Colors Rainbow မှ စက်တင်ဘာလအတွင်း အွန်လိုင်းသင်တန်းနှစ်ခု ဖွင့်လှစ်ပေးနိုင်ခဲ့

Colors Rainbow မှ အခြေခံလူ့အခွင့်အရေး၊ SOGIE နဲ့ ပုဒ်မ ၃၇၇ဆိုင်ရာ ဥပဒေ အသိပညာပေး (၃)ရက်တာ အွန်လိုင်းသင်တန်းနှစ်ခုကို စက်တင်ဘာလအတွင်း ပြုလုပ်ပေးခဲ့ပါတယ်။

COVID-19 အခြေအနေကြောင့် ကွင်းဆင်းသင်တန်းပို့ချမယ့် အစီအစဉ်အစား အွန်လိုင်းသင်တန်းကို ပို့ချခဲ့တာဖြစ်ပြီး တောင်ကြီးနဲ့ လာရှိုး မြို့တို့မှ သင်တန်းသား( ၄၇)ဦးကို ပို့ချပေးနိုင်ခဲ့ပါတယ်။

တောင်ကြီးသင်တန်းကို စက်တင်ဘာလ (၁၃)ရက်မှ (၁၅)ရက်နေ့အထိ၊ လာရှိုးသင်တန်းကို စက်တင်ဘာလ (၁၉)ရက်မှ (၂၁)ရက်နေ့အထိ ပြုလုပ်ခဲ့တယ်လို့ သင်တန်းတာဝန်ရှိသူတွေထံမှ သိရပါတယ်။

လာရှိုးမြို့မှ သင်တန်းတက်ရောက်ခဲ့သူ Transgender အမျိုးသား ကိုလင်းထက်ကတော့ ……

“အွန်လိုင်းသင်တန်းက အခက်အခဲမရှိပါဘူး။ တစ်ခုပဲ လိုင်းကျလိုက် တက်လိုက်နဲ့ တချို့လွတ်သွားတာတော့ ရှိပါတယ်။ ခုဆို အရင်က ထက် သိလာတယ်။ SOGIE အကြောင်း ကိုယ့်ပြန်မေးရင် ရှင်းပြနိုင်ပြီ။ ဒါဟာ ရောဂါ မဟုတ်ဘူး။ မွေးရာပါဆိုတဲ့ အချက်တွေပေါ့။ အရင်က ဥပဒေနဲ့ပတ်သက်ရင် သိပ်နားမလည်ခဲ့ဘူး။ ရဲအရေးပိုင်က ဘာလဲ။ အာမခံရမရ၊ ဘယ်အချက်တွေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်လို့ရသလဲဆို တာ သိသွားတယ်”လို့ ပြောပါတယ်။

ဒါပြင် တောင်ကြီးမြို့မှ သင်တန်းသား ကိုဖြိုးသူအောင်ကလည်း……………

“ကျွန်တော်အနေနဲ့ အွန်လိုင်းနဲ့ မစိမ်းတော့ အခက်အခဲမရှိပါဘူး။ ဒါပေမယ့် အုပ်စုလိုက်ဆွေးနွေးတာမှာတော့ အားနည်းချက်ရှိတယ်လို့ ထင်တယ်။ အွန်လိုင်းဆိုတော့ အကျယ်တဝန့် ဆွေးနွေးလို့မရဘူးပေါ့။ အချိန်ကြောင့် ဖြစ်မယ်။ ဥပဒေနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ရဲအရေးပိုင်တာတွေ ပြီးတော့ 377 နဲ့ပတ်သက်တာတွေ ဥပဒေဆိုင်ရာတွေကို ပိုသိသွားတယ်”လို့ ပြောပါတယ်။

Colors Rainbow အနေနဲ့ အခုလိုသင်တန်းတွေကို အခြေခံလူ့အခွင့်အရေး၊ LGBT အခွင့်အရေးအပါအဝင် အပြည်ပြည်ဆိုင်ရာ လူအခွင့်အ ရေး ယန္တရားကြီးနဲ့ပက်သက်ပြီး သိရှိလာစေဖို့၊ Sex (လိင်)နှင့် Gender တို့ရဲ့ ခြားနားချက်၊ SOGIE ကို အသေးစိတ် ကျယ်ပြန့်စွာ သိရှိလာ စေဖို့၊ LGBT တွေအပေါ် မိသားစုရဲ့ လက်ခံပေးမှုက အခြေခံကျပြီး အရေးပါကြောင်း သိရှိလာစေဖို့နဲ့ ထိုသူတို့အပေါ်မှာ  ခွဲခြားဆက်ဆံမှု တွေ၊ အကြမ်းဖက်မှုတွေရဲ့ ဆိုးကျိုးတွေကို သိရှိလာစေဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပြင် လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ အခြေခံရာဇဝတ်မှုဆိုင်ရာ ဥပဒေများကို သိရှိလာစေဖို့၊ အခြေခံ လူ့အခွင့်အရေးနဲ့ နှိုင်းယှဉ်ကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇ အား ကောင်းစွာ လေ့လာသိမြင်လာစေဖို့နဲ့ ဥပဒေဆိုင်ရာ အခွင့်အရေးတွေကို မှန်ကန်စွာအသုံးချကာ မိမိ ကိုယ်ကိုယ် ခုခံကာကွယ်လာနိုင်စေဖို့လည်း ရည်ရွယ်တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.