Pride Month ကို ဂုဏ်ပြုတဲ့အနေနဲ့ LGBT အချစ်ဇာတ်လမ်းပုံစံ Music Video ရိုက်ကူးခဲ့တဲ့ မိထ္တီလာမြို့ တက်သစ်စအဆိုတော်တွေ

မိထ္တီလာမြို့ တက်သစ်စလူငယ်အဆိုတော်တွေက ၂၀၂၀ ခုနှစ် ဇွန်လမှာ ကျရောက်တဲ့ Pride Month ကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့ Music Video လေးကို LGBT အချစ်ဇာတ်လမ်းပုံစံရိုက်ကူးပြီး လူမှုကွန်ယက်ပေါ်တင်ခဲ့ပါတယ်။


#Sad ဝမ်းနည်းခြင်းလို့ အမည်ရတဲ့ ဒီ Music Video လေးကို ဇွန်လ(၂၈)ရက်က လူမှုကွန်ယက်ပေါ်တင်ခဲ့ပြီး သုံးပတ်အကြာမှာ ကြည့်ရှု့သူ ပေါင်း 25 K ကျော်တဲ့အထိ အားပေးမှုရရှိခဲ့ပါတယ်။

ဒီ Music Video လေးကို အဆိုတော် သက်တံ့နဲ့ အေးထွန်းကျော်က သီဆိုထားပြီး ဒါဟာ သူတို့ရဲ့ ပထမဦးဆုံးသော Music Video လေး လည်း ဖြစ်ပါတယ်။

“အစက မိန်းကလေးနဲ့ပဲရိုက်ဖို့ စီစဉ်ခဲ့ပေမယ့် ဇွန်လက LGBT တွေရဲ့ Pride Month ဖြစ်တာကြောင့် သူတို့ကို ကျွန်တော်တို့အနေနဲ့ Supporting ပေးတဲ့အနေနဲ့ ရိုက်ဖြစ်ခဲ့တာပါ။  LGBT ကို ကျွန်တော်တို့အနေနဲ့ ဘယ်လိုမြင်သလဲဆိုရင် သူတို့ကလည်း လူထဲက လူတွေ ပဲလေ။ ကျွန်တော်တို့ လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ ရှိတယ်။ သူတို့က သိမ်မွေ့တယ်၊ ပွင့်လင်းတယ်၊ ရိုးသားကြတယ်ဗျ၊ ကျွန်တော် တို့ LGBT ကို သဘောကျတဲ့အချက်က အဲဒီအချက်ပဲ။ သီချင်းတင်လိုက်တဲ့အချိန်မှာ အောက်က Comment တွေလာတယ်။ အရာရာတိုင်း ကတော့ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာပဲလေ။ လက်ခံတဲ့သူရှိသလို လက်မခံတဲ့သူလည်း ရှိတာပဲလေ။ သူတို့နားမလည်တာကိုလည်း လက်ခံပါတယ်။ ဒါက ကျွန်တော်တို့ ဖန်တီးထားတဲ့ အနုပညာတစ်ခုပဲလေ”လို့ အဆိုတော် သက်တံ့နဲ့ အေးထွန်းကျော်တို့က ပြောပါတယ်။

ဒီMusic Video လေးမှယ သရုပ်ဆောင်တွေအဖြစ် အောင်ခန့်ထွန်း၊ ခန့်ဇင်ထွဋ် တို့အပြင် LGBT တစ်ဦးအဖြစ်ခံယူထားတဲ့ ရဲရင့်အောင်က လည်း ပါဝင်အားဖြည့်ထားပါတယ်။

“ဒီ Music Video လေးကို လက်ခံရိုက်ကူးဖြစ်တာကတော့ ကျွန်တော်ကိုယ်တိုင်ကလည်း Gay တစ်ယောက်ဖြစ်နေတဲ့အတွက် ရိုက်ကူးဖြစ် တာပါ။ နောက်ပြီတော့ ပြီးသွားခဲ့တဲ့ ဇွန်လက Pride Month လည်းဖြစ်တယ်၊ ဒီဟာအတွက် အထိမ်းအမှတ်ဖြစ်စေချင်လို့လည်း ရိုက်ကူးဖြစ် တာပါ။ LGBT တွေလည်း တခြားသူတွေနည်းတူ အရာအားလုံးကို ကိုယ်တိုင်အားလုံးလုပ်ဆောင်နိုင်တယ်။ ယောကျာ်းနဲ့ မိန်းမချစ်မှ အချစ်မ ဟုတ်ပါဘူး။ ယောကျာ်းလေးချင်းချစ်လည်း အချစ်ပဲ၊ မိန်းကလေးချင်းချစ်လည်း အချစ်ပါပဲ”လို့ သရုပ်ဆောင် ရဲရင့်အောင်က ပါဝင်ဖြစ်ခဲ့ပုံကို ပြောပြပေးပါတယ်။

#Sad ဝမ်းနည်းခြင်းလို့ အမည်ရတဲ့ ဒီ Music Video လေးကို ကလောမြို့မှာ ရိုက်ကူးထားတာဖြစ်ပြီး Style list အဖြစ် LGBT တစ်ဦးဖြစ်တဲ့ ကိုရာဟုမောင်ကလည်း ပါဝင်ကူညီပေးထားပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.