မင်းသားကြီး ဂျက်ကီးချမ်းကိုယ်တိုင် ပထမဆုံး ရိုက်ကူးတင်ဆက်မယ့် လိင်တူချစ်သူဇာတ်လမ်းတွဲ

ကမ္ဘာကျော် မင်းသားကြီး ဂျက်ကီချန်းကိုယ်တိုင် လိင်တူချစ်သူ အမျိုးသားတွေကြားက ချစ်ခြင်းမေတ္တာကို ရည်ညွှန်းတဲ့ The Sleuth of Ming Dynasty အမည်ရှိ ဇာတ်လမ်းတွဲကို တက်သစ်စ သရုပ်ဆောင်မင်းသားတွေနဲ့အတူ ပထမဆုံး ရိုက်ကူးထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကဆိုရင် မင်းသားကြီး ဂျက်ကီချန်းရဲ့ ပထမဦးဆုံး ထုတ်လုပ်မယ့် ဇာတ်လမ်းတွဲလည်း ဖြစ်သလို ဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ အဓိက ဇာတ်ဆောင်မင်းသမီးတွေ မပါရှိပဲနဲ့ အမျိုးသားတွေကြားက ချစ်ခြင်းမေတ္တာကိုပဲ ရည်ညွှန်းပြသတဲ့ လိင်တူချစ်သူ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

မင်းသားကြီး ဂျက်ကီချန်းအနေနဲ့ကတော့ ဒီဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ဖြစ်တာကလည်း သူ့အတွက် အတွေ့အကြုံသစ်တွေကို ရရှိစေဖို့နဲ့ ပရိသတ်ကို အသစ်အဆန်း ပြသချင်လို့ပါလို့ ပြောထားပါတယ်။

“The Sleuth of Ming Dynasty” လို့အမည်ရတဲ့ ဇာတ်လမ်းတွဲဟာဆိုရင် တရုတ်နိုင်ငံရှိ နာမည်ကျော် စာရေးဆရာမ Meng Xishi ရဲ့ ဝတ္ထုကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသား Darren Chen, Fu Mengbo နဲ့ Liu Yaoyaun တို့ ပါဝင်သွားမှာ ဖြစ်ပါတယ်။

 

ကမ္ဘာကျော် စတန့်မင်းသားကြီး ဂျက်ကီချန်းဟာဆိုရင် ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူအဖြစ်လည်း စွယ်စုံရတဲ့ မင်းသားတစ်ဦး ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.