူရန် မဟုတ်ပါ။

(၁၄ အေအိုင်အာ(ရ်) ၁၉၂၇ လာဟိုစာ-၄၃၀ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄)အရ ထုတ်ပြန်သည့် အမိန့်ကို ဆန့်ကျင်ရုံမျှဖြင့် ပြစ်မှုကျူးလွန်သည်ဟု မယူဆနိုင်။ အဆိုပါဖီဆန်မှုကြောင့် တစ်စုံတစ်ခု ဖြစ်ပျက်လာသော အခါမှသာ၊ (သို့မဟုတ်) တစုံတရာ ဖြစ်နိုင်ဖွယ်ရာ အကြောင်းရှိလာမှသာလျှင်ဟု (ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့် လက်တွေ့ သိမှတ်ဖွယ်ရာများ) ဦအောင်မြတ်ကျော် စာအုပ်၌ ဖော်ပြထားပေသည်။

အထက်ပါ ဥပဒေများသည် LGBT များ အများဆုံး ရင်ဆိုင်ကြုံတွေ့နေကြရသည့် အကြီးမားဆုံးသော စိန်ခေါ်မှု ဥပဒေများပင် ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ဥပဒေဟူသည် ယိုကွက် ဟာကွက်လေးများလည်း ရှိနေသေးကြောင်း၊ ထိုအရာများကို မိမိတို့ မျက်စိဖြင့် မြင်တတ်၊ ကြည့်တတ်၊ ပြောတတ်၊ နေတတ်၊ ထိုင်တတ်၊ သွားတတ်ရန် အင်မတန်မှ အရေးကြီးလှကြောင်းလည်း မိမိတို့ဖက်က LGBT များအနေဖြင့် အထူးသတိထားဖို့ရန် လိုအပ်လှပေသည်။ လူ့အခွင့်အရေးစကားဖြင့် ပြောရမည်ဆိုလျှင် (Right to Responsibility) ဖြစ်သည်။ အခွင့်အရေးတော့ မှန်သည်။ သို့သော် တာဝန်ရှိကြောင်း သတိပြုရန် လိုပါသည်။

သို့ဖြစ်ပါ၍ သင့်အနေနှင့် မိမိသည် LGBT တစ်ယောက် ဖြစ်နေပြီဆိုပါက သင့်၏ အချစ်ရေးအချစ်ရာ ဘာညာကွိကွ ကိစ္စများမှာ တစ်နေ့မဟုတ် တစ်နေ့ အထက်ပါဥပဒေများနှင့် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ ရနိုင်ပါသည်။ ထိုအချိန်အခါမျိုး၌ သင့်အနေဖြင့် အထက်ဖော်ပြပါ ဥပဒေများကို သိထားပြီး သင့်လုံခြုံမှုအတွက် မည်သို့တာဝန်ယူ ဆောင်ရွက်ရမည်ကို သင့်အနေနှင့် ယခုအချိန်မှစ၍ ပြင်ဆင်ထားသင့်ကြောင်း လေးစားစွာဖြင့် အသိပေးရေးသား တင်ပြလိုက်ရပါသည်..။

ချစ်ခင်လေးစားလျက်

နိုင်ထက်ခိုင်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.