LGBTIQ များအတွက် သီးသန့် ဒစ်ဂျင်တယ်လုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မှာ ပြုလုပ်မည်

LGBTIQ တွေအတွက် သီးသန့်ရည်ရွယ်တဲ့ ဆိုရှယ်မီဒီယာနဲ့ မိုဘိုင်းဖုန်းဆိုင်ရာ လုံခြုံရေးနည်းလမ်းများကို မျှဝေပေးမယ့် ဒစ်ဂျင်တယ်လုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Digital Security Workshop) တစ်ရပ်ကို New Myanmar Foundation ရုံးမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မေလ(၁)ရက်နေ့မှာ ပြုလုပ်ဖို့ရှိတဲ့ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ (Workshop) အတွက် LGBTIQ သင်တန်းသား တွေကိုသာ ခေါ်ယူသွားမှာဖြစ်ပြီး သင်တန်းသား (၁၅) ဦးအထိသာ ကန့်သတ်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

“ရည်ရွယ်ချက်က Facebook သုံးတဲ့အခါ လုံခြုံရေးကို ဘယ်လိုကာကွယ်ကြမလဲဆိုတာပေါ့။ Digi Women က မကြယ်ရီလင်းစစ်နဲ့ New Myanmar Foundation တို့ အတူပူးပေါင်းပြုလုပ်တာပါ။ LGBTIQ သီးသန့်ပါပဲ” လို့ Can Dal က ဆိုပါတယ်။

အဆိုပါ Work Shop သို့ တက်ရောက်လိုတဲ့ LGBTIQ တွေအနေနဲ့ ဖုန်းနံပါတ် 09 955518280 သို့ ဆက် သွယ်စာရင်းပေးနိုင်ပြီး ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ပျားရည်ကုန်းရပ်ကွက်၊ အမှတ် ၃၅ ၊ ၅လွှာ မှာ ဖွင့်လှစ်ထားရှိတဲ့ New Myanmar Foundation ရုံးမှာ မနက်(၁၀)နာရီကနေ ညနေ(၅)နာရီအထိ သင်ကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.