Colors Rainbow နဲ့ LGBT Rights Network တို့ပူးပေါင်း၍ COVID-19 ကာလအတွင်း LGBTIQ+ အိမ်ထောင်စု(၄၀၀)ကျော်ကို မီးဖိုချောင် သုံးပစ္စည်းများ ထောက်ပံ့

လတ်တစ်လော ဖြစ်ပွားနေတဲ့ COVID-19 ကာလမှာ Colors Rainbow အဖွဲ့အနေနဲ့ မြို့ကြီး(၈) မြို့နယ်က LGBTIQ+ အိမ်ထောင်စု(၄၀၈)စု အတွက် ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ ငါးသေတ္တာစတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ထောက်ပံ့ကူညီခဲ့ပါတယ်။

Colors Rainbow အဖွဲ့နဲ့ LGBT Rights Network တို့ ပူးပေါင်းကာ ရန်ကုန်၊ မန္တ လေး၊ ပဲခူး၊ လားရှိုး၊ မြစ်ကြီးနား၊ မော်လမြိုင်နဲ့ မုံရွာမြို့တို့ က သက်ဆိုင်ရာ LGBTIQ+ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အခက်အခဲဖြစ်နေတဲ့ LGBTIQ+ အိမ်ထောင်စုတွေဆီ အိမ်တိုင်ရာရောက်ပေးဝေခဲ့တာ ဖြစ်ပါတယ်။

လတ်တလော မြင်းခြံမြို့ကတော့ ယာဉ်လိုင်းတွေပိတ်ထားဆဲဖြစ်တာကြောင့် ပြန်လည်ဖွင့်တာနဲ့ LGBTIQ+ အိမ်ထောင်စုတွေဆီကို အိမ်တိုင်ရာရောက်ပေးဝေသွားမှာ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ရောဂါကြီးကို တွန်းလှန်နိုင်ဖို့ ချစ်ခင်ရတဲ့ LGBTIQ+ မိသားစုဝင်တွေ အခက်အခဲ၊ အကြပ်အတည်းနဲ့ ကြုံတွေ့ နေချိန်မှာ Colors Rainbow အဖွဲ့အနေနဲ့ ကူညီခွင့်ရခဲ့လို့ ဝမ်းသာပီတိဖြစ်မိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.