Intersex တွေ့ရဲ့ မိဘတွေအနေနဲ့ သားသမီးတွေ ကိုယ်ပိုင်ဆန္ဒမပါဘဲ ခွဲစိတ်မှု မလုပ်ပေးသင့်

ယနေ့ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များ၊ LGBTI ပရိသတ်များ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒီကနေ့ကတော့ LGBTI များရဲ့ ဂုဏ်ယူစရာကောင်းတဲ့ နေ့တစ်နေ့ ဖြစ်သလို ကျွန်တော်ရဲ့ သုံးကြိမ်သုံးနှစ်မြောက် အဖွင့်စကား ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ IDAHO Slogan ကတော့ Global Focus Issue on LGBTI Youth ပဲ ဖြစ်ပါတယ်။

LGBTI လူငယ်တွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေးနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးရန်အတွက် လူ့အခွင့်အရေးတွေ ရှိပါတယ်။ လူငယ်များဖြစ်သဖြင့် ကလေးသူငယ်များရဲ့ အခွင့်အရေးတွေကို ခံစားခွင့် ရှိပါတယ်။

ဒီမှာ လူ့အခွင့်အရေး ကိစ္စပြောမယ်ဆိုရင် Discrimination လို့ ခေါ်တဲ့ ခွဲခြားဆက်ဆံမှုဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံးဖြစ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စ ဘယ်သူတွေမှာ ဖြစ်သလဲဆိုရင် LGBTI လူငယ်များအပါအဝင် Indigenous People တွေ၊ မသန်ပေမယ့် စွမ်းသူများ (Disabled Persons)၊ တိုင်းရင်းသားလူနည်းစုဝင်များ (Ethnic Minorities)၊ PLHIV ပိုး ကူးစက်ခံထားရသူများ၊ မူးယစ်ဆေးဝါး သုံးစွဲနေသူများ (Drug Users) စသည်တို့ ဖြစ်ပါတယ်။

ဘယ်နယ်ပယ်တွေမှာ ခွဲခြားခံနေရသလဲ၊ စိန်ခေါ်မှုတွေ ကြုံတွေ့နေရသလဲဆိုတာ ကြည့်ရင် မိသားစုအတွင်းမှာလည်းကောင်း၊ ပညာသင်ကြားရေး ကိစ္စများမှာသော်လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှု စသည့်နယ်ပယ်တွေမှာပဲ ဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံ တော်တော်များမှာတော့ LGBTI များကို ဥပဒေပုဒ်မများနဲ့ ခွဲခြားထားတာ တွေ့ရပါတယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့ LGBTI Community များအနေဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ LGBTI လူငယ်တွေမှာ အတွေ့နည်းပေမယ့် လူ့အခွင့်အရေး ရသင့်တဲ့ LGBTI ကတော့ Intersex ကလေးတွေပဲ ဖြစ်ပါတယ်။

Intersex တွေရဲ့ အခွင့်အရေးခံစားနိုင်ဖို့အတွက်ဆိုရင် သူတို့ရဲ့ မိဘနဲ့ သူတို့ကို ကုသပေးမယ့် ဆေးပညာရှင်တွေကို Advocacy လုပ်ထားဖို့ လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ Intersex များဟာ မွေးကတည်းက ဖိုအင်္ဂါ၊ မအင်္ဂါပါ ပါလာပြီး အရွယ်ရောက်မှ သူ့ရဲ့ SOGI ကို အတိအကျ သိနိုင်မှာ ဖြစ်ပါတယ်။

Intersex တွေရဲ့ အခွင့်အရေး ခံစားနိုင်ဖို အတွက်ဆိုရင် သူတို့ရဲ့ မိဘနှင့် သူတို့ကို ကုသပေးမယ့် ဆေးပညာရှင်တွေကို Advocacy လုပ်ထားဘို့ လိုပါမယ်။ ဘာကြောင့်လဲဆိုတော့ Intersex များဟာ မွေးကတည်းက ဖိုအင်္ဂါ၊ မအင်္ဂါပါ ပါလာပြီး အရွယ်ရောက်မှ သူ့ရဲ့ SOGI ကို အတိအကျ သိနိုင်မှာ ဖြစ်ပါတယ်။

Intersex များ အရွယ်မရောက်မီ မိဘများက သူတို့ရဲ့ SOGI Content များကို မစဉ်းစားဘဲ Genital Repair Surgery လို့ ခေါ်တဲ့ ခွဲစိတ်ကုသမှု ခံယူစေလိုက်ခြင်းကြောင့် ၎င်းတို့ရဲ့ SOGI နဲ့ ဆန့်ကျင်ဘက်ဖြစ်သွားရင် တစ်သက်လုံး အမှားတစ်ခု ကျူးလွန်လိုက်သလို ဖြစ်သွားပါတယ်။

Intersex များ အရွယ်မရောက်မီ မိဘများက သူတို့ရဲ့ SOGI Content များကို မစဉ်းစားဘဲ Genital Repair Surgery လို့ ခေါ်တဲ့ ခွဲစိတ်ကုသမှု ခံယူစေလိုက်ခြင်းကြောင့် ၎င်းတို့ရဲ့ SOGI နဲ့ ဆန့်ကျင်ဘက်ဖြစ်သွားရင် တစ်သက်လုံး အမှားတစ်ခု ကျူးလွန်လိုက်သလို ဖြစ်သွားပါတယ်။ ဒါကြောင့် Intersex များရဲ့ မိဘများဟာ မိမိတို့ သားသမီးအရွယ်ရောက်ပြီး ကိုယ်တိုင် ဆုံးဖြတ်ပြီးမှ ခွဲစိတ်မှု ခံယူသင့်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။

LGBTI လူငယ်တွေအနေနဲ့ ပတ်သက်ရင် သူတို့ရဲ့ မိဘအသိုင်းအဝိုင်းက နားလည်မှုပေးနိုင်ဖို့ အထူးလိုအပ်ပါတယ်။ သူတို့မွေးထားတဲ့ သားသမီးစိတ်ဓာတ်ကို သူတို့ပဲ သိရှိပါတယ်။

Conversion Therapy, Corrective rape စသဖြင့် လိင်စိတ်ခံယူရန် မိဘဆွေမျိုးများက ကြိုးပမ်းတဲ့အခါ Stigmatization သိမ်ငယ်ခြင်း၊ Discrimination ခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်ပြီး အိမ်မှ ထွက်ပြေးခြင်း၊ မူးယစ်ဆေးစွဲခြင်းနဲ့ မိမိကိုယ်မိမိ သေကြောင်းကြံခြင်းဖြင့် အဆုံးသတ်ကြရပါတယ်။

ဒါကြောင့် ပြောရရင် LGBTIQ များလည်း လူသားများဖြစ်တဲ့အတွက် လူ့အခွင့်အရေးများကို တန်းတူညီမျှ ခံစားခွင့်ရရှိပြီး Homophobia, Transphobia တွေ ပပျောက်ပြီး Homophilia, Transphilia များ ဖြစ်လာရန် ဆန္ဒပြုလိုက်ပါတယ်။

နိဂုံးချုပ်အနေဖြင့် ပြောရရင် LGBTIQ များလဲ လူသားများဖြစ်တဲ့ အတွက် လူ့အခွင့်အရေးများကို တန်းတူညီမျှ ခံစားခွင့် ရရှိပြီး၊ Homphobia၊ Transphobia တွေ ပပျောက်ပြီး Homophilia, Transphilia များ ဖြစ်လာရန် ဆန္ဒပြုလိုက်ပါတယ်။

ဒေါက်တာဉာဏ်ဇော်

မှတ်ချက်။           ။ ဒေါက်တာဉာဏ်ဇော်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး LGBTIQ များအရေး တက်တက်ကြွကြွဖြင့် ပါဝင်လှုပ်ရှားလျက်ရှိသူတစ်ဦး ဖြစ်ပါတယ်။ ဒီမိန့်ခွန်းကို ၂၀၁၅ ခုနှစ်က ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ IDAHO ပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.