ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှာ SOGLE Talk for University Students စကားဝိုင်းပြုလုပ်

ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှာ LGBT ကျောင်းသား၊ ကျောင်းသူတွေအပေါ် နားလည်လာစေဖို့ SOGLE Talk for University Students & Same-sex relationship is legal or Not စကားဝိုင်းကို ဖေဖော်ဝါရီလ(၂၇)ရက်က Colors Rainbow အဖွဲ့အစည်းနဲ့ ပူးပေါင်းပြုလုပ်ခဲ့ပါ တယ်။

“ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာဌာနမှာ ၂၀၁၆ကစပြီး Human Rights Education ကို အကောင်အထည်ဖော်တယ်။ Human Rights Subject ကိုလည်း တတိယနှစ် ကျောင်းသူ၊ ကျောင်းသားတွေကို သင်ကြားပေးတယ်။ လူသားအားလုံးနဲ့ဆိုင်တဲ့ အခွင့်အရေးတွေ အကုန်လုံးကို ကျောင်းသား၊ ကျောင်းသူတွေ လေ့လာခွင့်ရအောင် ဆရာမက စီစဉ်ပေးခဲ့တယ်။ အဲဒီထဲမှာ LGBT တွေနဲ့ ပတ်သက်ပြီး LGBT တွေကလည်း လူသားထဲက လူသားတွေပဲ အတူတူပဲ။ လူသားတိုင်းရရှိတဲ့ အခွင့်အေရးတွေကို သူတို့လည်းပဲ ရသင့်တယ်။ သူတို့ဆီမှာရှိနေ တဲ့ သူများတွေရထားပေမယ့် သူတို့မှာမရတဲ့အခွင့်အရေးတွေက ဘာတွေလည်းဆိုတာ ဒီလူ့အခွင့်အရေးဘာသာရပ်တွေကို သင်ယူနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ သိရှိသင့်တယ်လို့ ယူဆ ပြီး ကျောင်းသူ၊ ကျောင်းသားတွေကိုလည်း ဗဟုသုရစေချင်တယ်” လို့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာဌာန၊ ပါမောက္ခ ဌာနမှူး ဒေါက်တာ သီသီလွင်က ပြောပါတယ်။

ဒီစကားဝိုင်းလေးကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာဌာန၊ ပါမောက္ခ ဌာနမှူးသာမက ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ တွေ စိတ်ဝင်တစားတက်ရောက်ခဲ့ပါတယ်။

ဒီစကားဝိုင်းကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဥပဒေပညာ ကျောင်းသား၊ ကျောင်းသူများအသင်းက ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး Colors Rainbow အဖွဲ့အစည်းက ပုံပိုးကူညီထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.