သာကေတမြို့နယ်တွင် အခြေခံလူ့အခွင့်အရေးနဲ့ LGBT အခွင့်အရေးအကြောင်း Colors Rainbow က သင်တန်းပြုလုပ်

ပြည်သူလူထုကြား လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများအကြောင်းကို သိရှိနားလည်လာစေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးနှင့် LGBT အခွင့်အရေးများဆိုင်ရာ သင်တန်းကို သာကေတမြို့နယ်၊ ဒါနသုခဓမ္မာရုံတွင် Colors Rainbow က (၃)ရက်ကြာ သင်ကြားပို့ပေးခဲ့ကြောင်း သိရသည်။

“ဒီသင်တန်းက LGBT နဲ့ SOGIE အကြောင်းကို ရှင်းလင်းစွာ နားလည်လာစေဖို့နဲ့ SOGIE အပေါ်အခြေခံတဲ့ ခွဲခြား ဆက်ဆံမှုတွေ လျော့ပါးလာပြီး အကြမ်းဖက်မှုတွေနဲ့ ဥပဒေရေးရာတွေကို ရှင်းရှင်းလင်းလင်း သိမြင်လာစေဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီး LGBT အခွင့်အရေးအတွက် လုပ်ငန်းတွေလုပ်ဆောင်ရာမှာ ချိတ်ဆက်ပါဝင်လာမှု အားကောင်းလာစေဖို့ ဖြစ်ပါတယ်” ဟု သင်တန်းဆရာ ကိုအောင်ကျော်သူက ပြောသည်။

အဆိုပါ သင်တန်းကို ဇွန်လ (၆)ရက်မှ (၈)ရက်နေ့အထိ သင်ကြားပေးခဲ့ပြီး LGBT အပါအဝင် သင်တန်းသား၊ သင်တန်းသူ (၂၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“သင်တန်းမှာ SOGIE အကြောင်းကို ကောင်းကောင်း သိလိုက်ရတယ်။အရင်က SOGIE အကြောင်းကို မသိခဲ့ဘူး။ LGBT တွေနဲ့ ပတ်သက်ပြီး ဒီထက်မက သင်တန်းတွေ သင်ကြားပေးမယ်ဆိုရင် LGBTတွေအပေါ် ဒီထက်မက နားလည်လာပြီး လူမှုပတ်ဝန်းကျင်မှာ ဝင်ဆံ့မှုတွေ ပိုမိုရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု Transgender Man ရှိုင်းထက်သူက ပြောပါတယ်။

၎င်းသင်တန်း (၃) ရက်တာအတွင်း လူ့အခွင့်အရေးအကြောင်းနှင့် လူ့ဂုဏ်သိက္ခာဆက်စပ်ပုံများ၊ အုပ်စုလိုက် အခွင့်အရေးများ၊ LGBT နှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ လိင်နှင့် လိင်အခြေပြုအမြင် (Sex & Gender) အကြောင်း၊ SOGIE (လိင်စိတ်ကိုင်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် ဖော်ထုတ်ပြသမှု) ဆိုင်ရာ အယူအဆများ၊ ပတ်ဝန်းကျင်က သတ်မှတ်ထားသော လိင်တူချစ်သူများအပေါ် မှားယွင်းသော ပုံစံခွက်သတ်မှတ်ထားခြင်းများ၊ လိင်တူချစ်သူများအပေါ် အကြောင်းမဲ့သက်သက် ရွံရှာမုန်းတီးခြင်းများ၊ လိင်တူချစ်သူများအပေါ် ခွဲခြားနှိမ့်ချဆက်ဆံခြင်းများနှင့် အကြမ်းဖက်ခြင်းများ၊ လိင်တူချစ်သူများနှင့် သက်ဆိုင်သော ကျန်းမာရေးပြဿနာများ၊ လိင်တူချစ်သူများ သိရှိထားသင့်သော ဥပဒေများ စသည့်အကြောင်းအရာများကို ဆွေးနွေးသင်ကြားပေးခဲ့ကြောင်း သိရသည်။

One thought on “သာကေတမြို့နယ်တွင် အခြေခံလူ့အခွင့်အရေးနဲ့ LGBT အခွင့်အရေးအကြောင်း Colors Rainbow က သင်တန်းပြုလုပ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.