လိင်

လူတစ်ယောက်သည် တစ်ပတ်လျှင် တစ်ကြိမ် လိင်ဆက်ဆံခြင်းဖြင့် စိတ်ကြည်လင် လန်းဆန်းစေခြင်း၊ ခွန်အားများ ပြန်လည်ပြည့်ဖြိုးစေခြင်း၊ စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးခြင်း၊ နုပျိုသွက်လက်ခြင်း စသည့်အကျိုးကျေးဇူးများကို ခံစားရကြောင့် ကျန်းမာရေး စာစောင်တစ်ခုတွင် ကျွန်တော် ဖတ်ဖူးသည်။

လိင်စိတ်ယိမ်းယိုင်မှု Sexual Orientation အရ လိင်တူချင်းနှစ်သက်သူ Homosexually ဖြစ်သူများသည် လိင်ကိစ္စနှင့်ပက်သက်ပြီး ပိုပြီး ပွင့်လင်းမြင်သာမှု ရှိသည်ဟု ကျွန်တော်ထင်သည်။ သာမန် Straight တစ်ဦးထက် Homo တစ်ဦးသည် လိင်ဆက်ဆံဖော်ပို၍ များပြားကြောင်း ကျန်းမာရေးစာစောင်တစ်ခု၏ စစ်တမ်းအရ ဖော်ပြခဲ့ဖူးတာ ကျွန်တော် ဖတ်ခဲ့ဖူးသည်။

အမှန်တော့ ကျွန်တော်တို့၏ နေ့စဉ် လူနေမှုဘဝတွင် လိင်သည် အမြဲတမ်းလိုလို ပါဝင်ပက်သက်နေခြင်း ဖြစ်သည်။ လူရယ်လို့ ဖြစ်လာကတည်းက အသွေးနဲ့ကိုယ် အသားနဲ့ကိုယ် တည်ဆောက်ထားကြသည့်သူခြင်းမို့ ထိုကိစ္စနှင့် ကင်းနိုင်သောသူဟူ၍ ရှားသည်။ အချိန်တန်လျှင် အသွေးအသား၏ တောင့်တချက်အရ ဖြည့်ဆည်းပေးရသည်ချည်းသာ။

သို့သော် ကျွန်တော်တို့တွေ ဘယ်လိုပုံစံနဲ့ လိင်ဆက်ဆံကြမှာလဲ။

အဓိကအားဖြင့်တော့ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှု Safe Sex ဖြစ်ဖို့ အရေးကြီးသည်။ တဒင်္ဂ အသွေးအသားဆန္ဒ ပြေပျောက်ဖို့အတွက် တစ်ဘဝလုံး မလဲပစ်လိုက်ရဖို့ သတိပြုရမည်။ အထူးသဖြင့် အပျော်အပါးမက်သူ လိင်ဆက်ဆံဖော်များသူများအနေဖြင့် မိမိကိုယ်ကို လုံခြုံအောင် ကာကွယ်တတ်ဖို့ လိုအပ်သည်။ လိင်နှင့်ပက်သက်သော ကူးစက်ရောဂါများ၊ နမော်နမဲ့ လိင်ဆက်ဆံခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများအပြင် အန္တရာယ်ကင်းသော လိင်ဆက်ဆံနည်းများကိုပါ အထူးလေ့လာထားရန် လိုအပ်သည်။

လောကကြီးတွင် မည်သည့်အရာမဆို အကောင်းနှင့်အဆိုးသည် အမြဲဒွန်တွဲနေတတ်သည်။ လိင်ဆက်ဆံခြင်းကြောင့် ကောင်းကျိုးများရှိသလို ဆိုးကျိုးများလည်း ရှိပါသည်။ အသက်ကို ဉာဏ်စောင့်ဆိုသလို မိမိကျန်းမာရေးနှင့် အသက်ခန္ဓာကိုယ်အတွက် မိမိအသိစိတ်ဖြင့်သာ ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။

Homo အများစု လိင်ဆက်ဆံပါက Blow Job ဟုခေါ်သော လိင်အင်္ဂါကို ပါးစပ်ဖြင့် စုပ်ခြင်းအား ပြုလုပ်ခြင်းကို အထူးနှစ်သက်တတ်ကြသည်။ Blow Job ပြုလုပ်ခြင်းသည် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းထက် အန္တရာယ်ကင်းသည်ဟုဆိုသော်လည်း ၁၀၀ ရာခိုင်နှုန်း စိတ်ချရသော လိင်မှုကိစ္စ မဟုတ်ပါ။ ပါးစပ်အတွင်း အာခံတွင်းများ ပေါက်ပြဲကာ သွေးစသွေးန ထွက်နေပါက Blow Job ပြုလုပ်ခြင်းကိုအထူးရှောင်ကြဉ်သင့်သည်။ Blow Job ပြုလုပ်ခြင်းဖြင့် ကာလသားရောဂါ HIV ပိုးနှင့် အခြား လိင်ရောဂါပိုးများ ကူးစက်ခံရနိုင်သည်ကိုသတိပြုပါ။

လိင်အင်္ဂါ မသန့်ရှင်းခြင်း၊ ညစ်ညမ်းနေသော လိင်အင်္ဂါများကို Blow Job ပြုလုပ်ပေးခြင်းဖြင့်လည်း ကျန်းမာရေးဆိုးကျိုးများ ရှိနိုင်သည်ကို သတိပြုစေလိုသည်။ အမျိုးသားအချင်းချင်း လိင်ဆက်ဆံလျှင် များသောအားဖြင့် စအိုလမ်းကြောင်းကို အသုံးပြုတတ်ကြသည်။ စအိုလမ်းကြောင်းကို အသုံးပြုပြီး လိင်ဆက်ဆံခြင်းသည် သာမန်လိင်ဆက်ဆံခြင်းထက် ၉၉.၉၉ ရာခိုင်နှုန်း ရောဂါပိုး ကူးစက်ခံရနိုင်ရန် အခွင့် အလမ်း ပိုများသည်။ စအို၏အတွင်းသား အမြှေးပါးနံရံများသည် အလွန်ပါးလွှာ နူးညံ့သည်။ ထို့ ကြောင့်အမျိုးသားလိင်တံဖြင့် ကြမ်းကြမ်းတမ်းတမ်း ထိုးသွင်းခြင်းခံရပါက အလွယ်တကူပဲ ပေါက်ပြဲသွားကာ သွေးယိုစိမ့်မှုဖြစ်ပြီး ရောဂါကူးစက်ခံရနိုင်ရန် ပိုမိုလွယ်ကူသည်။

လောကကြီးတွင် မည်သည့်အရာမဆို အကောင်းနှင့်အဆိုးသည် အမြဲဒွန်တွဲနေတတ်သည်။ လိင်ဆက်ဆံခြင်းကြောင့် ကောင်းကျိုးများရှိသလို ဆိုးကျိုးများလည်း ရှိပါသည်။ အသက်ကို ဉာဏ်စောင့်ဆိုသလို မိမိကျန်းမာရေးနှင့် အသက်ခန္ဓာကိုယ်အတွက် မိမိအသိစိတ်ဖြင့်သာ ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။

လူသားတစ်ယောက်၏ အရေးကြီးဆုံးတာဝန်မှာ မျိုးဆက်ပြန့်ပွားရေးဟု ကျွန်တော့်ကို လူတစ်ယောက်က ဆိုဖူးသည်။ လူရယ်လို ဖြစ်လာလျှင် လူသားမျိုးဆက် မပြတ်သုန်းစေဖို့ လူသားမျိုးနွယ်ကြီး ဆက်လက်တည်တံ့ ခိုင်မြဲစေဖို့ မိမိရဲ့ မျိုးဆက် Generation များကို ကမ္ဘာမြေပေါ်တွင် ဆက်လက်အသက်ရှင် နေထိုင်ကျန်ရစ်ခဲ့စေဖို့က အရေးအကြီးဆုံး အလုပ်ဖြစ်သည်ဟု ၎င်းက ဆိုပါသည်။

လိင်သည် လူသားတိုင်းအတွက် မရှိမဖြစ်သော အရာတစ်ခု ဖြစ်သည်ဟု ဆိုသော်ငြားလည်း အခန့်မသင့်ပါက လူတွေကို ဒုက္ခပေးနိုင်သည်ကို စွဲမြဲစွာ သိထားဖို့ လိုသည်။

၎င်း၏အဆိုအရဆိုလျှင် လူသားတစ်ယောက်၏ အရေးကြီးဆုံးတာဝန်ကို ထမ်းဆောင်ရန်အတွက်မှာ လိင်သည် အဓိကကျနေပါသည်။ လိင်ဆက်ဆံခြင်းသည် အများအမြင်မှာမြင်သလို မကောင်းသည့်အရာတစ်ခု မဟုတ်ပါ။ တကယ်တော့ လိင်ဆက်ဆံခြင်းသည် လူသားတိုင်း ပြုလုပ်နေကြသည့် သဘာဝ၏ အရေးကြီးဆုံး ကိစ္စရပ်တစ်ခုပဲ ဖြစ်သည်။ လိင်ဆက်ဆံခြင်းအားဖြင့် မိမိတို့၏ ချစ်ခြင်းမေတ္တာကို ပိုမိုခိုင်မြဲစေသည်။ လိင်ဆက်ဆံခြင်းအားဖြင့် ချစ်သူနှစ်ဦးကြား အမှတ်ရစရာများ ကျန်ရစ်စေကာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု ပိုလာစေသည်။

မေထုန်ပြုခြင်းခေါ်  လိင်ဆက်ဆံခြင်းသည် အမှန်တကယ်တော့ လူသားတွေအတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်ပါသည်။ သာမန်ထက်ပိုသော လိင်ဆက်ဆံလိုစိတ် ပြင်းပြနေသူများနှင့် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု အခြားသူများထက် ပိုမိုထူးကဲနေသူများအဖို့တော့ လိင်သည် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သောအဆင့်မှသည် အန္တရာယ်ပေးနိုင်သော အဆင့်သို့ ရောက်ရှိသွားနိုင်သည်။ အထူးသဖြင့် လိင်ဆက်ဆံခြင်းအားဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဥပမာ (ကိုယ်ဝန်ဆောင်ခြင်း) မျိုး မရှိနိုင်သည့် လိင်တူချစ်သူများအနေဖြင့် မိမိ၏ လိင်ဆက်ဆံရေးအား ဗရမ်းဗတာ မဖြစ်အောင် သိက္ခာဖြင့် ထိန်းသိမ်းစေလိုသည်။

လိင်သည် လူသားတိုင်းအတွက် မရှိမဖြစ်သော အရာတစ်ခု ဖြစ်သည်ဟု ဆိုသော်ငြားလည်း အခန့်မသင့်ပါက လူတွေကို ဒုက္ခပေးနိုင်သည်ကို စွဲမြဲစွာ သိထားဖို့ လိုသည်။ လိင်နှင့် ပက်သက်သော ဗဟုသုတများ အသိပညာပေး စာစောင်များ မိမိတတ်စွမ်းသလောက် လက်လှမ်းမီသလောက် ဖတ်ရှုကြစေလိုသည်။ Sex နှင့်ပက်သက်သော Knowledge မှန်သမျှ လေ့လာထားခြင်းအားဖြင့် မိမိအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်သည်။ ကျန်းမာသော လူသားတစ်ဦးဖြစ်စေရန် လိင်ဆက်ဆံခြင်းကို စနစ်တကျ ထိန်းချုပ်ခြင်းအားဖြင့် မိမိဘဝကို ကယ်တင်ပါ။

Love Alone

 

မှတ်ချက်။            ။ http://boylovealone.blogspot မှ ကူးယူဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.