ရန်ကုန်မြစ်ထဲမှာ သက်တံရောင်အလံတွေ လွင့်ထူထားတဲ့ သင်္ဘောတွေနဲ့ Yangon Pride Boat Parade ပွဲတော်ကြီးကို စည်ကားစွာကျင်းပ

ဒုတိယအကြိမ်မြောက် Yangon Pride Boat Parade ပွဲတော်ကြီးကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ရန်ကုန်မြစ်ထဲမှာ သက်တံရောင်အလံတွေ လွင့်ထူထားတဲ့ သင်္ဘော(၃)စီးနဲ့ စည်ကားစွာ ကျင်းပခဲ့ကြပါတယ်။

BOAT PRIDE ပွဲတော်ကြီးကို ရန်ကုန်မြို့မှာ ၂၀၁၉ ခုနှစ်က စတင်ကျင်းပခဲ့ကာ ယခုနှစ်မှာလည်း LGBTIQ နဲ့အတူ LGBT တွေရဲ့ မိတ်ဆွေအပေါင်းအသင်းတွေက LGBT ကို ထောက်ခံအားပေးတဲ့အနေနဲ့ သက်တံရောင် အဝတ်အစား တွေ၊ သက်တံရောင် ဆေးရောင်စုံတွေချယ်သပြီး ပျော်ပျော်ပါးပါး တက်ရောက်ခဲ့ကြပါတယ်။

 

ဒါပြင် လက်သန်းတွေကို ပန်းရောင်ချယ်ကာ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ပြန်လည်ပြင်ဆင်ရေးအတွက်လည်း လူမှုကွန်ရက်မှာ လှုံ့ဆော်မှုတွေ လုပ်ခဲ့ပါတယ်။

(၆)နှစ်မြောက် Yangon Pride ပွဲတော်ကြီးကို နိုင်ငံကျော်တေးသံရှင်တွေအပြင် LGBTIQ တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ ဇန်နဝါရီလ (၁၈)ကနေ ဖေဖော်ဝါရီလ (၂)ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ (၂၄)ရက်ကနေ (၂၆) ရက်နေ့အထိ သခင်မြပန်းခြံနဲ့ ဇန်နဝါရီလ (၃၁)ရက်ကနေ ဖေဖော်ဝါရီလ (၂)ရက်နေ့အထိက ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗို၊ နီနီခင်ဇော် ၊ ဖြူဖြူေကျာ်သိန်းနဲ့ AR-T တို့လို နိုင်ငံကျော်တေးသံရှင်တွေရဲ့ အခမဲ့ဖျော်ဖြေတင်ဆက်မှုတွေအပြင် LGBTIQ တွေကို ချစ်ခင်လက်ခံကြောင်းပြသမယ့် Campaign တွေ၊ ရုပ်ရှင်တွေ၊ ကစားနည်းတွေ၊ စကား ဝိုင်းတွေနဲ့ ဖျော်ဖြေမှုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.