လိင်တူပေါင်းသင်းနေထိုင်မှု သည် သဘာဝလွန် မလွန်

သဘာဝလွန် လိင်တူပေါင်းသင်း နေထိုင်မှုလို့ ကျနော့်ကပ်လျက် Post ကို share ရာမှာ share သူ ပုဂ္ဂိုလ်တယောက်က သူ့အမြင်ကို ထည့်ရေးရင်းနဲ့ စကားလုံး အသုံးအနှုန်း သုံးထားတယ်။ ရုတ်တရက် သာမန်ကာလျှံကာ ဖတ်တဲ့ လူအများက ကျနော့် စကားလုံးနဲ့ သဘောလို့ မြင်သွားနိုင်တယ်။

ကျနော် အကြိမ်တစ်ရာမက ရှင်းပြပြီးပြီ။ လိင်တူချင်း ဆက်ဆံတယ်ဆိုတာ သဘာဝလွန်မဟုတ်ဘူး ဆိုတာကို..။ သက်ရှိ သတ္တဝါအတော်များများ၊ ငှက်တွေ၊ နို့တိုက် သတ္တဝါတစ်ချို့၊ ရေနေကုန်းနေမျိုးစုံမှာ တွေ့မြင်ရလေ့ရှိတဲ့ သဘာဝ လိင်မှုဆက်ဆံခြင်း အပြုအမူတစ်ခုပဲ။

ဟိုတနေ့က မိတ်ဆွေတယောက်နဲ့ အခြားနှစ်ယောက်လုံးသိတဲ့ ပုဂ္ဂိုလ်တစ်ယောက် (အမျိုးသား တစ်ယောက်) အကြောင်း စကားပြောတော့ အဲ့ဒီ မိတ်ဆွေက ညွှန်းဆိုတဲ့ တတိယပုဂ္ဂိုလ်ကို သူတော့ စိတ်ပျက်သွားတယ်..။ အခု သူက (တတိယ ပုဂ္ဂိုလ်က) ယောက်ျားကြီး ပေါ်တင်ယူထားတာဗျာလို့ ဆိုတယ်။ ကျနော်လည်း အကျယ်အကျယ် ဘာမှပြန်မပြောလိုက်ဘဲ တစ်ချိန်ချိန်တော့ ဒီအကြောင်းလေး ထပ်ရေးဦးမှဆိုပဲ တို့ထားလိုက်မိတယ်။ အခုတော့ ပထမပြောတဲ့ ကပ်လျက် Post ကို share ရာမှာ ပါတဲ့ စကားလုံး “သဘာဝလွန် လိင်တူပေါင်းသင်းနေထိုင်မှု” ဆိုတာကြောင့် နည်းနည်းရေးဖြစ်ပြီ။

ဒီနေရာမှာ အရွယ်ရောက်ပြီဆိုတဲ့ စကားက အရေးပါတယ်။ အရွယ်ရောက်ပြီး လူကြီးဖြစ်မှ ဘာကိစ္စမဆို သင့်၏၊ မသင့်၏၊ အကျိုး၊ အကြောင်း စီစစ်ဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ်၊ အသိဉာဏ်ပညာ ရှိတယ်လို့ ယေဘုယျ ဆိုနိုင်တယ်။

အမျိုးသားတစ်ယောက်က ယောက်ျားကြီးတစ်ယောက် ယူထားတော့ ဘာဖြစ်လဲ။ ဘယ်သူ့ကို ဘာထိခိုက်စေလဲ။ ကာယကံရှင်နှစ်ဦး ကျေနပ်နှစ်သက် သဘောတူရင် ကျနော်နဲ့ မပတ်သက်သလို ဘယ်သူနဲ့မှ မသက်ဆိုင်တဲ့ သူတို့ရဲ့ ပုဂ္ဂလိက အခွင့်အရေးနဲ့ လွတ်လပ်မှုသက်သက်ပဲ ဖြစ်တယ်။

သူတို့ဟာ သူတို့ရဲ့ ပုဂ္ဂလိကအကျင့်၊ စာရိတ္တ၊ လူမှုကျင့်ဝတ်၊ နိုင်ငံသား တာဝန်ဝတ္တရားကို မချိုးဖောက်သသမျှ သူဟာ လူ့အဖွဲ့အစည်းမှာ နှိမ်ချ၊ ပြစ်တင်ပစ်ပယ်ခြင်း၊ ဝေဖန်ခြင်း မလုပ်အပ်ဘူး။

ကပ်လျက် Post ပါ သဘော အိမ်ထောင်သားမွေးပြုမှုရဲ့ တစ်ကိုယ်ရေ လွတ်လပ်မှုသဘောနဲ့ တစ်ပါတည်း ဆက်စပ်တဲ့ လိင်ဆက်ဆံမှု သဘောမှာလည်း ပုဂ္ဂလိကဆန္ဒ၊ သဘောက အဓိကပဲ။

အရွယ်ရောက်ပြီး (လူကြီးဖြစ်ပြီး) လူတယောက် (ကျား/မ) ဟာ မိမိရဲ့ လိင်ဆန္ဒကို ဖြေဖျောက်ဖို့ရာမှာ လွတ်လပ်တဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့် အပြည့်အဝ ရှိတယ်။ အခြားအရွယ်ရောက်ပြီး လူတစ်ယောက် သဘောတူလျှင် ကျား (သို့) မ (သို့) နှစ်မျိုးစလုံးနဲ့ ကာယကံရှင်တို့ နှစ်ဦးသဘောတူ လွတ်လပ်စွာ နေထိုင်ပြုမှုနိုင်တယ်။ ဒါဟာ သူ့ရဲ့ ပုဂ္ဂလိကအခွင့်အရေး ဖြစ်တယ်။ ဒီအခွင့်အရေးကို ဘာသာ၊ လူမှု၊ ဘာထုံးတမ်းကမှ မတားဆီးနိုင်ဘူး။

ဒီနေရာမှာ အရွယ်ရောက်ပြီဆိုတဲ့ စကားက အရေးပါတယ်။ အရွယ်ရောက်ပြီး လူကြီးဖြစ်မှ ဘာကိစ္စမဆို သင့်၏၊ မသင့်၏၊ အကျိုး၊ အကြောင်း စီစစ်ဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ်၊ အသိဉာဏ်ပညာ ရှိတယ်လို့ ယေဘုယျ ဆိုနိုင်တယ်။ ဒီလိုရှိမှ ကာယကံရှင် နှစ်ဦးဟာ ရွေချယ်တဲ့ လိင်ဆက်ဆံမှုကို သဘောတူ၊ ဆန္ဒရှိကြောင်းလည်း ဆုံးဖြတ်နိုင်၊ ဖော်ပြနိုင်တယ်။ ဒီလို ဆင်ခြင်နိုင်မှု၊ တွေးခေါ်နိုင်မှုနဲ့ သဘောတူ (အလိုတူ) ကြောင်း ဖော်ပြနိုင်မှုရှိရင် ကာယကံရှင်နှစ်ဦးရဲ့ လိင်ဆက်ဆံ နေထိုင်မှုသဘောကို ဘာသာတရား၊ လူမှုထုံးတမ်း ဘယ်အရာကမှ မတားမြစ်နိုင်ဘူး။ လူ့ကျင့်ဝတ်၊ လူ့သိက္ခာကို ချိုးဖောက်ခြင်းမျိုးလည်း မဟုတ်ဘူး။

ဗမာပြည်မှာလည်း ဘာထူးလဲ။ မယားအများကြီး ယူတာမကြိုက်ရင် ဥပဒေအရ Polygyny (မယားပြိုင်) ကျ ခွင့်ပြုထားပြီး Polyandry (လင်ပြိုင်) သာ ကန့်သတ်ထားတဲ့ အမျိုးသမီးအခွင့်အရေးနဲ့ သိက္ခာကို ဖိနှိပ်ထိပါးနေမှုကို အရင်ပြင်ပါဆိုတော့ ဘယ်သူမှ ထိထိရောက် မလုပ်ဘူးမလား။

ဒီလို ဆင်ခြင်နိုင်မှု၊ တွေးခေါ်နိုင်မှုနဲ့ သဘောတူ (အလိုတူ) ကြောင်း ဖော်ပြနိုင်မှုမရှိတဲ့ အရွယ်မရောက်သေးတဲ့ ကလေး သူငယ် (လိင်တူတူ၊ လိင်မတူတူ) နဲ့ တိရစ္ဆာန်တွေကိုသာ လူတစ်ယောက်က မိမိ လိင်ဆန္ဒအတွက် အသုံးချ ဖြေဖျော်ခွင့် မရှိတာ။ ဒါကမှ လူ့ကျင့်ဝတ်၊ လူ့သိက္ခာ ချိုးဖောက်ပြီး လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက်ဖြစ် အန္တရာယ်ရှိစေတာ။

အခု ကမ္ဘာ့လူ့အဖွဲ့အစည်းတွေမှာ လွတ်လပ်လှပါချည်းရဲ့ဆိုတဲ့ အမေရိကားလို အသိုင်းအဝန်းမှာတောင် လိင်တူ ဆက်ဆံသူကို ကဲ့ရဲ့ချင်တယ်။ ဒါပေမယ့် တိရစ္ဆာန်နဲ့ လိင်ဆက်ဆံတာကိုကျ ဥပဒေအရ တရားဝင်ထုတ် တားမြစ်ဖို့ ပျက်ကွက်တာတွေ တစ်ချို့နေရာတွေမှာ ရှိတယ်။

ဗမာပြည်မှာလည်း ဘာထူးလဲ။ မယားအများကြီး ယူတာမကြိုက်ရင် ဥပဒေအရ Polygyny (မယားပြိုင်) ကျ ခွင့်ပြုထားပြီး Polyandry (လင်ပြိုင်) သာ ကန့်သတ်ထားတဲ့ အမျိုးသမီးအခွင့်အရေးနဲ့ သိက္ခာကို ဖိနှိပ်ထိပါးနေမှုကို အရင်ပြင်ပါဆိုတော့ ဘယ်သူမှ ထိထိရောက် မလုပ်ဘူးမလား။

ဘယ်အကြောင်းရာမဆို လိင်မကွဲ၊ လူမျိုးမကွဲ၊ ဘာသာမကွဲ လူ့သိက္ခာ၊ လူ့ကျင့်ဝတ်၊ ယဉ်ကျေးပြီး လူပီသတဲ့ လူ့စံနှုန်း၊ လူသားတန်ဖိုးနဲ့ လူသားတယောက်ရဲ့ မွေးရာပါ ရွေးချယ်ခွင့် လွတ်လပ်မှု သဘောနဲ့ အခွင့်အရေးကသာ အခရာ ဖြစ်တယ်။ ဒါတွေကို ချိုးဖောက်ခြင်းကသာ လူ့အဖွဲ့အစည်းကို ဖျားနာစေတယ်။ လူ့အဖွဲ့အစည်းကို ပြဿနာတွေ၊ အကျပ်အတည်းတွေ၊ ပဋိပက္ခတွေ ထူပြောစေတယ်။ ဒီလိုနဲ့ လူ့အဖွဲ့အစည်းရဲ့ တိုးတက်ဖြစ်ထွန်းမှုကို ဆုတ်ယုတ်စေပြီး အရာရာ အောက်တန်း၊ နောက်တန်း ကျစေတယ်။ ကမ္ဘာအနှံ့ကို ကြည့်ပါ။ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေး ကို အလေးမထားဘဲ ဘာသာ၊ လူမျိုး အကြောင်းပြချက်နဲ့ တင်းကျပ်ပြင်းထန်နေတဲ့ လူ့အဖွဲ့အစည်းတွေမှာ အမျိုးအဖုံဖုံ ဖြစ်နေတဲ့ ဒုက္ခ၊ သုက္ခတွေ၊ လူမှု မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေ..။ မိမိ လူ့အဖွဲ့အစည်းမှာလည်း ခံစားနေရတာ မျက်မြင်ပဲ။

မယောက်ရာ ဆီလူရင်း တကယ် လူ့အဖွဲ့အစည်းမှာ အနာတရ ဒဏ်ရာ ဖြစ်တယ်ဆိုတာကို နှလုံးသွင်း ဆင်ခြင်ရပါ့မယ်။

ဆိုတော့… နိဂုံးချုပ်ရရင် လိင်တူခြင်း၊ မတူခြင်း၊ ဘာသာတူခြင်း၊ မတူခြင်း၊ လူမျိုးတူခြင်း၊ မတူခြင်းက အရွယ်ရောက်ပြီး လူနှစ်ဦးရဲ့ ပုဂ္ဂလိက အခွင့်အရေး ကို ဘယ်လိုမှ မတားဆီးနိုင်သလို အဆိုပါ လူနှစ်ဦးရဲ့ ရွေးချယ်မှု တစ်ကိုယ်ရေ လွတ်လပ်ခွင့် သဘောကလည်း လူ့အဖွဲ့အစည်းကို ဘယ်လိုမှ အကျိုးသက်ရောက်မှု (ကောင်းကျိုး၊ ဆိုးကျိုး နှစ်ခုစလုံး) မဖြစ်စေ၊ မရှိစေပါ။

ငြိမ်းချမ်းအေး
၁၄ ၊ ဇွန် ၊ ၂၀၁၃

မှတ်ချက်။ ။ ငြိမ်းချမ်းအေ၏ Facebook စာမျက်တွင် LGBT တွေအပေါ် ခွဲခြားမှုနဲ့ ပတ်သက်၍ ၎င်း၏ သဘောထားအား ရေးသားထားသည်ကို ပြန်လည်မျှဝေဖော်ပြခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.