COVID-19 ကာလ စားဝတ်နေရေးခက်ခဲနေတဲ့ ရမည်းသင်းမြို့က LGBTတွေကို မိထ္တီလာ အခြေစိုက် (GenZ Htila )အဖွဲ့မှ ငွေကြေး လှူဒါန်း

ရမည်းသင်းမြို့နယ်မှာ COVID-19 ကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့အတွက် LGBT တွေကို မိထ္တီလာ အခြေစိုက် (GenZ Htila LGBGT ) အဖွဲ့ကနေ ဇွန်လ(၁၈)ရက်မှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

ဒီလိုလှူဒါန်းရာမှာ COVID-19 ကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ LGBT သက်ကြီးရွယ်အိုတွေ၊ အလုပ်အကိုင်မဲ့နေတဲ့ နေ့စားအလုပ်ကြမ်း လုပ်ကိုင်နေသူတွေ၊ လယ်အလုပ်သားတွေ၊ မိတ်ကပ်၊ ဘဘင်အက၊ နတ်ကတော်၊ လိင်လုပ်သား အစရှိတဲ့ LGBT (၁၃)ဦးကိုသာ ငွေကြေး ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

” ဒီအလှူကို လှူဖြစ်ပုံက ကျွန်တော်နေထိုင်တဲ့ ရမည်းသင်းမြို့နယ်က LGBT တစ်ဦးက ဖုန်းဆက်လာတယ်။ သူတို့တွေ အခက်အခဲဖြစ်နေ ကြတယ်။ ၁၅ ယောက်လောက် ရှိတယ်ပေါ့။ အကူအညီလိုနေကြတယ်။ စားစရာ သောက်စရာမရှိတော့တဲ့ အခြေအနေမျိုးတွေ ဖြစ်နေကြ တယ်ဆိုပြီး ဖုန်းဆက်တာတဲ့အတွက် အလှူလုပ်ဖို့ ရည်ရွယ်ခဲ့တာပါ။ တကယ် အင်မတန်လိုအပ်နေ့တဲ့အချိန်မျိုးမှာ ကူညီတဲ့အတွက် ကျေး ဇူးတင်ကြောင်း အထပ်ထပ်ပြောပါတယ်”လို့ မိထ္တီလာအခြေစိုက် (GenZ Htila LGBGT )အဖွဲ့ Founder ဖြစ်တဲ့ ကိုရာဟုမောင်က ပြောပါ တယ်။

ဒါပြင် လက်ရှိ အခက်အခဲတွေ့ကြူံနေရတဲ့ ရမည်းသင်းမြို့နယ်က LGBT တစ်ဦးကလည်း အခုလိုပြောပါတယ်။

“အခက်အခဲဆိုတာ LGBT တွေမှာ အများကြီးရှိပါတယ်။ တကယ့်မိတ်ကပ်လိမ်းရမယ့် ရာသီ၊ လိမ်းရမယ့် မိတ်ကပ်တွေလည်း ဝယ်ထားပြီး ပြီ။ ပြောထားသူတွေလည်း ရှိပြီ။ အခုရောဂါဖြစ်နေချိန်မှာ ဘာမှကို အလုပ်မဖြစ်တော့ဘူး။ အခုလို ရုတ်တရက်ကြီး ဒီရောဂါဖြစ်လာတော့ ကျွန်မတို့ LGBT တွေ အကုန်ဒုက္ခရောက်ရတယ်။ တချို့ ကျွန်မသူငယ်ချင်းတွေ Night Out ထွက်တာတွေရှိတယ်။ ထွက်ပြန်တော့လည်း အလုပ်ကအဆင်မပြေဘူး။ ဌာနဆိုင်ရာတွေက သူတို့အချိန်သတ်မှတ်ထားလို့ဆိုပြီး ကလေးတွေကို ရိုက်နှက်ခေါ်သွားတာတွေ ရှိတယ်။ အဲဒီ လိုတွေရှိတော့ တော်ရုံညထွက်ဆိုတာ မရှိတော့ဘူး။ ကျွန်မတို့လည်း ဒီလောကထဲမှာ ဒီအလုပ်ပဲ လုပ်တတ်တာဆိုတော့ အခုဆို မရရတာ တော့ လုပ်ရတော့မှာပေါ့” လို့ ပြောပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.