LGBT တွေရဲ့ ဖြစ်တည်မှု၊ အခွင့်အရေးတွေကို စနစ်တကျ ရေးသားဖော်ပြလာနိုင်စေဖို့ Feature/ Column ရေးသားနည်း သင်တန်းပြုလုပ်

LGBT တွေရဲ့ ဖြစ်တည်မှု၊ အခွင့်အရေးတွေကို စနစ်တကျ ရေးသားဖော်ပြလာနိုင်စေဖို့ Colors Rainbow အဖွဲ့အစည်းက Featureနဲ့ Column ရေးသားနည်း သင်တန်းတစ်ခုကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

အဆိုပါ သင်တန်းကို Foundation for A Just Societyရဲ့ ကူညီပံ့ပိုးမှုနဲ့ Colors Rainbow အဖွဲ့အစည်းက ဦးဆောင်ကာ စာပေဝါသနာပါတဲ့ LGBT လူငယ်(၁၅)ဦးကို ပထမဆုံးအကြိမ် သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။

“နောက်ပိုင်း ဒီသင်တန်းကလူတွေနဲ့ လက်တွဲပြီး ဆက်လက်လုပ်ဆောင်သွားဖို့ ကြိုးစားပါ့မယ် “လို့ Colors Rainbow မှ Deputy Director လှမြတ်ထွန်းက ပြောပါတယ်။

ဒီသင်တန်းဟာဆိုရင် LGBT လူငယ်တွေကို အများပြည်သူ သိရှိနားလည်နိုင်စေတဲ့ စာပေရေးသားပုံ ရေးသားနည်းစနစ်တွေကို အလေး ထား သင်ကြားပြသပေးခဲ့တဲ့ ပထမဆုံး စာပေးရေးသားနည်း သင်တန်းတစ်ခုလည်း ဖြစ်ပါတယ်။

” မီဒီယာဆိုတာ ပြည်သူတွေအတွက် ကြားခံပေးတဲ့အရာလို့ ကျွန်တော်မြင်တယ်။ အခက်အခဲတွေကို တင်ပြပေးနိုင်တဲ့ ကြားခံနယ်တစ်ခုလို့လည်း မြင်တယ်။ ဒီသင်တန်းကနေ စာရေးသားပုံ ရေးသားနည်းတွေ ရခဲ့တယ်။ အရင်တုန်းကဆိုရင် ဒီတိုင်းအလွတ်ပဲ ရေးခဲ့တယ်။ ဘယ်ကနေ ဘယ်လိုရေးရမလဲဆိုတာ မသိခဲ့ဘူး။ အခုတော့ သတင်းရေးတဲ့အခါ ဘယ်လိုစံနှုန်းတွေနဲ့ ရေးရမယ်ဆိုတာ သိလာတယ်။ အခုလိုတက်ခွင့်ရတာ အရမ်းကောင်းပါတယ်။ နောက်လည်း ဒီလိုသင်တန်းမျိုးတွေ များများလုပ်စေချင်ပါတယ်”လို့ သင်တန်းသားတစ်ဦးဖြစ်တဲ့ မောင်လုံးက ပြောပါတယ်။

ဒီသင်တန်းကို ဇူလိုင်လ(၁၀)ရက်ကနေ (၁၂)ရက်အထိ ဗိုလ်တစ်ထောင်မြို့နယ်ရှိ Vintage Luxury Yacht Hotel မှာ သင်ကြားပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.