အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အမျိုးသမီး ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကြီးမှာ Kings N Queens မှ ပထမဆုရရှိ

မတ်လ(၈)ရက်နေ့မှာ ကျရောက်ခဲတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီး ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကြီးကို မတ်လ(၃)ရက်နေ့မှာ ပထမဦးဆုံးအကြိမ်ကျင်းခဲ့ရာမှာ Kings N Queens အမျိုးသမီးဘောလုံးအသင်းက ပထမဆုဖလားကို ရရှိခဲ့ပါတယ်။

အဆိုပါ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို Women’s Leugue of Burma မှ ဦးဆောင်၍ မတ်လ (၂) ရက်နေ့ မှ ဖွင့်ပွဲပြုလုပ်ခဲ့ပြီး အမျိုးသမီးဘောလုံးအသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

“Kings N Queens အဖွဲ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့တွေမှာ နှစ်တိုင်းပူးပေါင်းပါဝင်ခဲ့တယ်။ ၂၀၁၄ က ခုနှစ်က စလို့ပေါ့။အရင်နှစ်တွေကဆို နေပြည်တော်မှာ Roll Play တွေ လုပ်တယ်။ ဒီနှစ်မှ ထူးထူး ခြားခြား ဘောလုံးပွဲပါလာတယ်။ King N Queen ကလည်း ပါမယ်ပေါ့။ ကိုယ့်ကလေးတွေ ဆန္ဒနဲ့လည်း ကိုက်ညီတယ်လေ။ lesbian တွေက ဘောလုံးမှအရည်အချင်းရှိပြီးသား။ ပါရင်နိုင်မယ်ဆိုတာ သိပြီးသားပေါ့ ။ အခုလို ဆုရတာ ဂုဏ်ယူတယ်။ ချစ်ကြည်ရေးပွဲမှာ သန့်သန့်ရှင်းရှင်း နှစ်နာမှုမရှိဘဲ ပထမဆုကိုရခဲ့လို့ပါ”ဟု Kings N Queens LGBT အဖွဲ့မှ ကိုတင်ကိုကိုက ပြောသည်။

အဆိုပါ ချစ်ကြည်ရေးအနေဖြင့် ကျင်းပသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၁၈ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ(၃)ရက်နေ့မှ (၁၀)ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

“လေ့ကျင့်ချိန်က (၃)ရက်ထဲ ရတယ်။အမျိုးသမီးနေ့ ဂုဏ်ပြုတာ ဒီနှစ်မှ ဘောလုံးကစားပွဲက ပါဝင်တာပေါ့ ။ သည်းခံပြီး အားလုံးပါဝင်လာအောင် ကြိုးစားခဲ့ရတယ်”ဟု Kings N Queens မှ ‘ချစ်သောမောင်’က ပြောသည်။

အမျိုးသမီးချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွင် Women’s League Of Burma(WLB), Kachin Women (KW), Women Intiate Platform(WIP), Kings N Queens (KNQ), Students Christian Movement (SCM), ActionAid (AA), Women’s Organization Network(WON) နှင့် Girls United(GU) စသည့် အဖွဲ့များမှ ပါဝင်ကစားခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.