လိင်တူနှစ်ခြိုက်မှုဆိုင်ရာ ပညာရပ်အဘိဓာန် အပိုင်း(၄)

ခွဲခြားဆက်ဆံမှုဆန့်ကျင်ခြင်းဥပဒေများ / Anti-Discrimination Laws

ဥရောပနဲ့ အမေရိကန်က ဂေးအခွင့်အရေး လှုပ်ရှားသူအဖွဲ့အစည်းတွေမှာ အဓိကထားရှိတဲ့ ရည်မှန်းချက်တစ်ရပ် ရှိတယ်။ အဲဒါကတော့ လိင်ပိုင်းတိမ်းညွတ်မှုအပေါ် အခြေပြုပြီး ခွဲခြားဆက်ဆံတာမျိုးကို ဆန့်ကျင်ကာကွယ်တဲ့ ဥပဒေမျိုးတွေ ပြဋ္ဌာန်းလာရေးပဲ။ ကမ္ဘာတစ်ဝန်းလုံးက ဂေးလွတ်မြောက်ရေးအဖွဲ့တွေမှာလည်း ဒီလိုရည်မှန်းချက်မျိုး ရှိကြတယ်။ အလုပ်အကိုင်ခန့်အပ်မှု(အစိုးရပိုင်းကရော၊ ပုဂ္ဂလိကပိုင်းက လုပ်ငန်းရှင်တွေရော)၊ အိမ်ရာနေထိုင်မှုနဲ့ ဟိုတယ်၊ အရက်ဘားတွေလိုမျိုး အများပြည်သူ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ ခွဲခြားဆက်ဆံမှု မရှိဖို့ကို ဥပဒေအရ ကာကွယ်ပေးထားမှုတွေကတော့ ယေဘုယျအားဖြင့် ရှိနေပြီလို့ ဆိုရမယ်။ ဒါ့အပြင် သမိုင်းမှာ အေအိုင်ဒီအက်စ်ရောဂါသည်တွေကိုတောင် လိင်အရအခြေခံပြီး ခွဲခြားဆက်ဆံမှု လုပ်မခံရအောင် ကာကွယ်ပေးထားတာတွေရှိလာတာ မကြာသေးဘူး။ ဥရောပနိုင်ငံကြီး အတော်များများမှာ လိင်ပိုင်းတိမ်းညွှတ်မှု အခြေခံ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တားဆီးတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းထားလာကြပြီ။ အမေရိကန်မှာတော့ ပြည်နယ်တချို့နဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေမှာ ဒီဥပဒေတွေကို ပြဋ္ဌာန်းထားတယ်။ အမေရိကန်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ချက် (၁၄) နဲ့ နိုင်ငံသားအခွင့်အရေးဥပဒေဆိုတာ ထွက်ပေါ်ပြီးနောက်ပိုင်း ခွဲခြားဆက်ဆံမှု ဆန့်ကျင်တားဆီးမှု ဥပဒေဆိုင်ရာ အုပ်ချုပ်ရေးဆိုတာကို တန်းတူ အကာအကွယ်ပေးမှု အဆင့်အတန်းအဖြစ် သတ်မှတ်ထားတယ်။ တန်းတူ အကာအကွယ်ပေးမှုအဆင့်ဆိုတာက ဖွဲ့စည်းပုံဥပဒေနဲ့ အောက်လွှတ်တော်ဥပဒေအပေါ် တရားရေးပိုင်းက အနက်ပြန်ယူထားပုံကို မူတည်ပြီး ညှိနှိုင်းယူလို့ ရနိုင်တယ်။ ဒီအတွက် ပြည်နယ်နဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ကနေ ဥပဒေတွေကို အကြိမ်ကြိမ်ပြဋ္ဌာန်းနေရတာ အခုချိန်ထိပဲ။ ပြဋ္ဌာန်းတဲ့ဥပဒေတွေကလည်း အကျိုးသက်ရောက်မှုရှိတယ်။

လိင်တူလှုပ်ရှားမှုတွေမှာ ပါ၀င်သူတွေဟာ ခွဲခြားဆက်ဆံမှု တားဆီးရေးဥပဒေတွေကို လိုလားစိတ်ရှိကြတယ်။ စတုန်းဝေါလ်ခေတ်လွန်ရဲ့ ယတိပြတ်စိတ်ဓာတ်နဲ့ ယုံကြည်မှုကို အခြေခံပြီး အဲဒီလိုလားစိတ်ကို သူတို့က နိုင်ငံရေး အာဂျင်ဒါထဲ တွန်းပို့လိုက်ကြတာ။ ၁၉၇၀ ပြည့်နှစ်မှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေကို ပထမဆုံးရရှိခဲ့တယ်။ အမေရိကန်က မြို့အတော်များများမှာ လိင်ပိုင်းတိမ်းညွှတ်မှုအခြေခံ ခွဲခြားဆက်ဆံခြင်း တားဆီးရေးဥပဒေတွေကို ပြဋ္ဌာန်းလိုက်နိုင်ကြတယ်။ ဒီထဲမှာ ကိုလံဘီယာ၊ အိုင်ဝိုဝါနဲ့ လော့စ်အိန်ဂျလိစ်တို့လည်း အပါအဝင်ပဲ။ ၁၉၇၀ ပြည့်နှစ် ကာလနဲ့ နောက်ဆယ်စုနှစ် နှစ်ခုအကြာမှာ ဥရောပမှာ ဒီထက်ပိုသိသာအကျိုးရှိတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းလိုက်ကြတယ်။ ပြင်သစ်၊ ဒိန်းမတ်၊ နော်ဝေ၊ အိုင်ယာလန်နဲ့ နယ်သာလန်နိုင်ငံတွေမှာ ခွဲခြားဆက်ဆံမှု တားဆီးရေး ဥပဒေတွေ ထွက်ပေါ်လာတယ်။ ဥရောပသမဂ္ဂကနေ အဖွဲ့ဝင်နိုင်ငံတွေအားလုံးကို အဲဒီဥပဒေမျိုးတွေ ပြဋ္ဌာန်းကြဖို့ တောင်းဆိုလိုက်တယ်။

၁၉၈၀ ပြည့်နှစ်ကာလက အမေရိကန်မှာ ခွဲခြားဆက်ဆံမှုတားဆီးရေး ဥပဒေတွေကို ပြဋ္ဌာန်းဖို့ လှုပ်ရှားမှုဟာ နှေးကွေးနေခဲ့တယ်။ လော်ရင့်၊ ကန်ဆက်စ်၊ ချီကာဂိုတို့မှာ အောင်မြင်မှုတချို့ရှိခဲ့ပြီး ဝိုင်ကိုဆင်အတွက်ဆို ပြည်နယ် တစ်ခုလုံး သက်ရောက်တဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့တယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ်မှာတော့ သိသာထင်ရှားတဲ့ လှုပ်ရှားမှုတွေ ထွက်ပေါ်ခဲ့တယ်။ ကွန်နက်တီကပ်၊ ဗာမွန့်၊ မင်နီဆိုးတားနဲ့ နယူးဟမ်ရှိုင်းယားပြည်နယ်တွေအားလုံးမှာ ပုဂ္ဂလိက အလုပ်ခန့်အပ်မှု၊ အများပြည်သူ ၀န်ဆောင်မှုလုပ်ငန်းနဲ့ အခြားသောနယ်ပယ်တွေမှာ လိင်ပိုင်းတိမ်းညွှတ်မှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာမျိုးကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့ကြတယ်။ (၂၁) ရာစု ပထမဆယ်စုနှစ်ကာလမှာလည်း အခုလိုမျိုး ခွဲခြားဆက်ဆံရေး တားဆီးမှုဥပဒေတွေ ပြဋ္ဌာန်းတဲ့ခြေလှမ်း တွေဟာ ပိုပြီးနှေးကွေးနေပေမယ့်လို့ အရှိန်အဟုန်တော့ မပြတ်ဘူး ဖြစ်နေတာ တွေ့ရပါမယ်။

အလွှမ်းမိုးနိုင်ဆုံး ဆိုဒိုမီတားဆီးရေးဥပဒေကတော့ ၂၅ ဟင်နီရီ ၈ အက်ဥပ ဒေဆိုတာပဲ (Act of 25 Henry VIII) ။ အင်္ဂလိင်ပါလီမန်ဟာ ၁၅၃၃ မှာ ဥပဒေကို ပြဋ္ဌာန်းတယ်။ ဥပဒေအချိန်အဆဟာ ကျဉ်းမြောင်းတယ်။ ယောက်ျားချင်း စအိုလိင်ဆက်ဆံတာကို ရာဇဝတ်မှုလို့ သတ်မှတ်တယ်။ ဒါပေမဲ့ ဒီဥပဒေကနေ အုတ်မြစ်ချလိုက်တဲ့ ပြစ်ဒဏ်ဟာ ကြိုးမိန့်သေဒဏ်ပဲ။

စံပုံစံသွေဖည်လိင်ဆက်ဆံခြင်း တားဆီးရေးဥပဒေများ / Anti-Sodomy Laws

“ဆိုဒိုမီ”ဆိုတဲ့ဝေါဟာရဟာ သမိုင်းတစ်လျှောက်ကြည့်လိုက်ရင် တိတိကျကျ အဓိပ္ပာယ်တစ်ရပ်မရှိတာ တွေ့ရမယ်။ ဒါနဲ့ဆက်စပ်ပြီးတော့ပဲ ဆိုဒိုမီ တားဆီးရေးဥပဒေတွေဟာ လက်တွေ့ပြဋ္ဌာန်း အသုံးပြုမှုပိုင်းနဲ့ အနက်ပြန်မှုပိုင်းမှာ အမျိုးမျိုးထွေပြားနေတာပဲ။ အမြင်ကျဉ်းမြောင်းသူတွေတချို့ကတော့ သုက်လွှတ်တာမျိုး ပါ၀င်နေပြီး ယောက်ျားတစ်ဦးက အပြုခံနေရာကနေ ပါ၀င်လုပ်ဆောင်နေရတဲ့ ယောက်ျားချင်း စအိုလိင်ဆက်ဆံခြင်းကိုသာ ဆိုဒိုမီလို့ ယူဆကြတယ်။ တချို့ကတော့ လိင်ကွဲဆက်ဆံရေးတွေကိုပါ ထည့်သွင်းပြီး မျိုးပွားခြင်းမရှိတဲ့ လိင်ဆက်ဆံမှုပုံစံတိုင်းကို ရာဇဝတ်မှုအဖြစ် မြင်ကြတယ်။ ဆိုဒိုမီတားဆီးရေး ဥပဒေတွေကို နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်တွေအတွက် တစ်ခါတလေ အသုံးချတတ်ကြတယ်။ သဘောက အာဏာရ နိုင်ငံရေးပါတီတစ်ရပ်က နိုင်ငံရေးပြစ်မှုထက် ဥပဒေနဲ့မညီတဲ့ လိင်ဆက်ဆံရေးကို ကျူးလွန်တဲ့ အတိုက်အခံဘက်က ပုဂ္ဂိုလ်တွေအပေါ် တရားစွဲဆိုတာမျိုးမှာ ဒီဥပဒေကို အသုံးချတာပဲ ဖြစ်တယ်။ ရိုမေးနီးယား ကွန်မြူနစ်အစိုးရဟာ ဒီလိုနည်းဗျူဟာကို အမြဲတမ်း အသုံးပြုတယ်။ တစ်နည်းအားဖြင့် အဲဒီဥပဒေမျိုးတွေဟာ အတိုက်အခံကို အကွက်ဆင်ပြီး ထောင်ဖမ်းတာ၊ ရဲဟန့်တားနှောင့်ယှက်မှု ပုံသဏ္ဌာန်တွေအတွက် ကြောင်းကျိုးအခြေခံတစ်ရပ်ကိုလည်း ပေးနေတာပဲ။ ကိုယ်ဆန္ဒရှိလို့ခွင့်ပြုတဲ့ ဆိုဒိုမီဆိုတာက သက်သေပြဖို့ ခက်ခဲတဲ့အတွက် နိုင်ငံတော်အေးဂျင့်တွေဟာ လိင်တူဆက်ဆံသူတွေအဖြစ် ဟန်ဆောင်တာ၊ သူလျှိုလုပ်တာ၊ ဒါမှမဟုတ် (ဆိုဒိုမီကို တားဆီးဖို့) အများယုံကြည်နိုင်လောက်တဲ့ အချက်တွေကို ရရှိဖို့ ဖိအားပေး ၀န်ခံဖွင့်ဟချက်တွေကို ရယူတာမျိုးကို မတတ်သာတဲ့အဆုံး ကျင့်သုံးကြရတယ်။ အခြားသော ဥပဒေပုံစံမျိုးတွေကိုသုံးပြီး လိင်တူဆက်ဆံရေး ဆန့်ကျင်မှုဥပဒေ အုပ်ချုပ်ရေးတွေ အသက်ဝင်အောင် အားဖြည့်ပေးကြတယ်။ ညစ်ညမ်းပြီး ရမ္မက်ထန်လွန်းတဲ့ လိင်ပိုင်းအပြုအမူ၊ ကမူးရှူးထိုးဆန်တဲ့အပြုအမူအဖြစ် ဆိုဒိုမီအပေါ် သတ်မှတ်ဖို့ရာ ဆက်စပ်ဥပဒေတွေကို ရှာဖွေပြီး ချမှတ်ကြတယ်။

သမိုင်းတစ်လျှောက် ဥရောပမှာ ဆိုဒိုမီတားဆီးရေးဥပဒေတွေကို ရှေးဟောင်းရောမမှာကတည်းက ရှိခဲ့တာ တွေ့ရမယ်။ (၅၃၃) အေဒီမှာ ပြဋ္ဌာန်းခဲ့တဲ့ ဂျူ စတင်နီးယန်းကိုဓဥပဒေ (Code of Justinian) ဟာ အရင်က ဥပဒေလမ်းကြောင်းကို ကျယ်ပြန့်စေခဲ့တယ်။ ဒီ ကိုဓဥပဒေဟာ သေဒဏ်ဆိုတာကို အခြေခံအုတ်မြစ်ချ ပေးလိုက်တာလည်း ဖြစ်တယ်။ အလွှမ်းမိုးနိုင်ဆုံး ဆိုဒိုမီတားဆီးရေးဥပဒေကတော့ ၂၅ ဟင်နီရီ ၈ အက်ဥပ ဒေဆိုတာပဲ (Act of 25 Henry VIII) ။ အင်္ဂလိင်ပါလီမန်ဟာ ၁၅၃၃ မှာ ဥပဒေကို ပြဋ္ဌာန်းတယ်။ ဥပဒေအချိန်အဆဟာ ကျဉ်းမြောင်းတယ်။ ယောက်ျားချင်း စအိုလိင်ဆက်ဆံတာကို ရာဇဝတ်မှုလို့ သတ်မှတ်တယ်။ ဒါပေမဲ့ ဒီဥပဒေကနေ အုတ်မြစ်ချလိုက်တဲ့ ပြစ်ဒဏ်ဟာ ကြိုးမိန့်သေဒဏ်ပဲ။ သြစတြေးလျလိုမျိုး ဗြိတိသျှကိုလိုနီနိုင်ငံတွေမှာ ဒီဥပဒေကို ကျင့်သုံးတယ်။ ဗြိတိသျှတို့ထံကနေ လွတ်လပ်ရေးရပြီးတာတောင်မှ ကိုလိုနီနိုင်ငံဟောင်းတွေဟာ ဒီဥပဒေကို ကျင့်သုံးနေခဲ့တာ ဖြစ်တယ်။ ၁၉၆၇မှာ ဂရိတ်ဗြိတိန်အစိုးရဟာ ဒီဥပဒေကို ရုပ်သိမ်းပြီး လိင်ပိုင်းပြစ်မှုဆိုင်ရာအက်ဥပဒေနဲ့ အစားထိုးခဲ့တယ်။

ဗြိတိသျှတို့ရဲ့ဥပဒေဟာ အမေရိကန်မှာ ကိုလိုနီခေတ်အတွင်း လွှမ်းမိုးခဲ့တယ်။ အကျိုးဆက်ကတော့ ကိုလိုနီနိုင်ငံအများစုဟာ ယောက်ျားချင်းစအို လိင်ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် ပြဋ္ဌာန်းခဲ့ကြတာပဲ။ အမေရိကန်ရဲ့ ပထမရာစုနှစ်မှာလည်း အလားတူပဲ။ ဒါပေမဲ့ ဆေးပညာရပ် ရေးသားပို့ချမှုနဲ့ အမျိုးအစားခွဲခြားခြင်း ထင်ရှားလာတဲ့အခါမှာ ကျား-မ လူမှုလိင်အခန်းကဏ္ဍတွေအပေါ် ပိုပြီးအာရုံစိုက်လာခဲ့ကြတယ်။ သဘောထားအမြင် အပြောင်းအလဲဖြစ်ခဲ့ကြတဲ့အတွက် အကျိုးရလဒ်တစ်ခုကတော့ ယောက်ျားချင်းကြား ပါးစပ်ဖြင့် လိင်ဆက်ဆံတာကို တားမြစ်ထိန်းချုပ်ဖို့ကို အလေးထားလာခဲ့ကြတာ ဖြစ်တယ်။ ဒါဟာ ကျား-မ လူမှုလိင် ချိုးဖောက်မှုအပေါ် အားလုံးဝိုင်းဝန်း အလေးထားလာကြခြင်းရဲ့အစိတ်အပိုင်းပဲ။ ဒီအတွက် ၁၈၉၇ မှာ ပင်ဆယ်ဗေးနီးယားက သူတို့ရဲ့ ဆိုဒိုမီတားမြစ်ရေး ဥပဒေမှာ ပြင်ဆင်ချက်ထည့်သွင်းပြီး ယောက်ျားချင်း ပါးစပ်ဖြင့် လိင်ဆက်ဆံတာကိုပါ ထည့်သွင်းခဲ့တယ်။ နောက်ရာစုနှစ် သုံးခုကြာတော့ ပြည်နယ်တစ်ဒါဇင်လောက်က ဒီပြင်ဆင်ချက်လမ်းကြောင်း နောက် လိုက်ခဲ့ကြတာ။ တစ်ချို့ကတော့ ပါးစပ်ဖြင့်လိင်ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ပြဋ္ဌာန်းဥပဒေသစ်တွေကို ဖန်တီးခဲ့ကြတယ်။ အခြားပြည်နယ်တွေမှာတော့ တရားရုံးချုပ်တွေကနေ ယောက်ျားချင်း ပါးစပ်ဖြင့် လိင်ဆက်ဆံမှုကို ခြုံငုံမိစေမယ့် ဆိုဒိုမီတားမြစ်ရေး ပြဋ္ဌာန်းဥပဒေစာသားတွေကို ပြန်လည်အနက်ပြန် ဖွင့်ဆိုခဲ့ကြတယ်။ ကျန်တဲ့ပြည်နယ်တွေကလည်း လိုက်ပါလာခဲ့ကြတဲ့အခါ ယောက်ျားချင်း လိင်တူနှစ်ခြိုက်မှုအခြေခံ လိင်ဆက်ဆံခြင်းပုံစံအားလုံးကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားချက်ဟာ နိုင်ငံတစ်ဝန်း ဥပဒေစံနှုန်းအဖြစ် လည်ပတ်လာခဲ့တယ်။ ဒါကြောင့် ၁၈၈၀ နောက်ပိုင်းမှာ ဆိုဒိုမီအမှုနဲ့ ဖမ်းဆီးမှုတွေ၊ စီရင်ချမှတ်ခြင်း အရေအတွက်ဟာ ပုံမှန်မြင့်တက်လာတယ်။ အလားတူ ဗြိတိန်တွေဟာလည်း ၁၈၈၅ မှာ ဥပဒေပြင်ဆင်ချက်ကို လုပ်တယ်။ ယောက်ျားချင်း လိင်တူနှစ်ခြိုက်မှုအခြေခံ ပါးစပ်ဖြင့် လိင်ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး တားမြစ်တယ်။

တချို့တိုင်းပြည်တွေကတော့ ဆိုဒိုမီဥပဒေ ကန့်သတ်ချက်မရှိတဲ့အတွက် မှတ်သားလောက်စရာလို့ ဆိုရမယ်။ ဂျပန်နိုင်ငံဟာ ရာစုနှစ်ပေါင်းများစွာကြာမြင့်တဲ့ အစဉ်အလာတစ်ရပ်ကို ကိုင်စွဲထားခဲ့ဖူးတယ်။

၁၉၅၅မှာ အမေရိကန် ဥပဒေအင်စတီကျုကနေပြီး စံနမူနာဖြစ်တဲ့ ပြစ်မှုဆိုင်ရာဥပဒေ မူကြမ်းတစ်ရပ်ကို ထုတ်ပြန်လိုက်တယ်။ ဒီဥပဒေမူကြမ်းက ဆိုဒိုမီတားမြစ်ရေး ပြဋ္ဌာန်းဥပဒေကို ပယ်ချလိုက်တဲ့ဥပဒေတစ်ရပ်ဖြစ်လို့ နိုင်ငံသမိုင်းမှာ မှတ်သားလောက်တဲ့ စံပြဥပဒေပုံစံတစ်ရပ် ဖြစ်ခဲ့တာ။ ၁၉၆၁ ခုနှစ်မှာ အီလီနွိုက်စ် ပြည်နယ်အစိုးရက ဆိုဒိုမီတားဆီးရေး ဥပဒေကို ရုပ်သိမ်းလိုက်တယ်။ နောက်တစ်နှစ်မှာပဲ ဒီအင်စတီကျုကနေ စောစောက ဥပဒေမူကြမ်းကို အချောသတ် ထုတ်ပြန်လိုက်တယ်။ အချောသတ်ဥပဒေဟာ ဆိုဒိုမီကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားခြင်းကို ဖြေလျော့ဖို့ရာ ထောက်ခံအားပေးထားတာပဲ။ ကွန်နက်တီကပ် ပြည်နယ်ကလည်း ၁၉၆၉ မှာ ဆိုဒိုမီတားဆီးရေး ဥပဒေကို ရုပ်သိမ်းပေးတယ်။ ၁၉၇၀ ပြည့်နှစ်မှာ ပြည်နယ်အများစုဟာ သူတို့ရဲ့ ဆိုဒိုမီတားဆီးရေး ပြဋ္ဌာန်းဥပဒေတွေကို ရုပ်သိမ်းတာ၊ အသေးစားပြစ်မှုတွေအဖြစ် လျော့ပေါ့ပေးတာမျိုးတွေ လုပ်လာကြတယ်။ ၁၉၈၆ ဘိုးဝါး နှင့် ဟာ့ဒ်ဝစ်ခ် အမှုဆုံးဖြတ်ချက်မှာ တရားရုံးချုပ်ကနေ လိင်တူဆိုဒိုမီဥပဒေတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဖြစ်တယ်လို့ ထုတ်ပြန်တယ်။ ဒီအချက်ကိုအခြေခံပြီး အထူးသဖြင့် တောင်ပိုင်းက လက်တစ်ဆုပ်စာ ပြည်နယ်တွေကသာ အဲဒီဆိုဒိုမီတားဆီးရေး ဥပဒေတွေကို သူတို့ရဲ့ ပြဋ္ဌာန်းဥပဒေစာအုပ်တွေထဲကနေ မဖျက်ဘဲ ထားရှိခဲ့ကြတယ်။ ၂၀၀၃ ခုနှစ်မှာ တရားရုံးချုပ်က သူ့ဆုံးဖြတ်ချက်ကို သူ့ဘာသာသူပဲ ပြန်ပြင်ဆင်ပြောင်းလဲခဲ့တယ်။ လော်ရင့်စ် နှင့် တက်ဆက် ဖြစ်ရပ်မှာ တရားရုံးချုပ်က ပုဂ္ဂလလုံခြုံခွင့်ထားရှိနိုင်တဲ့ အခွင့်အရေးကို လိင်တူချင်းလိင်ဆက်ဆံမှုအထိ ချဲ့ထွင်ခွင့်ပေးလိုက်တဲ့အတွက် ဆိုဒိုမီတားဆီးရေး ဥပဒေတွေအားလုံးကို ရုပ်သိမ်းသွားစေခဲ့တယ်။

တချို့တိုင်းပြည်တွေကတော့ ဆိုဒိုမီဥပဒေ ကန့်သတ်ချက်မရှိတဲ့အတွက် မှတ်သားလောက်စရာလို့ ဆိုရမယ်။ ဂျပန်နိုင်ငံဟာ ရာစုနှစ်ပေါင်းများစွာကြာမြင့်တဲ့ အစဉ်အလာတစ်ရပ်ကို ကိုင်စွဲထားခဲ့ဖူးတယ်။ အဲဒီအစဉ်အလာကတော့ လိင်တူချစ်ခြင်းပုံစံတချို့ကို တခမ်းတနားဂုဏ်တင်ထားတဲ့ အစဉ်အလာပဲ။ ဒါပေမဲ့ ၁၈၇၃ ခုနှစ်မှာတော့ ဂျပန်အစိုးရဟာ ပြစ်မှုထင်ရှားရင် ရက် (၉၀) ထောင်ချံခံရမယ့် ဆိုဒိုမီတားမြစ်ရေး ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့တယ်။ နောက်ဆယ်စုနှစ် တစ်ခုကြာတော့ ပြန်ရုပ်သိမ်းသွားတယ်။

ဒီနေ့ခေတ်ကာလမှာတော့ ဆိုဒိုမီတားမြစ်ရေးဥပဒေတွေကို အရှေ့အလယ်ပိုင်းဒေသတွေမှာ အများစု တွေ့ရတယ်။ အာဖရိကမှာတော့ နည်းနည်းပဲ။ ယူဂန်ဒါနဲ့ တန်ဇေးနီးယားမှာဆိုရင် ဒီဥပဒေရဲ့ပြစ်ဒဏ်ဟာ ကြမ်းတမ်းရက်စက်လွန်းတယ်။ အစ္စလာမ် ဘာသာပေါ်ပေါက်လာမှုနဲ့ ရှာရီယာ၊ ဒါမှမဟုတ် အစ္စလာမ်မိသားစုဥပဒေကို တွန်းအားပေး အကောင်အထည်ဖော်ကြတာဟာ တရားဝင်မဟုတ်ဘဲ ဒေသအခြေအနေပေါ် မူတည်ပြီး ဆိုဒိုမီတားမြစ်ရေး ဥပဒေတွေ ကို ကျင့်သုံးလာစေတယ်။ အာရှက တိုင်းပြည်အတော်များများမှာလည်း အဲဒီဥပဒေတွေ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာတို့ ထင်ရှားတယ်။ သမိုင်းမှာ တွေ့ခဲ့ရတဲ့အတိုင်းပဲ စကားလုံးအားဖြင့် ရှင်းလင်း မပြတ်သားတဲ့ ဥပဒေတွေဟာ လိင်တူချင်း လိင်ဆက်ဆံရေးတွေ ရှိနေကြတဲ့သူတွေကို တရားစွဲဖို့ အသုံးချခံရတယ်။ ဥပမာအားဖြင့် မွန်ဂိုလီးယားရဲ့ဥပဒေဟာ “လိင်ပိုင်း လိုအင်ဆန္ဒတွေကို ကိုယ်ကျင့်တရားနဲ့ သွေဖည်ပြီး ပြည့်မြောက်စေခြင်း” မျိုးကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တယ်။ တချို့အာဏာပိုင်တွေကတော့ အဲဒီကိုယ်ကျင့်တရားနဲ့ သွေဖည်ပြီး လိင်လိုအင်ပြည့်မြောက်စေခြင်းဆိုတာကို လိင်တူဆက်ဆံရေးပုံစံတွေနဲ့ တန်းတူ သဘောထားပြီး တားဆီးတယ်။

နောင်ချိုသစ်

Leave a Reply

Your email address will not be published. Required fields are marked *