Rainbow Katha LGBT အဖွဲ့မှ Mask နဲ့ Colors Rainbow က ထုတ်ဝေထားတဲ့ LGBT တွေရဲ့ နောက်ခံသမိုင်းကြောင်းပါ လက်ကမ်းစာစောင်များ ပေးဝေခဲ့
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ရှိ Rainbow Katha LGBT အဖွဲ့မှ COVID-19ကပ်ရောဂါ ကာလတွင် အများပြည်သူများ ကျန်းမာ ရေးအတွက် Masks အခုရေ (၅၀၀)ကို ဇန်နဝါရီလ(၂၉)ရက်က လှူဒါန်းခဲ့ကြပြီး ဌာနဆိုင်ရာတွေပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒီလိုလှူဒါန်းမူနဲ့အတူ Colors Rainbow က ထုတ်ဝေထားတဲ့ LGBT တွေရဲ့ နောက်ခံသမိုင်းကြောင်းပါ လက်ကမ်းစာစောင်တွေကို လည်း ပေးဝေခဲ့တယ်လို့ သိရပါတယ်။
“LGBTတွေဟာ စိတ်ကူးယဉ်ဖွဲ့စည်းထားတဲ့အဖွဲ့ မဟုတ်ပါဘူး။ ဌာနဆိုင်ရာအဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ LGBT တွေရဲ့ တန်း တူညီမျှ အခွင့်အရေးရရှိဖို့ ကြိုးစားနေတဲ့ အဝန်းအဝိုင်းလေးတစ်ခုဖြစ်ပါတယ်။ ရှု့ဒေါင့်ပေါင်းစုံက လိုအပ်တဲ့နေရာကနေ တစ်တောင့် တစ်နေရာပါဝင်ရတဲ့အတွက် ဝမ်းသာပါတယ်။ မြို့မိမြို့ဖများနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်တွေကပါ ပူးပေါင်းပါဝင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Maskတွေ ပေးဝေလှူဒါန်းခွင့်ရတာ ဝမ်းသာပါတယ်”လို့ ကသာမြို့က ဆံပင်မိတ်ကပ် အလှပညာရှင် အားကိုင်း(ခ)ကောင်းကောင်းက ပြောသည်။
ဒီလိုလှူဒါန်းခြင်းကို ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ကလည်း အတူပူးပေါင်းပါဝင်ကူညီခဲ့ပါတယ်။
Rainbow Katha LGBT group မှ LGBT များအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကြောက်ရွံ့မုန်းတီးမှုများ မှ လူက လူလိုမြင်နိုင်စေရန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ Mask များ ပေးဝေလှူဒါန်းခြင်း ဖြစ်ပါတယ်။
“Covid-19 ကာလဖြစ်တာကြောင့် Rainbow Katha group ကလည်း Maskနဲ့ LGBT အကြောင်း လက်ကမ်းစာစောင် ပေးဝေတယ်။ LGBT တွေကို ခွဲခြားဆက်ဆံတာ၊ ကြောက်ရွံမုန်းတီးနေတာတွေကို လျော့ပါးသွားစေဖို့ပါ။ ကသာ LGBT group ကနေ လူ့အခွင့်အ ရေးနဲ့ အမျိုးသမီးများ အခန်းကဏ္ဍတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်”လို့ ကသာမြို့ခံ ဓူဝံ(ကသာ)က ပြောပါတယ်။
Rainbow Katha LGBT အဖွဲ့ကို ၂၀၁၈ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့မှာ LGBT (၂၀)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။