COVID-19 ကာလ LGBT တွေအပေါ် စေတနာထား လှူဒါန်းခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ခိုင်နှင်းဝေ

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်လည်းဖြစ် ပရဟိတမယ်လို့လည်း ခေါ်နိုင်တဲ့သူကတော့ မခိုင်နှင်းဝေပါ။ သူမက အမြဲတမ်း ပရဟိတတွေ လုပ်ကိုင်နေသလို ယခုလို COVID -19 ကာလမှာလည်း သူတတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုနေပါတယ်။ သူမအနေနဲ့ ဒီလိုလှူဒါန်းရာ မှာလည်း လူတန်းစားခွဲခြားမှုမရှိဘဲ တကယ်လိုအပ်နေ တဲ့နေရာတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်းပေးသူလည်း ဖြစ်ပါတယ်။ အခုဆိုရင် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ လှိုင်သာယာက LGBT တွေကို မေလ(၇)ရက်နေ့က သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ LGBT တွေအနေနဲ့ အခုလိုကပ်ရောဂါဖြစ်ပွားနေချိန်မှာ အခက်အခဲ ကိုယ်စီနဲ့ ရင်ဆိုင်နေကြရပါတယ်။ သူမရဲ့ LGBT တွေအပေါ် စေတနာ ထား လှူဒါန်းမှုလေးဖြစ်ပေါ်လာပုံကို အခုလို မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

မင်္ဂလာပါ…မခိုင်နှင်းဝေ…။

မင်္ဂလာပါ….။

မေး- မခိုင်နှင်းဝေအနေနဲ့ အခုလို COVID -19 ကာလမှာ တတ်နိုင်သမျှ လှူဒါန်းမှုတွေ လုပ်နေတာ တွေ့ရပါတယ်။ အခုလည်း လှိုင်သာယာ မှာရှိတဲ့ LGBT တွေကို လာရောက်လှူဒါန်းရတဲ့ ရည်ရွယ်ချက်လေးကို သိချင်ပါတယ်။

ဖြေ- LGBT ဆိုတာ အစ်မတို့နဲ့ စိမ်းတဲ့သူတွေ မဟုတ်ဘူးလေ။ အစ်မတို့က ငယ်ငယ်ကတည်းက မင်းသမီးလုပ်လာတာဆိုတော့ မိတ်ကပ် ဆရာတွေ သူတို့တွေနဲ့လည်း အမြဲတမ်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေခဲ့ကြတာလေ။ ပြီးတော့ မိသားစုလိုမျိုးနေခဲ့ကြတာလည်း များတယ်။ အခုဆိုရင် အစ်မပရဟိတလုပ်တဲ့အခါမှာ လူတန်းစားပေါင်းစုံ လှူတယ်။ လှူတဲ့အခါကျတော့ အခုလိုမျိုး ကပ်ရောဂါကြီးဖြစ်နေတဲ့အချိန်မှာ အကုန်လုံးက စီးပွားရေးတွေ နားလိုက်ရတဲ့အချိန်ဖြစ်တော့ LGBT မိတ်ကပ် ဆရာတွေဆိုလို့ရှိရင် သူတို့ဆိုင်တွေပိတ်ထားရတယ်။ မိတ် ကပ်ပြင်လို့ မရဘူး။ အစ်မတို့ဆိုရင်တောင်မှ အလုပ်တွေနားလိုက်ရတယ်။ သူတို့တွေဆိုရင်လည်း အလုပ်တွေနားလိုက်ရတဲ့အခါမှာ စား ဝတ်နေရေးမှာ ခက်ခဲတဲ့အပိုင်းတွေ အများကြီးရှိလာတယ်။ မိတ်ကပ်ဆရာတွေဆိုရင် အရင်တုန်းက မိတ်ကပ်တွေလိမ်းလာတာ စောစော က အစ်မလှူခဲ့တဲ့ဆိုင်ဆိုရင် ဆံပင်ညှပ်၊ မိတ်ကပ်လိမ်းတယ်။ ဒါတွေက အခုလိုအချိန်မှာ အကုန်လုံးပိတ်လိုက်ရတဲ့အခါ သူတို့ဘယ်နေရာ မှာ သွားအလုပ်လုပ်မလဲ၊ စီးပွားရေးတွေ အကုန်ထိခိုက်တယ်။ ဒီလိုထိခိုက်ရတဲ့အပြင် သူတို့အနေနဲ့အပြင်မှာ သွားအလုပ်လုပ်မယ်ဆိုရင် ဘာလုပ်စားမလဲပေါ့။ ဒါမျိုးတွေအများကြီး ရှိတယ်။ LGBT ဆိုတာလည်း အစ်မကတော့ လူကို လူသားလို့ပဲမြင်တယ်။ အစ်မတို့ ပရဟိတ လုပ်တဲ့အတွက်ကြောင့် အားလုံးကို လူတန်းစားပေါင်းစုံမရွေး လူသားမရွေး အစ်မကတော့ လှူပေးတဲ့ပုံစံမျိုးနဲ့ လှူခဲ့တာပါ။

မေး- အခု အစ်မ အိမ်ခြေ၊ မိသားစု ဘယ်နှစ်စုစာလှူခဲ့တာသလဲ။ အဓိက ဘယ်လိုစားသောက်ကုန်တွေ လှူခဲ့သလဲ…။

ဖြေ- အခုလှူတာက ယူနိုက်တက်အက်ဆိုတာက ဆရာဦးအောင်မျိုးမင်းတို့နဲ့ အစ်မက အမြဲတမ်း ၂၀၁၅ ကတည်းက ယူနိုက်တက်အက်အ ဖွဲ့က အစ်မကို ကလေးသူငယ်လူကုန်ကူးမှုတားဆီးရေး အထူးသံတမာန်အဖြစ် ခန့်အပ်ထားခြင်းကိုခံရတယ်ဆိုတော့ ဒီအဖွဲ့နဲ့က အရမ်း မိသားစုဆန်တယ်။ အမြဲတမ်းလည်း အလုပ်တွေ အတူလုပ်ရတယ်။ ပွဲတွေလမ်းတွေဆိုလည်း ကလေးတွေနဲ့ အမြဲတမ်းရင်းနှီးတယ်။ ပြ ဇာတ်တိုက်တာကအစ အကုန်လုံးကလေးတွေရဲ့အကြောင်းလည်း သိတယ်။ ကလေးတွေဘယ်မှာ နေတယ် သူတို့အရင်ကတည်းက စား ဝတ်နေရေး အဆင်မပြေတဲ့ကလေးတွေလည်း ရှိတယ်ဆိုတော့ ယူနိုက်တက်အက်အဖွဲ့နဲ့ LGBT တွေကို သီးသန့် အစ်မအိမ်ထောင်စု (၂၀၀) စာ လှူပေးတာပါ။ လှူပေးတာတော့ ဆန်ရယ်၊ ဆီရယ်၊ ဆား၊ ကြာဆံ၊ ပဲ နောက်ပြီး အမွှေးဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံတို့ ကြက် ဥတို့ ပါပါတယ်။

မေး- အခုလိုမျိုး LGBT တွေကို လှူဒါန်းရတဲ့အတွက် အစ်အနေနဲ့ စိတ်ထဲမှာ ဘယ်လိုခံစားရသလဲ။ LGBT တွေကို အစ်မအနေနဲ့ ဘယ်လို သဘောထားသလဲ။

ဖြေ- ဒီရောဂါကြီးမဖြစ်ခင်ကတည်းကဆိုရင် အစ်မကလေ (၁၈)နှစ်ကတည်း မင်းသမီးလုပ်နေတဲ့အခါကျတော့ အဲတုန်းက လိမ်းခဲ့တဲ့ မိတ် ကပ်ဆရာတွေရှိတယ်။ အဲချိန်က သူတို့အသက်ဆိုရင် ဘယ်လောက်ရှိမလဲ။ (၄၀) ကျော်၊ (၅၀) လောက်ရှိမယ်။ အစ်မတို့ ဒီလိုအသက်အ ရွယ်မှာ တချို့ဆို ဆုံးသွားကြတဲ့သူတွေလည်း ရှိတယ်။ တချို့မဆုံးသေးတဲ့ အစ်မမိတ်ကပ်ဆရာတွေ ရှိတယ်။ သူတို့တွေ ဘဝတွေမှာ အသက်ကြီးလာတဲ့အခါ စားဝတ်နေရေးအတွက် ခက်ခဲတယ်။ တချို့ကျ ကျောထောက် နောက်ခံမရှိတာတွေ ရှိတယ်။ နောက်ပြီး အသက် ကြီးလာတဲ့ မိတ်ကပ်ဆရာတွေဆိုရင် အစ်မက သနားလည်း သနားတယ်၊ ချစ်လည်း ချစ်တယ်။ တချို့တွေကျ ငယ်ရွယ်တဲ့ အချိန်တွေမှာ မစုမဆောင်းမိတဲ့အခါကျတော့ အသက်ကြီးလာတဲ့အချိန်မှာ ငယ်တဲ့သူတွေက မလေးမစားလုပ်တာတွေ ရှိတယ်။ အစ်မတို့မြင်နေကျပါ။ ဒါက LGBT မှမဟုတ်ဘူး။ အပြင်လောကမှာလည်း အသက်ကြီးတဲ့သူတွေကို ငယ်တဲ့သူတွေက သိပ်မလေးစားချင်ကြဘူး။ သူတို့တွေ အသက်တွေကြီးလာကျ ကျောထောက်နောက်ခံကမရှိ လုပ်စားကိုင်စားဖို့ မရှိတဲ့အခါကျတော့ သူတို့ဘဝတွေကို အစ်မကိုယ်ချင်းစာတယ်။ သနားလည်း သနားတယ်။ အဲဒီအတွက်ကြောင့် လိုက်လှူပေးတာ။ အခု ဒီနေ့မှာဆိုရင် အစ်မတွေ့ရတယ်။ ဆိုင်တွေပိတ်လိုက်တဲ့အချိန်မှာ သူတို့

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.