Transgender အမျိုးသမီးတွေက သူမရဲ့ သင်ဆရာ၊ မြင်ဆရာတွေပါလို့ဆိုတဲ့ Model ဇာဇာထက်

Model ဇာဇာထက်က သူမရဲ့ ဆွဲဆောင်မှုပြင်းရှတဲ့ Post အများစုက Transgender အမျိုးသမီးတွေဆီက သင်ယူခဲ့ရတာကြောင့် သူတို့က သူမရဲ့ သင်ဆရာ၊ မြင်ဆရာတွေပါလို့ ဆိုလိုက်ပါတယ်။

“အစ်မ Model စလုပ်တုန်းကဆိုရင် အစ်မရဲ့ Idol တွေက Gay တွေပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်မလုပ်နိုင်တဲ့ Mood တွေကို သူတို့က လုပ်နိုင်တယ်။ မျက်လုံး Moodတွေဆို သူတို့က ပိုပြီးတော့ အားကောင်းတယ်။ သူတို့ဆီက အိုက်တင်တွေ သင်ယူရတယ်။ သူတို့ကလည်း ကိုယ့်ရဲ့သင်ဆရာ၊ မြင်ဆရာတွေထဲ ပါတာပေါ့။ သူတို့ရဲ့ အိုက်တင်တွေလည်း အရမ်းသဘောကျတယ်ပေါ့” လို့ Model ဇာဇာထက်က ပြောပါတယ်။

သူမအနေနဲ့ ငယ်စဉ်က Transgender အမျိုးသားတစ်ဦးလို နေထိုင်ခဲ့သူဖြစ်ပြီး လက်ရှိ Gay of the king Myanmar 2018 ပွဲတွေမှာ ဒိုင်အနေနဲ့ပါဝင်ကာ သူမချစ်တဲ့ LGBT အသိုင်းဝိုင်းကို Support ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။

“အစ်မ ငယ်ငယ်ကလည်း ယောက်ျားလျာဖြစ်ခဲ့တော့ သူတို့ဘဝကို နားလည်တယ်။ ငယ်ငယ်ကဆို ယောက်ျားလေးလိုနေတော့ ယောက်ျားလေး သူငယ်ချင်းတွေက ဟေ့ကောင် ဟေ့ကောင်ခေါ်ပြီး ဆံပင်ဆွဲတာတွေ ရှိတယ်။ ဒါကြောင့် ကိုယ့်မှာ ခံစားချက်တွေ ရှိခဲ့တော့ သူတို့ကို ဝန်းရံဖို့ ဖြစ်လာတာပေါ။ အစ်မက LGBTတွေကို သဘောကျတယ်။ ချစ်တယ်။ သူတို့လည်း အစ်မတို့လိုပဲ အရမ်းခက်ခဲတယ်လေ။ တစ်ချို့က ပတ်ဝန်းကျင်ကြောင့် အခြောက်ဆိုပြီး ဝိုင်းပြောကြတော့ ကိုယ့်ကိုယ်ကို Confidence မလုပ်နိုင်ဘူး။ အစ်မတို့ (၇)တန်း၊ (၈)တန်းအရွယ်ကတည်းက ကျောင်းတွေမှာ Gay ဆိုရင် အရမ်းအနိုင်ကျင့်ကြတာ။ တစ်ချို့ဆို sex ကိစ္စတွေမှာတောင် အနိုင်ကျင့်ခံရတာတွေ ရှိတယ်ပေါ့။ အစ်မက အဲဒါမျိုးကို လက်မခံဘူး။ အခုနောက်ပိုင်း LGBT Organization တွေ အများကြီးပေါ်လာတာ ကောင်းပါတယ်”လို့ သူမက ပြောပါတယ်။

လက်ရှိမှာတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုကတော့ သိပ်ထူးထူးခြားခြားမရှိဘဲ ဓါတ်ပုံရိုက်၊ ဖိတ်ကြားထားတဲ့ LGBT ပွဲတွေကို တက်ရောက်အားပေးနေပြီး စာမေးပွဲအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.