LGBT လူငယ်အချင်းချင်းကြား သတင်းအချက်အလက်တွေကို ဖလှယ်နိုင်မယ့် စကားဝိုင်းကို တစ်လတစ်ကြိမ်ပြုလုပ်သွားမယ်

LGBT လူငယ်တွေကြားမှာ စည်းလုံးညီညွတ်ဖို့နဲ့ သတင်းအချက်အလက်တွေကို ဖလှယ်နိုင်မယ့် LGBT စကားဝိုင်းတွေကို တစ်လတစ်ကြိမ် ပုံမှန်ပြုလုပ်သွားဖို့ ရှိတယ်လို့ LGBT Empowerment in Myanmar အဖွဲ့က ပြောပါတယ်။ 

“အဓိကကတော့ LGBT လူငယ်တွေအတွက် ဒီပွဲလေးကနေပြီး ဗဟုသုတ ရရှိစေချင်တယ်။ တစ်လတစ်ကြိမ် လုပ်သွားမယ်။ ရည်ရွယ်ချက်ကတော့ လစဉ်တွေ့ဆုံခြင်းအားဖြင့် LGBT အချင်းချင်းကြားမှာ စည်းလုံးမှုတွေ ရမယ်။ တစ်လနဲ့တစ်လ အကြောင်းအရာက မတူဘူးပေ့ါ။တခြားသက်ဆိုင်ရာ ဆရာ၊ ဆရာမတွေကိုလည်း ဖိတ်ခေါ်သွားဖို့ရှိတယ်” လို့ LGBT Empowerment Groupမှ အဖွဲ့ဝင် ကိုရဲလင်းထက်က ပြောပါတယ်။

အဆိုပါ အဖွဲ့ရဲ့ ပထမဦးဆုံး LGBT လူငယ်စကားဝိုင်းကို ဇွန်လ (၃)ရက်က သမိုင်းလမ်းဆုံမှာရှိတဲ့ Medecins du Monde – Myanmar Mission (MdM) ရုံးမှာ ပြုလုပ်ခဲ့ပြီး Safe Sex (လုံခြုံတဲ့ လိင်မှုဆက်ဆံမှု) ခေါင်းစဉ်နဲ့ အသိပညာပေး ဆွေးနွေးသွားခဲ့ကြပါတယ်။

“ဒီစကားဝိုင်းလေးကို Facebook က ကြေညာတော့ ဘယ်ပွဲဖြစ်ဖြစ် ကိုယ်ကလည်း LGBT ဆိုတော့ ပါဝင်အားဖြည့်ရမယ်ဆိုပြီး သွားတာပေါ့။ ဟိုရောက်တော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာတွေ အများကြီးရတယ်။ ဥပမာ-ကာလသားရောဂါနဲ့ ပတ်သက်တာတို့ ၊ sexနဲ့ ပတ်သက်ရင် ဘယ်လို ထိန်းသိမ်းရမှာတို့။ ပွဲမှာ Game တွေ ဆော့ကြတယ်။ အကုန်လုံး ချေမိုးနေတာ မရှိဘူး။ နောက်လတွေ လုပ်တိုင်းတက်ဖြစ်မယ်” လို့ အဆိုပါ LGBT စကားဝိုင်းသို့ တက်ရောက်ခဲ့သူ ထောက်ကြံ့မြို့ နယ်မှ ကိုဝေယံက ပြောပါတယ်။

LGBT Empowerment in Myanmar အဖွဲ့ကို လူငယ်အဖွဲ့ဝင်(၅)ဦးနဲ့ မတ်လမှာ ဖွဲ့စည်းထားကာ အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ အဆိုပါစကားဝိုင်းကို ပြုလုပ်ခဲ့တာဖြစ်ပြီး LGBT လူငယ်(၃၅)ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

One thought on “LGBT လူငယ်အချင်းချင်းကြား သတင်းအချက်အလက်တွေကို ဖလှယ်နိုင်မယ့် စကားဝိုင်းကို တစ်လတစ်ကြိမ်ပြုလုပ်သွားမယ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.