သင်တန်းကြေးမတတ်နိုင်တဲ့ ဝါသနာရှင် LGBT တွေကို အခမဲ့သင်ကြားပေးသွားမယ့် မိတ်ကပ်နဲ့ အလှဖန်တီးရှင် စိုးစိုးဒါလီ

မိတ်ကပ်နဲ့ အလှဖန်တီးရှင် စိုးစိုးဒါလီအနေနဲ့ လာမယ့် သြဂုတ်လမှာ Promotion မိတ်ကပ်၊ ဆံတုံး အလှပြင်သင်တန်းတစ်ခုကို သင်ကြား ဖွင့်လှစ်သွားမယ့်မှာ ဖြစ်ပြီး ဝါသနာပါပြီး ငွေကြေးမတတ်နိုင်တဲ့ LGBT တွေကို အခမဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

စိုးစိုးဒါလီအနေနဲ့ မိမိလို LGBT တွေကို မြေတောင်မြှောက်ပေးတဲ့အနေနဲ့ အခုလို အခမဲ့သင်ကြားပြသွားမှာဖြစ်ပြီး သင်တန်းကို စည်းကမ်း လိုက်နာပြီး ဝါသနာပါတဲ့ LGBT တွေကိုသာ ရွေးချယ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

“တကယ် ဒီသင်တန်းလေးကို တက်ချင်တယ် ဝါသနာပါတယ် ဒါနဲ့ အသက်မွေးဝမ်းကျောင်းလေးလုပ်ချင်တယ်ဆိုရင် စိုးကို စာရင်းလေး မြန်မြန်ပေးစေချင်ပါတယ်။ စိုးတို့လို LGBT တွေ တကယ်ပဲ မိတ်ကပ်ဆံပင်ကို ဝါသနာပါပြီးတော့ အသက်မွေး ဝမ်းကျောင်းပြုချင်တယ် ဆိုရင် စိုးက ကိုယ်တတ်ထားတဲ့ ပညာတွေကို ဝေမျှပေးချင်ပါတယ်။ သင်ပြပေးချင်ပါတယ်။ သင်တန်းကြေးပေးတက်နိုင်တဲ့ LGBT တွေက ပေးတက်နိုင်သလို တကယ်သင်တန်းကြေးအတွက် ်အခက်အခဲဖြစ်နေတဲ့ LGBT လေးတွေအနေနဲ့ စိုးက ပညာဒါနအနေနဲ့ သင်ကြားပေး ပါ့မယ်။ ဒါပေမယ့် သင်ထောက်ကူပစ္စည်းလေးတွေတော့ ယူဆောင်လာရပါ့မယ်”လို့ မိတ်ကပ်နဲ့ အလှဖန်တီးရှင် စိုးစိုးဒါလီက ပြောပါတယ်။

သင်တန်းကို တက်ရောက်သင်ကြားလိုပါက 09- 420033340 ကို ဆက်သွယ်နိုင်ကာ အသေးစိတ်မေးမြန်းနိုင်ပါတယ်။ သင်တန်းကာလကို တစ်ပတ်၊ တစ်လ ကြိုက်နှစ်သက်ရာ ရွေးချယ်တက်ရောက်နိုင်ပြီး LGBT အပါအဝင် သင်တန်းသား (၅၀)ဦးကို သင်ကြားပေးသွားမှာ ဖြစ်ပါ တယ်။

ဒါပြင် သင်တန်းကို တက်ရောက်သူတွေအနေနဲ့ ဝါရင့် မိတ်ကပ် ဆရာ၊ ဆရာမတွေကို တွေ့ဆုံခွင့်ရမှာ ဖြစ်သလို ရရှိလာတဲ့ သင်တန်း ကြေးအချို့ကိုလည်း ဆရာ၊ ဆရာမတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

စိုးစိုးဒါလီအေနနဲ့ မိတ်ကပ် ဆံတုံး အလှပြင် သင်တန်းကို ၂၀၁၅ ခုနှစ်ကတည်းက ဖွင့်လှစ်သင်ကြားပြသခဲ့တာဖြစ်ပြီး ယခုလို LGBTတွေကို အခမဲ့ပညာဒါနသင်ကြားပေးတာကတော့ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.