LGBT Empowerment in Myanmar အဖွဲ့က စမ်းချောင်းမြို့နယ်မှာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

LGBT Empowerment in Myanmar အဖွဲ့က LGBT တွေရဲ့ဖြစ်တည်မှုများကို လူငယ်တွေအကြား နားလည်လာစေဖို့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းမှာရှိတဲ့ Another Development မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ(၁၅)ရက်နေ့မှာ ကျင်းပခဲ့ကာ Non- LGBT အပါအဝင် လူငယ်(၂၅)ဦး တက်ရောက်ခဲ့ပါတယ်။

“အရမ်းကို အဆင်ပြေတဲ့ အလုပ်ရုံဆွေးနွေးပွဲလေးပါ။ SOGIE က အရမ်းကျယ်ပြန့်ပုံကို သူတို့နားလည်သွားတယ်။ SOGIE ကြောင့် သူတို့ရဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့အရာက မှန်ကန်နေကြောင်း၊ ဒါအပြင် အခြားလူတွေကလည်း SOGIE ဆိုတဲ့အရာကို နားလည်သွားမယ်ဆိုရင် LGBT တွေကို နားလည်လာမှာပါဆိုပြီး ပွဲလုပ်ခဲ့တာ။ LGBT တွေရဲ့ ဖြစ်တည်မူက မွေးရာပါလား၊ လုပ်ယူနေတာလားဆိုတာကို သူတို့ဘက်က ဆွေးနွေးကြတယ်” လို့ LGBT Empowerment Groupမှ သင်တန်းနည်းပြ ကိုရဲလင်းထက်က ပြောပါတယ်။

အဆိုပါ တစ်ရက်တာဆွေးနွေးပွဲမှာ LGBTIQA ရဲ့ အဓိပ္ပါယ်၊ Sex and Gender ၏ ကွဲပြားမှု၊ Sexual Orientations နဲ့ SOGIE ရဲ့ အဓိပ္ပါယ် စတဲ့ အချက်(၄)ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

LGBT Empowerment in Myanmar အဖွဲ့ကို လူငယ်အဖွဲ့ဝင်(၅)ဦးနဲ့ မတ်လမှာ စတင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.