International Transgender Day of Visibility အထိမ်းအမှတ်ပွဲကို &PROUD Studio မှာ ပထမဦးဆုံးအကြိမ် ကျင်းပ

မြန်မာနိုင်ငံက Transgender တွေရဲ့ အခွင့်အရေးတွေ၊ ပြုမှုနေထိုင်မှုတွေကို ပိုမို အသိအမှတ်ပြုလာစေရန် ရည်ရွယ်၍ International Transgender Day of Visibility အထိမ်းအမှတ်ပွဲကို မတ်လ(၃၁)ရက်က ရန်ကုန်မြို့ရှိ &PROUD Studio မှာ ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

“ဒီပွဲက နိုင်ငံတကာမှာ ၂၀၀၉ ခုနှစ်ကစပြီး ကျင်းပခဲ့တာ။ ဘာကြောင့် အခုလို လုပ်လာကြသလဲဆိုရင် (TDoR) Transgender Day of Remembrance ဆိုပြီး လုပ်ကြတယ်ပေါ့။ အဲတော့ အသက်ရှင်ကျန်နေတဲ့ ကျွန်မတို့အတွက်ကကော ဘယ်လိုတွေ လုပ်မလဲပေါ့။ ကျွန်မတို့ကျတော့ ဂုဏ်မပြုတော့ဘူးလားပေါ့။ ဒါကြောင့် ဒီနေ့ကဆိုရင် အသက်ရှင်ကျန်ရစ်နေတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ ဆန့်ကျင်ဖက်လိင်ကဲ့သို့ ခံယူပြုမူနေထိုင်သူများ မဟာမိတ် (NTPAM) အဖွဲ့မှ တည်ထောင်သူ မယာယာအေးမြတ်က ပြောပါတယ်။

အခုလို မတ်လ(၃၁)ရက်မှာ ကျရောက်တဲ့ International Transgender Day of Visibility အထိမ်းအမှတ်ပွဲကို မြန်မာနိုင်ငံက Transgender တွေ ပါဝင်ဆင်နွဲလို့ရအောင် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

“ဒီနေ့ လာဖြစ်တာက Transgender Day ဖြစ်တဲ့အတွက် ညီမက Transgender အမျိုးသမီးတစ်ယောက်ပါ။ ဒါကြောင့် လာရောက် အား ဖြည့် ကူညီပေးတာပါ။ အကအလှတွေနဲ့ ဖျော်ဖြေမှာပါ “လို့ Transgender အမျိုးသမီး မိတ်ကပ် လင်းလင်းက ပြောပါတယ်။

&PROUD Studio မှ ကျင်းပတဲ့ International Transgender Day of Visibility အထိမ်းအမှတ်ပွဲကို LGBT လူငယ်(၂၀)ကျော် စိတ်ဝင်တစား တက်ရောက်ခဲ့ကြကာ တက်ရောက်လာသူတွေကို Transgender အမျိုးသမီး၊ Transgender အမျိုးသားတွေက အက အလှ၊ တေးသီ ချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.