LGBT တွေကို နေရာတစ်ခုဖြစ်စေမဲ့ Miss Transgender Christmas Queen 2018 ပြိုင်ပွဲကြီးကို Music Zone မှကျင်းပခဲ့

မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်အသီးသီးက LGBT တွေကို နေရာတစ်ခုဖြစ်စေမည့် Miss Transgender Christmas Queen 2018 ပြိုင်ပွဲကြီးကို ရန်ကုန်မြို့ရှိ Music Zone မှာ ဒီဇင်ဘာလ (၂၃)ရက်က ကျင်းပခဲ့ပါတယ်။

အဆိုပါ ပြိုင်ပွဲကြီးကို Grandness Universe Myanmar Organizationက ကြီးမှူးကျင်းပတာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးက Transgender အမျိုးသမီးအလှမယ်(၂၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

“ဒီပွဲက အင်တာနေရှင်နယ်ပွဲ မဟုတ်ပါဘူး။ ပြည်တွင်းပွဲပါ။ နယ်က လာပြိုင်သူ အများကြီးရှိတယ်။ သူတို့နယ်မှာ Miss ပွဲတွေ အများကြီး  မရှိဘူး။ သူတို့က သရဖူကို အရမ်းလိုချင်ကြတယ်။ သရဖူသာရခဲ့ရင် သူတို့လည်း သူတို့ဂုဏ်သိက္ခာပိုင်းအရရော လက်ရှိလုပ်နေတဲ့ မိတ် ကပ်ပညာရှင်တွေ ဒါတွေအကုန်လုံးအတွက် သူတို့ဂုဏ်လေးကို ဖော်ပေးတယ်။ ကြိုးစားပြီး လာပြိုင်ကြတယ်။ ကျွန်တော်တို့ကလည်း ကြိုးစားပြီး လုပ်ပေးတာပါ”လို့ ပွဲစီစဉ်သူ ကိုပိုင်သူထူးက ပြောပါတယ်။

Miss transgender Christmas Queen 2018 ပြိုင်ပွဲကြီးတွင် Winner ဆု(၅)ဦး၊ Title ဆု(၈)ဆုအပြင် အခြား Organization က လာရွေး ချယ်ပေးတဲ့ City Winner ဆု(၃)ဆုကို ပေးအပ်ခဲ့ပါတယ်။

“LGBTတွေအတွက် အထိမ်းအမှတ်ပွဲလေးမို့ ဝင်ပြိုင်ဖြစ်တာ။ ပြိုင်တာ ဒီပွဲနဲ့ဆို (၃)ကြိမ်မြောက်ပါ။ ဒီဆုရတာ ဝမ်းသာတယ်။ အရမ်းပင် ပန်းခဲ့ရတာ ကြိုးစားခဲ့ရတာတွေအတွက် ကျေနပ်တာပေါ့။ ကိုယ့်လိုပဲ LGBTတွေ အကုန်လုံးကို လူနေမှုအဆင့်အတန်း မြင့်စေချင်တယ်။ စိတ်ဓာတ်ရော ကြိုးစားမှုပါ မြင့်စေချင်တယ်။ LGBT တွေအတွက် ခွန်အားဖြစ်စေမယ့်စကားက ဖြစ်လာတဲ့ဘဝကို အကောင်းဆုံး ရင်ဆိုင်လိုက်ပါ။ ဘာမှ ရှက်ကြောက်စရာ မလိုဘူး။ လူထဲက လူတွေပဲလေ။ အကောင်းဆုံး ဖြတ်သန်းပါလို့ ပြောချင်ပါ တယ်”လို့ Miss Transgender Christmas Queen 2019 ရဲ့Winner Santa ဆုရှင် Gar Garက ပြောပါတယ်။

ယခုလို LGBT တွေကို နေရာတစ်ခုပေးပြီး ပြည်တွင်းပြိုင်ပွဲတစ်ခုအဖြစ် Grandness Universe Myanmar Organizationက ကျင်းပပေးတဲ့ခဲ့တာကြောင့် Transgender အမျိုးသမီးလေးတွေ ပိုမိုအမြင်ကျယ်လာပြီး ရရှိလာတဲ့ဆုတွေကြောင့် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေကို အထောက်အပံ့ဖြစ်စေခဲ့ကြောင်း ကံကောင်းခြင်းတွေယူလာတဲ့ နတ်သမီးလေးလို့အမည်ရတဲ့ Title ဆုကိုရရှိခဲ့တဲ့ Chan Chan Lopez ကလည်း ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.