အမျိုးသမီးများရဲ့ အခွင့်အရေးအား ရပ်တည်ကာကွယ်ပေးတဲ့ ဘေကျင်းလုပ်ငန်းစီမံချက် သက်တမ်း(၂၅)နှစ်ပြည့် အထိမ်းအမှတ် စကားဝိုင်းကျင်းပ

အမျိုးသမီးများရဲ့ အခွင့်အရေးအား ရပ်တည်ကာကွယ်ပေးတဲ့ ဘေကျင်းလုပ်ငန်းစီမံချက် သက်တမ်း(၂၅)နှစ်ပြည့် အထိမ်းအမှတ်ပွဲအဖြစ် Goethe Institute မှာ မတ်လ(၉)ရက်နေ့က မျိုးဆက်အားလုံး တန်းတူညီမျှရေး စကားဝိုင်း ဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို Organized အဖြစ် UN Women, Women’s Voice and Leadership Myanmar နဲ့ Canada Embassy တို့ ပါထားပြီး Partnership အဖြစ် Colors Rainbow, Gender Equality Network ၊ Won၊ Myanmar Youth Stars တို့ ပါဝင်ထားပါတယ်။

ဆွေးနွေးပွဲမှာ ဘေကျင်းလုပ်ငန်းစီမံချက် (၂၅)နှစ်ပြည့် ဗီဒီယိုကို ပြသခဲ့ပြီး ဒေါ်ပြုံးသက်သက်ကျော်က စကားဝိုင်းကို ဦးဆောင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်(၆) ဒေါ်သန်းမြင့်အောင်၊ ရန်ကုန် တက္ကသိုလ် စိတ်ပညာဌာန၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာ နီလာကြူ၊ ဒေါက်တာဖြိုးသီဟ၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်နွဲ့ယဉ်ဝင်းနဲ့ မနစ်ကီ (NTPAM)တို့က ကျား-မ တန်းတူညီမျှရေးအတွက် လှုပ်ရှားမှုနှင့် ခေါင်း ဆောင်မှုအတွေ့အကြုံတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါပြင် ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆင်တူတဲ့အတွေ့အကြုံ့တွေရှိပြီး ကျား၊မတန်းတူညီမျှရေးအတွက် ပြည်တွင်း၊ ပြည်ပမှာပါ အားပေးကူညီနေသလို အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိရေး နိုင်ငံတကာအကူအညီပေးတဲ့ မူဝါ ဒကို လွန်ခဲ့တဲ့(၄)နှစ်လောက်က ချမှတ်အကောင်အထည်ဖော်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ကမ္ဘာမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတဲ့ဥပဒေရှိနေဆဲ နိင်ငံတွေဟာ (၁၅၀)ခု နီးပါးခန့် ရှိနေဆဲ ဖြစ်ပါတယ်။ ထို့နောက် မတူကွဲပြားခြားနားသည့် အုပ်စုများ၏ လိုအပ်ချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေအပေါ် အခြေခံသော ဆွေးနွေးမှုများ ဖြစ်ပေါ်စေရန်အတွက် ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့အစည်းမှနေ၍ မျိုးဆက်အားလုံးတန်းတူညီမျှရေး အရပ်သားလူမှုအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းစဉ်ချမှတ်လမ်းညွှန်ပေးသော ပဲ့ကိုင်ကော်မတီတစ်ရပ်ကို ဖွဲ့စည်း သွားမှာ ဖြစ်ပါတယ်။

အဆိုပါ လုပ်ငန်းစဉ်ချမှတ်သော ကော်မတီသည် မည်သူတစ်ဦးတစ်ယောက်မှ ချန်ထားခြင်းမရှိစေရဆိုသော လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်မည်ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ အခွင့်အရေးလှုပ်ရှားမှု၊ LGBTIQ ၊ လူငယ်၊ တိုင်းရင်းသား အမျိုးသမီးတွေနဲ့ ထိခိုက်လွယ်သောအုပ်စုတွေက ကိုယ်စားလှယ်တွေအားလုံး ပါဝင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.