မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအတွင်းမှာ သက်တန့်လေးတွေနဲ့ သူတို့အစီအစဉ်….
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာလအတွင်းမှာ သက်တန့်လေးတွေ ဘာလုပ်ကြမလဲ။ LGBT အသိုင်းအဝိုင်းအတွင်းက နာမည်ကြီး LGBT Cele တစ်ချို့ရဲ့ သင်္ကြန်ကာလ အစီအစဉ်လေးတွေကို မေးမြန်းထားပါတယ်။ သူတို့လေးတွေကတော့……
မေသဇင်မောင်
(အဆိုတော်၊ Melody World 2015, season 9)
“ဒီနှစ်သင်္ကြန်မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ သီချင်းဆိုဖို့ ချိတ်ထားတာတော့ ရှိတယ်။ ဒါပေမဲ့ သင်္ကြန်မှာ နှစ်တိုင်း တရားစခန်းဝင်တာ ရှစ်တန်းနှစ်ကတည်းကဆိုတော့ ဒီနှစ်တော့ သီလရှင်ဝတ်ဖြစ်ဖို့လည်း များတယ်။ သင်္ကြန်မှာ သီချင်းဆိုလေ့မရှိပါဘူး။ ပြီးတော့ season 9 အခွေလေးလည်း လတ်တလောမှာ ထွက်ထားတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Tomboy တယောက်ပါ။ ဒါကလည်း ကိုယ်ကြိုက်တဲ့ lifestyle ထဲ နေကြတာပဲလေ။ အခုလက်ရှိ ကျွန်တော့် professional အလုပ်ဖြစ်တဲ့ Engineer လည်း လုပ်နေရတော့ သီချင်းဘက်ကို သိပ်မလှည့်နိုင်ဘူး ဖြစ်နေတာ”
စူးရှရှင်းသန့်
(မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု မြန်မာနိုင်ငံလူငယ်မူဝါဒ မဟာဗျုဟာရေးဆွဲရေး၊ ပြည်ထောင်စုအဆင့် လူငယ်ရေးရာကော်မတီဝင်)
“ဒီနှစ်တော့ တောသင်္ကြန်မှာ ကပြဖျော်ဖြေဖို့ရှိမယ်။ မန္တလေး လမ်းလျှောက်သင်္ကြန်မှာလည်း ပျော်ပျော်ရွှင်ရွှင် မနှစ်ကလို ချီတက်ဖို့ရှိတယ်။ အစိုးရခွင့်ပြုချက်တွေ ဘာတွေ မလုပ်ပါဘူး။ ကိုယ့်ဖာသာလျှောက်ကြတာလေ။ သီးခြားကတော့ သင်္ကြန်က အမျိုးသမီးသံချပ်တွေမှာ ပါဝင်ဖို့ရှိတယ်။ ပြိုင်ပွဲတွေမှာပေါ့”
ဆုဝေလှိုင် (Honey)
Honey & Z printing Services
ကျွန်မကတော့ သင်္ကြန် (၅) ရက်လုံး Practical English Club အဖွဲ့နဲ့ ပြည်မြို့ တစ်ဖက်ကမ်း ပန်းတောင်းကျေးရွာမှာ ၈၊ ၉၊ ၁ဝတန်း ကျောင်းသား၊ ကျောင်းသူတွေကို English စာရယ် ၊ လူလူခြင်း ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာအချက်အလက်တွေရယ်၊ SOGIE အခြေခံရယ် (၅) ရက်တာ သင်တန်းသွားပေးပါ့မယ်။ ဒီလို သွားသင်ပေးတာက ပထမဦးဆုံးအကြိမ်ပေါ့နော်။ သွားတာကတော့ ကိုယ့်စရိတ်နဲ့ကိုယ်ပါပဲ။ ဒီအဖွဲ့မှာ LGBT တွေလည်း ရှိပါတယ်။
Gucci Aung
(မိတ်ကပ်ပညာရှင်-ရန်ကုန်)
ဒီနှစ်သင်္ကြန်မှာ Gucci ကတော့ သင်္ကြန်မတိုင်ခင် (၈) ရက်နေ့ မန္တလေး ဆင်းမယ်။ ၈၊ ၉၊ ၁၀၊ ၁၁ ကတော့ မန်းလေးမှာ။ သူငယ်ချင်းဆီမှာ တချို့ဆံပင်လုပ်တာလေးတွေ ပြန်လေ့လာမလို့လေ။ သူ ဘန်ကောက်က သင်လာတဲ့ ဆံပင်နည်းပညာလေးတွေ သွားလေ့လာမလို့။ သင်္ကြန်တွင်း ဒီနှစ်ကတော့ ရန်ကုန်မှာပဲ ကဲဖြစ်မယ် ထင်တယ်။ ပိုပိုက သင်္ကြန်မှာ မဏ္ဍပ်ရှိတယ်ဆိုတော့ လိမ်းဖြစ်မလား မသိသေးဘူး။
ဒေါင်းဒေါင်း
(ရတနာပုံခေတ် နန်းတွင်းဓလေ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ ပြန်လည်ဖော်ထုတ်သူ- မန္တလေး)
ဒီနှစ်လည်း မန္တလေးမှာ လမ်းလျှောက်သင်္ကြန် လုပ်ဖြစ်တယ်။ မန္တလေးမဟာသင်္ကြန်ပွဲတော်မှာ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်း ပြန်လည်ဖော်ထုတ်ရေး ရတနာပုံခေတ် နန်းဓလေ့ ဝင်းခင်းအခမ်းအနားနဲ့ နန်းဓလေ့ သင်္ကြန်ပွဲတော်အခမ်းအနားတွေကို ဖော်ထုတ်ထိန်းသိမ်းလုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။သင်္ကြန်တွင်းမှာ ကျွန်မရဲ့ Life ကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့လည်း ရှိတယ်။
ကြယ်စင်လင်း
တင်ဆက်သည်