A Simple Love Story မှတ်တမ်းရုပ်ရှင်ကို လန်ဒန်နဲ့ အစ္စရေး Film Festival မှာ ပြသသွားရန် ရွေးချယ်ခံရ

ယခုနှစ် လန်ဒန်နဲ့ အစ္စရေးနိုင်ငံရှိ ရုပ်ရှင်ပွဲတော်တွေမှာ A Simple Love Story မှတ်တမ်း ရုပ်ရှင်ဇာတ်ကားကို ပြသသွားရန် ရွေးချယ်ခံရပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဇူလှိုင် (၁၅)ရက်မှ (၁၈)ရက်အထိ လန်ဒန်မှာ ကျင်းပမယ့် ‘Queer’ Asia Film Festival နဲ့ ဇွန်လ (၅)ရက်မှ (၁၅)ရက်အထိ ကျင်းပမယ့် အစ္စရေးနိုင်ငံရဲ့ (၁၄)ကြိမ်မြောက် Tel Aviv International LGBT Film Festival ပွဲတွေမှာ ပြသသွားမှာ ဖြစ်ပါတယ်။

“ဒီကားက အဓိက လူလူခြင်း ချစ်တာပဲ။ ဘာမှ Gender တွေ စည်းတွေ ဘာမှမရှိဘူး။ ဘာကြီးကို ရည်ရွယ်ပြီး ရိုက်တယ်လို့တော့ မဟုတ်ဘူး။ ပြသခွင့်ရတဲ့အပေါ် ဝမ်းသာပါတယ်။ ဒီကားက အစ်မတစ်ယောက်တည်း ကြိုးစားလို့၊ ကောင်းလို့ ရခဲ့တဲ့ကား မဟုတ်ပါဘူး။ ဒီကားက နိုင်ငံတကာ ပတ်နေတာပဲ ဖြစ်ဖြစ် မြန်မာပြည်မှာ ပတ်နေတာပဲ ဖြစ်ဖြစ် အများကြည့်ရှု့တဲ့အခါ တစ်ခုခုရသွားတာက အစ်မအတွက် အောင်မြင်မှုပါ။ ဒီအောင်မြင်မှုကလည်း အစ်မတစ်ယောက်တည်း အောင်မြင်မှုလို့ မမှတ်ပါဘူး”လို့ ဒါရိုက်တာ Can Dal က ပြောပါတယ်။

အဆိုပါ မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ နှင်းပပစိုး(Can Dal) က ၂၀၁၇ခုနှစ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်မှာ The Best Documentary Award ဆုကို ရရှိထားခဲ့ပါတယ်။

A Simple Love Story မှတ်တမ်းရုပ်ရှင်ကို ၂၀၁၇ခုနှစ်က ဝဿန်ရုပ်ရှင်ပွဲတော်၊ ထိုင်းမှာ ကျင်းပတဲ့ Mini ဝဿန်ပွဲတော်၊ ၂၀၁၈ခုနှစ် &PROUD ပွဲတော်နဲ့ ၂၀၁၈ခုနှစ် အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ Bangalore Queer Film Festival မှာလည်း ပြသခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.