LGBT တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ပုံဖော်ရိုက်ကူးထားတဲ့ နီနီခင်ဇော်ရဲ့ “Stand By Me” သီချင်း  

နီနီခင်ဇော်ရဲ့ မကြာသေးမီမှ ထွက်ရှိထားတဲ့ “Stand By Me” Music Video သီချင်းမှာ LGBT ချစ်သူစုံတွဲတွေနဲ့ ပုံဖော်ရိုက်ကူးထားတာကို တွေ့ရပါတယ်။

ဒီသီချင်းမှာ LGBT (Lesbian, Gays, Bisexual, Transgender) တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အဓိက ပုံဖော်ရိုက်ကူးထားတဲ့အတွက် LGBT အသိုင်းအဝိုင်းသာမက ပရိသတ်တွေကြားမှာလည်း ရေပန်းစားအောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်နေပါပြီ။

သူမရဲ့ Facebook ပေါ်မှာလည်း ” Love is pure ”အချစ်ဆိုတာ … တယောက်နဲ့တယောက် ချစ်နေဖို့သာ အရေးကြီးတာပါ။ စွန့်လွှတ်ခြင်းပဲဖြစ်ဖြစ် တူတူရှိနေခြင်းပဲ ဖြစ်ဖြစ် လူသားတဦးနဲ့တဦး ချစ်ဖို့သာ အဓိက။ ဒီနေ့သီချင်းလေး တပုဒ်တင်ပေးမယ်နော် …သူတို့စုံတွဲလေးတွေကြည့်ဖို့ ရင်ခုန်နေပြီလား” လို့ ရေးသားထားတာ တွေ့ရပါတယ်။

သူမရဲ့ “Stand by Me” သီချင်းကို သြဂုတ်လ (၁၃)ရက်နေ့က ပရိသတ်နဲ့စတင်မိတ်ဆက်လိုက်တာဖြစ်ပြီး အောင်မြင့်မြတ်နဲ့ အိမီမီကို၊ မိတ်ကပ် မေဦးနဲ့ ဟန်လင်း၊ မိတ်ကပ် မထက်နဲ့ စိုင်းတွမ်ခမ်၊ ယမင်းစုမော်နဲ့ သဲသဲ၊ ဖြိုးဖြိုးနဲ့ မျိုးဦးစတဲ့ LGBT ချစ်သူစုံတွဲတွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.