သင်္ကြန်မတိုင်ခင် Self-Make-up လိမ်းနည်းကို ပညာဒါနသင်ကြားပေးမယ့် မမြတ်နိုးကျော်

သင်္ကြန်မတိုင်ခင် ကိုယ်တိုင်ပေါ့ပေါ့ပါးပါး လိမ်းခြယ်နိုင်တဲ့ မိတ်ကပ်လိမ်းနည်း (Self Makeup) တွေကို မိတ်ကပ်ပညာရှင်ဖြစ်သူ မမြတ်နိုးကျော်မှ ပညာဒါန သင်ကြားပေးသွားပါမယ်။

ဒီသင်တန်းကို Pretty Cosmetics ကုမ္ပဏီကနေ ပံ့ပိုးကူညီတာဖြစ်ပြီး သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ မတ်လ (၃၀) ရက်မတိုင်မီ စာရင်းပေးသွင်းနိုင်ပါတယ်။

“သင်္ကြန်မတိုင်မီ ပရဟိတသင်တန်းလေး ဖွင့်မယ်။ ရုံးအချိန်ပြင်ဆိုလည်း သင်ပေးပါမယ်။ Pretty cosmetics ကုမ္ပဏီကနေ ပံ့ပိုးပေးလို့ သင်တန်းကြေးက အခမဲ့ပါ။ ဧပြီလ သင်္ကြန်မတိုင်မီ သင်မယ်။ (၃)ရက်လောက် အချိန်ယူရမယ်။ (၃)နာရီ အနည်းဆုံး သင်မှရပါ့မယ်။ အခုစာရင်းပေးထားတာ (၅) ယောက်လောက် ရှိပါပြီ။ သင်ထောက်ကူပစ္စည်းကတော့ လိုအပ်မှ ဝယ်ရမှာပါ။ တကိုယ်စာပြည့်စုံသူများ ဝယ်စရာ မလိုပါဘူး” ဟု မမြတ်နိုးကျော်က ပြောသည်။

မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မမြတ်နိုးကျော်မှာ မိတ်ကပ်သင်တန်း နည်းပြတစ်ဦးအဖြစ် ရပ်တည်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

One thought on “သင်္ကြန်မတိုင်ခင် Self-Make-up လိမ်းနည်းကို ပညာဒါနသင်ကြားပေးမယ့် မမြတ်နိုးကျော်

  • March 22, 2018 at 12:33 pm
    Permalink

    I want to join this makeup class !

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.