လိင်တူလက်ထပ်ထိမ်းမြားမှုကို တရားဝင်စေဖို့ ကြိုးစားနေတဲ့ အိန္ဒိယနိုင်ငံ အမျိုးသားချစ်သူစုံတွဲ

အိန္ဒိယနိုင်ငံက အမျိုးသားချင်း ချစ်သူစုံတွဲ နီကက်ရှ် (Nikesh)နဲ့ စောနူး(Sonu)တို့ဟာ သူတိုရဲ့လိင်တူလက်ထပ်ထိမ်းမြားမှုကို တရားဝင်ဖြစ်စေဖို့ (Kerala) ခယ်ရာလာပြည်နယ်ရဲ့ ဗဟိုတရားရုံးမှာ အသနားခံစာ လျှောက်ထားခဲ့ပါ တယ်။

သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၈ခုနှစ်၊ ဇူလိုင်လက ဘုရားကျောင်းတစ်ခုမှာ ခမ်းခမ်းနားနားကျင်းပခဲ့ကြပြီး ဒီအသနားခံစာမှာတော့ အာမခံလျှောက်တဲ့အခါမှာ ခံစားခွင့်ကို တစ်ဦးကိုတစ်ဦး ပေးနိုင်ခွင့်၊ ပင်စင်ခံစားခွင့်၊ အမွေဆက်ခံ ပိုင်ခွင့်နဲ့ ပူးတွဲဘဏ်အကောင့်ဖွင့်နိုင်ခွင့် စသည်တို့ကို ဖော်ပြထားပါတယ်။

ခယ်ရာလာပြည်နယ်ဟာ မယ်လဘာကမ်းရိုးတမ်းမှာတည်ရှိပြီး LGBT အခွင့်အရေးနဲ့ပတ်သက်ရင်တော့ တိုးတက်မှုအရှိဆုံးသော ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် အိန္ဒိယမှာ လိင်တူချင်းကာမဆက်ဆံမှုဟာ ၂၀၁၈ခုနှစ်မှ တရားဝင်ဖြစ်ခဲ့ပေမယ့် အဲဒီပြည်နယ်မှာတော့ Pride စုဝေးပွဲတွေကို ၂၀၀၉ ခုနှစ်ကတည်းက ကျင်းပနေကျ ဖြစ်ပါတယ်။

ဒါပေမယ့် နီကက်ရှ်နဲ့ ဆောနူးတို့ရဲ့ လိင်တူလက်ထပ်ထိမ်းမြားခြင်းကို တရားဝင်အသိအမှတ်ပြုဖို့ တောင်းဆိုထားချက်ကိုတော့ ဗဟိုတရားရုံးကတော့ မည်သည့်အဖြေကိုမှ ပြန်ပေးခြင်း မရှိသေးပါဘူး။

source- PinkNews

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.