ဧပြီလ (၅) ရက်နေ့ကို မလေးရှားနိုင်ငံသူ Transgender Activist Nisha Ayub ကို ဂုဏ်ပြုတဲ့အနေနဲ့ Nisha Ayub Day အဖြစ် ဆန်ဒီယာဂိုမြို့က ဂုဏ်ပြုသတ်မှတ်

Transgender အခွင့်အရေး တက်ကြွလှုပ်ရှားသူ Nisha Ayub ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဧပြီလ (၅) ရက်နေ့ကို Nisha Ayub နေ့အဖြစ် သတ်မှတ်ကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယာဂိုမြို့က ကြေငြာလိုက်ပါတယ်။

Transgender တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး သူမရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်နေမှုတွေအပေါ် ဂုဏ်ပြုတဲ့အနေနဲ့ အထက်ပါအတိုင်း သတ်မှတ်ဂုဏ်ပြုရတာဖြစ်ကြောင်း ဆန်ဒီယာဂိုမြို့ရဲ့ မြို့တော်ဝန်ဖြစ်သူ Kevin L. Faulconer က ဧပြီလ (၅) ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

မကြာသေးခင် ကာလပိုင်းလောက်ကတင် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ပေးအပ်တဲ့ နိုင်ငံတကာ အမျိုးသမီးများ ရဲစွမ်းသတ္တိဆု ချီးမြှင့်ခံခဲ့ရသူတစ်ဦးဖြစ်သူ Nisha Ayub အနေနဲ့ ဒီသတင်းဟာ သူမအတွက်တော့ အချိုပေါ် သကာလောင်းတဲ့သတင်းလည်း ဖြစ်ပါတယ်။

Nisha Ayub ဟာ မလေးရှားနိုင်ငံသူတစ်ဦးဖြစ်ပြီး မလေးရှားနိုင်ငံတခွင် အစ္စလာမ် ရှရီယာဥပဒေနဲ့ ဖိနှိပ်ခံနေရတဲ့ Transgender တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် လူသိများ ထင်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Nisha Ayub ဟာ မလေးရှားနိုင်ငံသူတစ်ဦးဖြစ်ပြီး မလေးရှားနိုင်ငံတခွင် အစ္စလာမ် ရှရီယာဥပဒေနဲ့ ဖိနှိပ်ခံနေရတဲ့ Transgender တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် လူသိများ ထင်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၇၉ ဧပြီလ (၅) ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦးဖြစ်တဲ့ Nisha Ayub ကတော့ သူမရဲ့ မွေးရက်မှာ အထက်ပါအတိုင်း သတ်မှတ်ခံခဲ့ရတဲ့အပေါ် အိပ်မက်တစ်ခုလို ခံစားမိကြောင်း သူမက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ဧပြီလ (၅) ရက်ကို Nisha Ayub နေ့အနေနဲ့ ဆန်ဒီယာဂိုမြို့က သတ်မှတ်ဂုဏ်ပြုခဲ့ပါတယ်။ တစ်ကယ်က ဒီနေ့ဟာ ကျမရဲ့မွေးနေ့ပါ” လို့ သူမရဲ့ ဆိုရှယ်လူမှုစာမျက်နှာဖြစ်တဲ့ Facebook မှာ ရေးသားခဲ့ပါတယ်။

Nisha Ayub ဟာ ဒီလို ဂုဏ်ပြုခံရမှုတွေအပြင် ဆန်ဒီယာဂိုမြို့တော် ကော်မရှင်နာဖြစ်သူ Nicole Murray Ramirez က ပေးအပ်တဲ့ Jose Julio Sarria နိုင်ငံသား အခွင့်အရေးဆုကိုလည်း ရရှိခဲ့ပါတယ်။ ၎င်းအပြင် ၂၀၁၅ ခုနှစ်ကလည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပေးအပ်တဲ့ Alison Des Forges ဆုကိုလည်း ရရှိခဲ့ပါတယ်။

အခုအခါမှာ အသက် (၃၆) နှစ်ရှိပြီဖြစ်တဲ့ Nisha Ayub ဟာ ကိုယ်တိုင်ကလည်း Transgender တစ်ဦးဖြစ်တဲ့အတွက် လူ့အခွင့်အရေးအမျိုးမျိုး ခံခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ သူမဟာ အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်စားဆင်ယင် နေထိုင်တဲ့ အတွက် ၂၀၀၀ ခုနှစ်က မလေးရှားရဲတွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး အမျိုးသားအကျဉ်းထောင်မှာ အကျဉ်းချထားခြင်း ခံရကာ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုအမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မလေးရှားနိုင်ငံမှာ ပြဌာန်းထားတဲ့ ရှရီယာဥပဒေအရ အမျိုးသားတစ်ဦးအနေနဲ့ လူအများမြင်ကွင်းရှေ့မှာ အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင် နေထိုင်ပါက မလေးရှားရင်းဂစ်ငွေ တစ်ထောင်နဲ့ ထောင်ခြောက်လ အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။

Nisha Ayub ဟာ အခုအခါမှာတော့ Transwomen တွေ၊ လိင်အလုပ်သမားတွေ၊ HIV ဗိုင်းရစ်ပိုး ကူးစက်ခံထားရတဲ့ သူတွေအတွက် ဆောင်ရွက်နေတဲ့ Seed Foundation ကို တည်ထောင်ကာ ဦးဆောင်လျက် ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.