ဦးတည်ရာမဲ့

တိမ်စိုင်လို မျောလွင့်နေတဲ့ ငါ့စိတ်ကို ကြိုးစားကာ စုစည်းမရတဲ့ အဆုံး ပြင်းထန်လှသော မုန်တိုင်းပမာ သက်ပြင်းရှည်ကြီးကို ‘ဟင်း…ခနဲ’ ချလိုက်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်…။ စိတ်အကျဉ်းသားဟာ အရင်ဆုံး ဘယ်ကိုသွားခဲ့တယ်လို့ မင်းထင်လဲ…? ဟုတ်တယ်… အရင်က တရားလိုအဖြစ်

Read more

အိပ်မက်ဆိုးမှ နိုးထခြင်း

အိပ်မက်ဆိုးမှ တဒင်္ဂ နိုးထစေခြင်းမှာ တိမ်တွေကို လက်ဖဝါးနဲ့ ကွယ်ယူပေးပါ ကိုကို။ အိပ်မက်ဆိုးမှာ ခပ်ကြာကြာ နိုးထစေခြင်းသော်လည်းကောင်း ပန်းရနံ့ကို ပုံပြင်တွေထဲ သွန်းလောင်းဖြိုးစေခြင်းမှာ ကိုကို့မေတ္တာ ကြယ်စင်တွေထက် လင်းလက်တယ်။ ကိုကို့ရဲ့ လက်ဝယ်ရရှိထားတဲ့ သောကကို ညီမလေးရဲ့

Read more

ရမ္မက်ခြွေပန်း

အရိုင်းပန်းလေးတွေရနံ့ ကြိုင်သင်းလို့ လောကဥယျာဉ်ကြီးထဲ ပျော်မြူးခဲ့ကြတယ် ရောင်စုံလိပ်ပြာတွေအားခဲလို့ မြူဆွယ်နေလေရဲ့ အမြင်မတူသူတွေကြား မနက်ဖန်များစွာအတွက် ခက်ခဲမှုတွေ များတယ် အလှမက်ပန်းဖူးတို့စေရာမှာ အသပြာတစ်ထပ်က လက်ယပ်ခေါ်နေတယ် အိတ်ကပ်မှာလက်နှိုက်လို့ ရှေ့ဆက်ရက်တွေအတွက် အိပ်မက်တွေ မက်ခဲ့တယ် အနှိုင်းမဲ့ပန်းချီကားတစ်ချပ် ငွေတစ်ထပ်ကြောင့် သက်ဝင်လှပခဲ့ဖူးတယ်

Read more

အချိုများရင် ဘဝမခေါ်ကြေး

လျှောက်နေတဲ့ ခြေထောက်က ရှေ့မရောက် လမ်းပေါ်မှာတင် နောက်ကောက်ကျနေရ။ မိုးမလင်းခင် မိုးချုပ်ချုပ် သွားသလို ဒုက္ခတွေနဲ့နေသားတကျ ဖြစ်လို့ ဘဝတွေက အမှောင်ကို အမှောင်မှန်းမသိတော့။ တစ်ဘဝစာကြိုတွေးဖို့ မပြောနဲ့ တခဏစာတောင် မသေခြင်းများ အပြည့်။ ဖြောင့်တန်းနေရင် လမ်းမဟုတ်ဘူးတဲ့

Read more

လူထဲက…… လူ

လူထဲက…… လူ ရိုးရာအစဉ်အလာတွေထဲမှာ မွန်းကြပ်နေပြီလား။ လူထဲက…… လူ စည်းမျဉ်းစည်းကမ်းတွေထဲမှာ ရုန်းထွက်ရခက်နေပြီလား။ လူထဲက…… လူ အကောင်းအဆိုးအမြင်တွေထဲမှာ ဟန်ဆောင်နေရပြီလား။ လူထဲက…… လူ ခွဲခြားခြင်းအနိမ့်အမြင့်တွေထဲမှာ ဝေးဝါးနေပြီလား။ အချစ် အမုန်း သစ္စာ ဥပေက္ခာ သံယောဇဉ်

Read more

မျက်နှာဖုံးများနှင့် ကခုန်ခြင်း

အပြောင်းအလဲ ဗလောင်းဗလဲတွေကြားမှာ အသုံးချခံနေရတဲ့ ငါဟာ မျက်နှာဖုံးတစ်ခု…. ရောင်စုံပလပ်စတစ် အရုပ်တွေကြားမှာ တွဲလောင်းချိတ်ထားခံရတဲ့ ငါဟာ မျက်နှာဖုံးတစ်ခု…. လှပတဲ့ခေါင်းစဉ်များနဲ့ ရွှေရောင်ဖိတ်စာပေါ်က စကားလုံးတွေကြားမှာ ယစ်မှုးပျော်ရွှင်နေတဲ့ ငါဟာ မျက်နှာဖုံးတစ်ခု…. ဟိုး….တောင်တန်းပေါ်က အရိပ်မဲ့ ရွက်ကြွေတွေနဲ့ ကလေးငယ်တွေ

Read more

ချစ်သူ့ ကျိန်စာ

မေ့ပစ်လိုက်ပြီတဲ့ သူနှုတ်ဖျားက ရက်ရက်စက် ထွက်ကျလာတဲ့ မထင်မှတ်တဲ့ နင့် စကားတစ်ခွန်း။ အကြောင်းပြချက်မရှိတဲ့ နယ်နှင်ဒဏ်တစ်ခုလို ရင်တစ်ခုလုံးဗြောင်းဆန်လို့ အံသြခဲ့ရတဲ့ မထင်မှတ်တဲ့ နင့် အချစ်တစ်ခု ။ နင်ချမှတ်တဲ့ မူဘောင်ထဲ အယူခံဝင်ခွင့် မရှိ အာမခံ

Read more